စတုတ္ထအကြိမ်အဖြစ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက် ၂၁ လုံးမှ တိုက်ခန်းပေါင်း ၅၀၀ ကျော် ထပ်မံရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
920 Views

စတုတ္ထအကြိမ်အဖြစ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက် ၂၁ လုံးမှ တိုက်ခန်းပေါင်း ၅၀၀ ကျော် ထပ်မံရောင်းချမည်

[Unicode]

စတုတ္ထအကြိမ်အဖြစ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းမှ တိုက် ၂၁ လုံးမှ တိုက်ခန်းပေါင်း ၅၀၀ ကျော် ထပ်မံရောင်းချမည်ဖြစ် ကြောင်းသိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကုမ္ပဏီ ဝန်ထမ်းများနှင့် ပြည်သူများအား နေထိုင်ရေး အဆင်ပြေ စေရန်အတွက် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်ထားခြင်းဖြစ်သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား ၂၀၁၆ ခုနှစ်က အကောင်အထည်ဖော်ခဲ့ ပြီး တိုက် ၂၈ လုံးမှ တိုက်ခန်းများကို ၂၀၁၈ ခုနှစ်က ပထမအကြိမ်အဖြစ်လည်းကောင်း၊ တိုက် ၁၉ လုံးမှတိုက်ခန်းများကို ၂၀၁၉ ခုနှစ်က ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊တိုက် ၂၁ လုံးတို့မှ တိုက်ခန်းများကို တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ဇွန်လက လည်းကောင်း ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ တိုက် ၂၁ လုံးကို ဆက်လက်တည်ဆောက်ပြီးစီး၍ ယခုနှစ်အတွင်း စတုတ္ထအကြိမ်အဖြစ် ရောင်းချ နိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

ယခင်ကတိုက်ခန်းဈေးနှုန်များမှာ မြေညီထပ် တစ်ခန်းလျှင် ငွေကျပ် ၂၈၈ ဒသမ ၄ သိန်း၊ ပထမထပ် တစ်ခန်းလျှင် ငွေကျပ် ၂၅၇ ဒသမ ၅ သိန်း၊ ဒုတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၂၃၁ ဒသမ ၇၅ သိန်း၊ တတိယထပ် တစ်ခန်းလျှင် ငွေကျပ် ၂၁၁ ဒသမ ၁၅ သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် ငွေကျပ် ၁၉၅ ဒသမ ၇ သိန်းနှင့် အပေါ်ဆုံးထပ် တစ်ခန်းလျှင် ငွေကျပ် ၁၈၀ ဒသမ ၂၅ သိန်းဖြစ်ပြီး တိုက်ခန်းအကျယ်မှာ ၆၆၁ စတုရန်းပေ အကျယ်အဝန်းရှိကြောင်းသိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service