မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်မှာရှိ မြေ ၈ ဧက အကျယ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်း လာမည့်အောက်တိုဘာလတွင်ပြီးစီးတော့မည် ဖြစ်ကြောင်းသိရ - Property News in Myanmar from iMyanmarHouse.com
1001 Views

မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်မှာရှိ မြေ ၈ ဧက အကျယ်တွင် အဝေးပြေးယာဉ်ရပ်နားစခန်း လာမည့်အောက်တိုဘာလတွင်ပြီးစီးတော့မည် ဖြစ်ကြောင်းသိရ

[Unicode]

မုံရွာအဝေးပြေးယာဉ်ရပ်နားစခန်းကို မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်ရှိ မြေ ၈ ဧကအကျယ်တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီယာဉ် ရပ်နားစခန်းတစ်ခုကို ၂၀၁၈ ခုနှစ်ကစပြီး တည်ဆောက်ခဲ့ရာ လာမည့်အောက်တိုဘာလတွင် ပြီးစီတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။

အဆိုပါ ယာဉ်ရပ်နား စခန်းတွင် အဝေးပြေးယာဉ်လိုင်း ၃၀ အတွက် ဂိတ်နေရာ ၃၀၊ စားသောက်ဆိုင်များအတွက် ဆိုင်ခန်း ၁၆ ခန်း၊ ကား ရပ်နားစခန်း တစ်ခု၊ မြို့တွင်းပြေးဆွဲနေသည့် တက်စီ ၁၅ စီး တစ်ပြိုင်တည်း ရပ်နားနိုင်မည့် နေရာတစ်ခု၊ ဆိုင်ကယ် ၂၅ စီး ရပ်နားနိုင်မည့် နေရာတစ်ခုနှင့် သတ်မှတ်အရေ အတွက်အတိုင်း ကားကြီးများ ညအိပ်ရပ်နားရန် နေရာ တစ်ခု၊ ရေချိုးခန်းပါ အများသုံး သန့်စင်ခန်းနှင့် ရေချိုးခန်း မပါသော အများသုံးသန့်စင်ခန်းများ စသည့် အဆောက် အအုံများ ပါဝင်ပြီး ကားဝင်းအတွင်း ယာဉ်ပိတ်ဆို့မှုများ မရှိစေရန် အကျယ် ၃၈ ပေရှိ ယာဉ်အဝင်လမ်းနှင့် အထွက် လမ်းများ၊ ကားဝင်းအတွင်း ပေ ၈၀၊ ပေ ၁၀၀ အကျယ်ရှိ ယာဉ်ရပ်နားရန် နေရာများ လည်း ပါဝင်ကြောင်း သိရသည်။

မုံရွာမြို့တွင် လက်ရှိ အသုံးပြုနေသည့် ကားဝင်းသည် ၁၉၉၂ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့်နှစ် ၂၀ ကျော် ကြာမြင့်လာပြီ ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မုံရွာမြို့သည်ပိုမိုဖွံ့ဖြိုးလာပြီး လူဦးရေထူထပ်လာခြင်း၊ပိုမိုကောင်းမွန်သည့်ကားများ အသုံးပြုလာခြင်း၊လက်ရှိကားဝင်းတွင် ဂိတ်များလည်းပိုမိုများလာပြီး ကားဝင်းအတွင်း ကားများမဆံ့တော့သည့်အနေအထားဖြစ်လာခြင်း၊ ယခင်ကာလကဆောက်ထား သောအဆောက်အအုံများနှင့် လက်ရှိ ယာဉ်များနှင့် ကိုက်ညီမှုမရှိသဖြင့် ယခုကဲ့သို့ မုံရွာအဝေးပြေး ယာဉ်ရပ်နားစခန်းအသစ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မုံရွာအဝေးပြေး ယာဉ်ရပ်နားစခန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၉၈၀ ဖြင့် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ယခုအခါတည်ဆောက်ရေး လုပ်ငန်းမှာ ရာခိုင်နှုန်း ၈၀ ခန့်ပြီးစီးနေပြီဖြစ်ကြောင်းနိုင်ငံပိုင်သတင်းစာအရ သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service