အာရှရထား လမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြ - Property News in Myanmar from iMyanmarHouse.com
938 Views

အာရှရထား လမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြ

[Unicode]

အာရှရထား လမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဇူလိုင် ၁၆ ရက်ကကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့၌ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး၏တင်ပြချက်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှရထားလမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကိုတင်ပြထားသည်။

အဆိုပါသဘောတူညီချက်ကိုပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများမှာ အိမ်နီးချင်းနိုင်ငံများ၊ အာရှနှင့် ပစိ ဖိတ်ဒေသအတွင်းရှိ နိုင်ငံများနှင့် ရထားလမ်း ချိတ်ဆက်နိုင်ရေးသည် အရေးပါသည့်လုပ်ငန်းအဖြစ်ရပ်တည် လျက်ရှိခြင်း၊ ကုန်းတွင်းဆိပ် များအကြား ကုန်ပမာဏများစွာကို ရထားဖြင့်သယ်ယူပေးနိုင်ရေးအတွက် ကောင်းမွန်သည့် သယ်ယူပို့ဆောင် ရေးစနစ်တစ်ခု ပေါ်ပေါက် လာနိုင်ခြင်း၊ နယ်စပ်များတွင် ပြတ်တောက်နေသည့် ရထားလမ်းများကို ချိတ်ဆက်နိုင်ရေးအတွက် နည်းပညာ နှင့် ငွေကြေးအကူအညီ များ ရရှိနိုင်ခြင်းတို့ ကြောင့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုနိုင်ရေးအတွက် တင်ပြထားသည်။

အာရှရထားလမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်း သဘောတူစာချုပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၂၂ နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပြီး၍ ၁၉ နိုင်ငံက အတည်ပြုလက်ခံကျင့်သုံး ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စု လွှတ်တော်အနေဖြင့် အာရှရထားလမ်းမကြီးကွန်ရက်ဆိုင်ရာ အစိုးရချင်းသဘောတူညီချက်စာချုပ်ကို ပါဝင် လက်မှတ်ရေး ထိုးခွင့်ပြုရေး နှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ပေးပို့ခွင့်ပြုနိုင်ရေးအတွက် လက်ခံသဘောတူ အတည် ပြုပေးနိုင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တင်ပြခဲ့သည်။

ယင်းတင်ပြချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းနှင့် ဇူလိုင် ၂၂ ရက်တွင် ဆွေးနွေးရန်လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်သတင်းအရသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

 

[Zawgyi]

အာရွရထား လမ္းမႀကီးကြန္ရက္ဆိုင္ရာ အစိုးရခ်င္း သေဘာတူညီခ်က္တြင္ ျမန္မာနိုင္ငံမွ ပါဝင္လက္မွတ္ေရးထိုးနိုင္ေရးႏွင့္စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပ

အာရွရထား လမ္းမႀကီးကြန္ရက္ဆိုင္ရာ အစိုးရခ်င္း သေဘာတူညီခ်က္တြင္ ျမန္မာနိုင္ငံမွ ပါဝင္လက္မွတ္ေရးထိုးနိုင္ေရးႏွင့္စပ္လ်ဥ္း၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က ဇူလိုင္ ၁၆ ရက္ကက်င္းပေသာ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ (၁၇) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒုတိယေန႔၌ လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပခဲ့ေၾကာင္းသိရသည္။

ျပည္ေထာင္စုဝန္ႀကီး၏တင္ျပခ်က္တြင္ နိုင္ငံေတာ္သမၼတထံမွ ေပးပို႔ထားေသာ အာရွရထားလမ္းမႀကီးကြန္ရက္ဆိုင္ရာ အစိုးရခ်င္း သေဘာတူညီခ်က္ျဖစ္ၿပီး ျမန္မာနိုင္ငံမွ ပါဝင္လက္မွတ္ေရးထိုးျခင္းျဖင့္ ရရွိလာနိုင္မည့္ အက်ိဳးေက်းဇူးမ်ားကိုတင္ျပထားသည္။

အဆိုပါသေဘာတူညီခ်က္ကိုပါဝင္လက္မွတ္ေရးထိုးျခင္းျဖင့္ ရရွိလာႏိုင္သည့္ အက်ိဳးေက်းဇူးမ်ားမွာ အိမ္နီးခ်င္းနိုင္ငံမ်ား၊ အာရွႏွင့္ ပစိ ဖိတ္ေဒသအတြင္းရွိ နိုင္ငံမ်ားႏွင့္ ရထားလမ္း ခ်ိတ္ဆက္နိုင္ေရးသည္ အေရးပါသည့္လုပ္ငန္းအျဖစ္ရပ္တည္ လ်က္ရွိျခင္း၊ ကုန္းတြင္းဆိပ္ မ်ားအၾကား ကုန္ပမာဏမ်ားစြာကို ရထားျဖင့္သယ္ယူေပးနိုင္ေရးအတြက္ ေကာင္းမြန္သည့္ သယ္ယူပို႔ေဆာင္ ေရးစနစ္တစ္ခု ေပၚေပါက္ လာနိုင္ျခင္း၊ နယ္စပ္မ်ားတြင္ ျပတ္ေတာက္ေနသည့္ ရထားလမ္းမ်ားကို ခ်ိတ္ဆက္နိုင္ေရးအတြက္ နည္းပညာ ႏွင့္ ေငြေၾကးအကူအညီ မ်ား ရရွိနိုင္ျခင္းတို႔ ေၾကာင့္ ျပည္ေထာင္စု လႊတ္ေတာ္မွ အတည္ျပဳႏိုင္ေရးအတြက္ တင္ျပထားသည္။

အာရွရထားလမ္းမႀကီးကြန္ရက္ဆိုင္ရာ အစိုးရခ်င္း သေဘာတူစာခ်ဳပ္ကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၁ ရက္အထိ အဖြဲ႕ဝင္နိုင္ငံေပါင္း ၂၂ နိုင္ငံ ပါဝင္လက္မွတ္ေရးထိုးၿပီး၍ ၁၉ နိုင္ငံက အတည္ျပဳလက္ခံက်င့္သုံး ေဆာင္ရြက္ၿပီးျဖစ္ေၾကာင္းသိရသည္။

ျပည္ေထာင္စု လႊတ္ေတာ္အေနျဖင့္ အာရွရထားလမ္းမႀကီးကြန္ရက္ဆိုင္ရာ အစိုးရခ်င္းသေဘာတူညီခ်က္စာခ်ဳပ္ကို ပါဝင္ လက္မွတ္ေရး ထိုးခြင့္ျပဳေရး ႏွင့္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ထံသို႔ ေပးပို႔ခြင့္ျပဳနိုင္ေရးအတြက္ လက္ခံသေဘာတူ အတည္ ျပဳေပးနိုင္ရန္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က တင္ျပခဲ့သည္။

ယင္းတင္ျပခ်က္ႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးလိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ရွိပါက အမည္စာရင္းတင္သြင္းနိုင္ေၾကာင္းႏွင့္ ဇူလိုင္ ၂၂ ရက္တြင္ ေဆြးေႏြးရန္လ်ာထားေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္သတင္းအရသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service