ဒေါ်လာဈေးအတက်အကျမများရန် ဈေးကွက်ဝင်ထိန်းခြင်းကိုသာလုပ်ဆောင်နေသည်ဟု ဗဟိုဘဏ်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
3340 Views

ဒေါ်လာဈေးအတက်အကျမများရန် ဈေးကွက်ဝင်ထိန်းခြင်းကိုသာလုပ်ဆောင်နေသည်ဟု ဗဟိုဘဏ်ထုတ်ပြန်

[Unicode]

ဗဟိုဘဏ်ကလေလံ စနစ်ဖြင့် ဒေါ်လာများ ဝယ်ယူ၊ ရောင်းချနေခြင်းသည် အချိန်တိုတွင်းဒေါ်လာ အတက်အကျမများ စေရန်နှင့် နိုင်ငံခြားသုံး၊ရန်ပုံငွေကို ဖြည့်တင်းရန် အတွက်သာဖြစ် သည်ဟု ဗဟိုဘဏ်က ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဆောင်ရွက်ခြင်း သည် ငွေလဲနှုန်းတစ်ရပ်အတွက် ဈေးနှုန်းရှိစေရန်သာ ဖြစ်ပြီး မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက် စေရန် (သို့မဟုတ်) ကျဆင်းစေ ရန်မဟုတ်ကြောင်း ထုတ်ပြန်သည်။

ဗဟိုဘဏ်သည် မြန်မာကျပ် ငွေတန်ဖိုး သတ်မှတ်နှုန်းထက်ကျ ဆင်းပါက ဒေါ်လာကိုဈေးပြိုင် လေလံစနစ်ဖြင့် ရောင်းချပြီး မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အခါ ဒေါ်လာကိုဈေး ပြိုင်စနစ်ဖြင့် ဝယ်ယူသည်။

နိုင်ငံခြားသုံးရန်ပုံငွေကို ဖြည့်တင်းရာတွင် ကျပ်ငွေတန်ဖိုး မြင့်တက်လာသည့်အခါ လေလံစနစ်ဖြင့် ဈေးကွက်အတွင်းမှဖြည့် တင်းသည်ဟု ဗဟိုဘဏ်ကဆိုသည်။

‘‘ဗဟိုဘဏ်က ဒေါ်လာဈေး အတက်၊ အကျ မကြမ်းအောင် ထိန်းရမှာသူ့တာဝန်ပဲလေ။ သူမ ထိန်းရင် မဖြစ်သင့်တဲ့နှုန်းတွေ ရောက်သွားရင် စီးပွားရေးလုပ်လို့ ကိုင်လို့ရမှာ မဟုတ်တော့ဘူး’’ဟု ငွေလဲလုပ်ငန်း ဆောင်ရွက်နေသည့် ကိုဇော်လင်းထက်ကပြော သည်။

ကိုဗစ်ကာလအတွင်းမြန်မာ ကျပ်ငွေ တန်ဖိုးမြင့်တက်လာပြီး ဒေါ်လာဈေး ကျဆင်းလာခြင်း ကြောင့် ဗဟိုဘဏ်က ဈေးကွက် အတွင်းမှ ဒေါ်လာများကို ဝယ်ယူနေခြင်းဖြစ်သည်။

ကိုဗစ်ကာလ ဇန်နဝါရီ ၁ ရက်မှဇူလိုင်လလယ်အထိ ပြည် တွင်းငွေလဲနှုန်းသည် တစ်ဒေါ်လာ လျှင် ကျပ် ၁၀၀ ကျော်နှုန်းကျဆင်း ခဲ့ပြီး ၂ နှစ်ကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းဖြစ်လာသည်။

ဒေါ်လာဈေး တစ်ရှိန်ထိုးကျဆင်းမှုကို ကုစားရန် ဗဟိုဘဏ်က ခြောက်လကျော်အတွင်း ပြင်ပ ဈေးကွက်မှ ဒေါ်လာသန်း ၁၆၀ ကျော်ဝယ်ယူခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ငွေလဲလှယ်သည့် နှုန်းထားကလည်း ယခုနှစ် ခြောက်လအတွင်း သိသာစွာ ကျဆင်းနေသည်ဟု ပြည်တွင်း ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ပြောသည်။ ဒေါ်လာငွေကြေးသာမက အခြားနိုင်ငံတကာငွေကြေးများ လည်း တန်ဖိုးကျဆင်းပြီး မြန်မာ ကျပ်တန်ဖိုး ပြန်လည်မြင့်တက် လာခြင်းဖြစ်သည်။ နှစ်စဉ် မိုးရာသီတွင် ပို့ကုန် ပိတ်၍ သွင်းကုန်များသောကြောင့် ဒေါ်လာဈေးမြင့်တက်လေ့ရှိသော် လည်း လက်ရှိ ၂၀၂၀ သည် ကိုဗစ်ကပ်ရောဂါကြောင့် ဒေါ်လာဈေးများ ကျဆင်းနေခြင်းဖြစ်သည်။

လက်ရှိ အစိုးရသက်တမ်း တွင် ၂၀၁၆ စက်တင်ဘာကစတင်ပြီး တစ်ဒေါ်လာ ကျပ် ၁,၂၀၀ မှ ကျပ် ၁,၆၀၀ ထိ မြင့်တက်ခဲ့ သည်။ နောက်ပိုင်းနှစ်များတွင် ကိုဗစ်ကာလမတိုင်ခင်အထိ တစ်ဒေါ်လာလျှင် ကျပ် ၁,၅၀၀ ဝန်းကျင်တွင် တည်ငြိမ်နေခြင်းဖြစ် သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဒၚလာေဈးအတက္အက်မမ်ားရန္ ေဈးကြက္ဝင္ထိန္းျခင္းကိုသာလုပ္ေဆာင္ေနသည္ဟု ဗဟိုဘဏ္ထုတ္ျပန္

ဗဟိုဘဏ္ကေလလံ စနစ္ျဖင့္ ေဒၚလာမ်ား ဝယ္ယူ၊ ေရာင္းခ်ေနျခင္းသည္ အခ်ိန္တိုတြင္းေဒၚလာ အတက္အက်မမ်ားေစရန္ႏွင့္ ႏိုင္ငံျခားသုံး၊ရန္ပုံေငြကို ျဖည့္တင္းရန္ အတြက္သာျဖစ္သည္ဟု ဗဟိုဘဏ္က ဇူလိုင္ ၂၄ ရက္တြင္ သတင္းထုတ္ျပန္သည္။

ဗဟိုဘဏ္က ႏိုင္ငံျခားေငြ ေဈးၿပိဳင္ေလလံေဆာင္႐ြက္ျခင္းသည္ ေငြလဲႏႈန္းတစ္ရပ္အတြက္ ေဈးႏႈန္း႐ွိေစရန္သာ ျဖစ္ၿပီး ျမန္မာက်ပ္ေငြတန္ဖိုးျမင့္တက္ေစရန္ (သို႔မဟုတ္) က်ဆင္းေစ ရန္မဟုတ္ေၾကာင္း ထုတ္ျပန္သည္။

ဗဟိုဘဏ္သည္ ျမန္မာက်ပ္ ေငြတန္ဖိုး သတ္မွတ္ႏႈန္းထက္က်ဆင္းပါက ေဒၚလာကိုေဈးၿပိဳင္ ေလလံစနစ္ျဖင့္ ေရာင္းခ်ၿပီး ျမန္မာက်ပ္ေငြတန္ဖိုး ျမင့္တက္လာသည့္အခါ ေဒၚလာကိုေဈး ၿပိဳင္စနစ္ျဖင့္ ဝယ္ယူသည္။

ႏိုင္ငံျခားသုံးရန္ပုံေငြကို ျဖည့္တင္းရာတြင္ က်ပ္ေငြတန္ဖိုး ျမင့္တက္လာသည့္အခါ ေလလံစနစ္ျဖင့္ ေဈးကြက္အတြင္းမွျဖည့္တင္းသည္ဟု ဗဟိုဘဏ္ကဆိုသည္။

‘‘ဗဟိုဘဏ္က ေဒၚလာေဈး အတက္၊ အက် မၾကမ္းေအာင္ ထိန္းရမွာသူ႕တာဝန္ပဲေလ။ သူမ ထိန္းရင္ မျဖစ္သင့္တဲ့ႏႈန္းေတြ ေရာက္သြားရင္ စီးပြားေရးလုပ္လို႔ ကိုင္လို႔ရမွာ မဟုတ္ေတာ့ဘူး’’ဟု ေငြလဲလုပ္ငန္း ေဆာင္႐ြက္ေနသည့္ ကိုေဇာ္လင္းထက္ကေျပာသည္။

ကိုဗစ္ကာလအတြင္းျမန္မာ က်ပ္ေငြ တန္ဖိုးျမင့္တက္လာၿပီး ေဒၚလာေဈး က်ဆင္းလာျခင္း ေၾကာင့္ ဗဟိုဘဏ္က ေဈးကြက္အတြင္းမွ ေဒၚလာမ်ားကို ဝယ္ယူေနျခင္းျဖစ္သည္။

ကိုဗစ္ကာလ ဇန္နဝါရီ ၁ ရက္မွဇူလိုင္လလယ္အထိ ျပည္ တြင္းေငြလဲႏႈန္းသည္ တစ္ေဒၚလာ လွ်င္ က်ပ္ ၁၀၀ ေက်ာ္ႏႈန္းက်ဆင္းခဲ့ၿပီး ၂ ႏွစ္ေက်ာ္အတြင္း အနိမ့္ဆုံးေငြလဲႏႈန္းျဖစ္လာသည္။

ေဒၚလာေဈး တစ္႐ွိန္ထိုးက်ဆင္းမႈကို ကုစားရန္ ဗဟိုဘဏ္က ေျခာက္လေက်ာ္အတြင္း ျပင္ပ ေဈးကြက္မွ ေဒၚလာသန္း ၁၆၀ ေက်ာ္ဝယ္ယူခဲ့သည္။

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခား ေငြလဲလွယ္သည့္ ႏႈန္းထားကလည္း ယခုႏွစ္ ေျခာက္လအတြင္း သိသာစြာ က်ဆင္းေနသည္ဟု ျပည္တြင္း ပုဂၢလိကဘဏ္ လုပ္ငန္း႐ွင္မ်ားက ေျပာသည္။ ေဒၚလာေငြေၾကးသာမက အျခားႏိုင္ငံတကာေငြေၾကးမ်ားလည္း တန္ဖိုးက်ဆင္းၿပီး ျမန္မာ က်ပ္တန္ဖိုး ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။ ႏွစ္စဥ္ မိုးရာသီတြင္ ပို႔ကုန္ပိတ္၍ သြင္းကုန္မ်ားေသာေၾကာင့္ ေဒၚလာေဈးျမင့္တက္ေလ့႐ွိေသာ္လည္း လက္႐ွိ ၂၀၂၀ သည္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေဒၚလာေဈးမ်ား က်ဆင္းေနျခင္းျဖစ္သည္။

လက္႐ွိ အစိုးရသက္တမ္း တြင္ ၂၀၁၆ စက္တင္ဘာကစတင္ၿပီး တစ္ေဒၚလာ က်ပ္ ၁,၂၀၀ မွ က်ပ္ ၁,၆၀၀ ထိ ျမင့္တက္ခဲ့သည္။ ေနာက္ပိုင္းႏွစ္မ်ားတြင္ ကိုဗစ္ကာလမတိုင္ခင္အထိ တစ္ေဒၚလာလွ်င္ က်ပ္ ၁,၅၀၀ ဝန္းက်င္တြင္ တည္ၿငိမ္ေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service