ရန်ကုန်မိုးပျံ အမြန်ကားလမ်းတည်ဆောက်ခွင့်ရ ကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ်ရွေးချယ်မည် - Property News in Myanmar from iMyanmarHouse.com
1460 Views

ရန်ကုန်မိုးပျံ အမြန်ကားလမ်းတည်ဆောက်ခွင့်ရ ကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ်ရွေးချယ်မည်

[Unicode] ရန်ကုန်မိုးပျံအမြန်ကားလမ်း တည်ဆောက်ခွင့်ရကုမ္ပဏီကို စက်တင်ဘာလတွင် အပြီးသတ် ရွှေးချယ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ဒုတိယညွန့်ကြားရေးမှူးချုပ်ဦးကြည်ဇော်မြင့်ကပြောသည်။

ရန်ကုန်မိုးပျံ အမြန်ကားလမ်းကို ယခုနှစ်ဇူလိုင်တွင် စတင် ဆောက်လုပ်မည်ဟု ပြောဆိုထားသော်လည်း COVID-19 ကြောင့် တင်ဒါရွေးချယ်ပွဲကိုပင် မလုပ်ဆောင်နိုင်သေးပေ။

ယခုတင်ဒါရွေးချယ်မူကို စက်တင်ဘာ ၁ ရက်တွင် အပြီးသတ်ဆောင်ရွက်မည်ဖြစ်ပြီး ကုမ္ပဏီများသည့် ထိုရက်မတိုင်ခင် စီမံကိန်းအဆိုပြုချက်တင်ပြရမည်ဟုဆိုသည်။ လေကြောင်းလိုင်းများမဖွင့်ပါက ရှိရာအရပ်ကနေ တင်ပြရမည်ဟု ဦးကြည်ဇော်မြင့်ကပြောသည်။

တင်ဒါလျှောက်ထားသည့် ကုမ္မဏီကိုးခုသည် နိုင်ငံခြားမှ ဖြစ်ပြီး ၎င်းတို့ကို ကြီးကြပ်ဆောင်ရွက်ပေးမည့်သူမှာ World Bank မှ တာဝန်ရှိပုဂ္ဂိုလ်များဖြစ်နေ သောကြောင့် တင်ဒါလာပြိုင်မည့် သူများနှင့် မြန်မာနိုင်ငံသို့ လာရောက်ရန် လေလိုင်းကြောင်းများမရှိသေး၍ ရွှေ့ဆိုင်းထားခြင်း ဖြစ်သည်။ ရန်ကုန်မိုးပျံအမြန်ကားလမ်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း(၁)ကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်သည်။ စီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ဘက်ခြမ်း အပိုင်း(၁)သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိသည်။အပိုင်း(၁)သည် အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကို ဖြတ်သန်း၍ အောက်မင်္ဂလာဒုံလမ်းဆုံအထိဖြစ်သည်။

ထိုစီမံကိန်းအပိုင်း(၁)အဆိုပြုလွှာကို နိုင်ငံတကာမှ နာမည် ကျော်ဆောက်လုပ်ရေးကုမ္ပဏီ များပါဝင်သော လုပ်ငန်းစု ၁၂ ခု က တင်သွင်းခဲ့သည်။ ၎င်းတို့သည် ပြင်သစ် VINCI Highways ကုမ္ပဏီ၊ ကိုရီးယားကုမ္ပဏီခုနစ်ခု စုပေါင်းထားသည့် ကိုရီးယားလုပ်ငန်းစု၊ တရုတ် CCCC ကုမ္ပဏီ၊ ဂျပန် JFEE နှင့် Marubeni တို့ ပူးပေါင်းထားသည့် လုပ်ငန်းစု၊ ထိုင်း Bangkok Expressway ၊ ဂျပန် Sumitomo, IHI နှင့် မြန်မာရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်းသည့်လုပ်ငန်းစု၊ တရုတ် CRIGCDL လုပ်ငန်းစု၊ တရုတ် Shang -hai Pengxin နှင့် ပြည်တွင်းမှ လိုင်စင်ရကန်ထရိုက်တာအသင်း ပေါင်းထားသည့် လုပ်ငန်းစု၊ ဖိလစ်ပိုင် Metro Pacific Tollways ကော်ပိုရေးရှင်း၊ တရုတ် CGGC နှင့် GGG လုပ်ငန်းစု၊ အီတာလျံ- ထိုင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ ပေါင်းထားသည့် လုပ်ငန်းစု၊ တရုတ်-မြန်မာပေါင်းထားသည့် Denso-CSCEC လုပ်ငန်းစု၊ တရုတ် Power Construction ကော်ပိုရေးရှင်းတို့ဖြစ်သည်။

လက်ရှိတွင် ထိုလုပ်ငန်း ၁၂ ခုအနက် နှစ်ခုသည် ဝန်ကြီးဌာနသို့ မဆက်သွယ်တော့၍ စုစု ပေါင်းလုပ်ငန်းစု ၁၀ ခုကျန်ရှိနေသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္မိုးပ်ံ အျမန္ကားလမ္းတည္ေဆာက္ခြင့္ရ ကုမၸဏီကို စက္တင္ဘာလတြင္ အၿပီးသတ္ေ႐ြးခ်ယ္မည္

ရန္ကုန္မိုးပ်ံအျမန္ကားလမ္း တည္ေဆာက္ခြင့္ရကုမၸဏီကို စက္တင္ဘာလတြင္ အၿပီးသတ္ ေ႐ႊးခ်ယ္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန၊ ဒုတိယၫြန႔္ၾကားေရးမႉးခ်ဳပ္ဦးၾကည္ေဇာ္ျမင့္ကေျပာသည္။

ရန္ကုန္မိုးပ်ံ အျမန္ကားလမ္းကို ယခုႏွစ္ဇူလိုင္တြင္ စတင္ ေဆာက္လုပ္မည္ဟု ေျပာဆိုထားေသာ္လည္း COVID-19 ေၾကာင့္ တင္ဒါေ႐ြးခ်ယ္ပြဲကိုပင္ မလုပ္ေဆာင္ႏိုင္ေသးေပ။

ယခုတင္ဒါေ႐ြးခ်ယ္မူကို စက္တင္ဘာ ၁ ရက္တြင္ အၿပီးသတ္ေဆာင္႐ြက္မည္ျဖစ္ၿပီး ကုမၸဏီမ်ားသည့္ ထိုရက္မတိုင္ခင္ စီမံကိန္းအဆိုျပဳခ်က္တင္ျပရမည္ဟုဆိုသည္။ ေလေၾကာင္းလိုင္းမ်ားမဖြင့္ပါက ရွိရာအရပ္ကေန တင္ျပရမည္ဟု ဦးၾကည္ေဇာ္ျမင့္ကေျပာသည္။

တင္ဒါေလွ်ာက္ထားသည့္ ကုမၼဏီကိုးခုသည္ ႏိုင္ငံျခားမွ ျဖစ္ၿပီး ၎တို႔ကို ႀကီးၾကပ္ေဆာင္႐ြက္ေပးမည့္သူမွာ World Bank မွ တာဝန္ရွိပုဂၢိဳလ္မ်ားျဖစ္ေန ေသာေၾကာင့္ တင္ဒါလာၿပိဳင္မည့္ သူမ်ားႏွင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္ရန္ ေလလိုင္းေၾကာင္းမ်ားမရွိေသး၍ ေ႐ႊ႕ဆိုင္းထားျခင္း ျဖစ္သည္။ ရန္ကုန္မိုးပ်ံအျမန္ကားလမ္းတြင္ အပိုင္းႏွစ္ပိုင္းပါဝင္ၿပီး အပိုင္း(၁)ကို ဦးစြာအေကာင္အထည္ေဖာ္မည္ျဖစ္သည္။ စီမံကိန္းတစ္ခုလုံးသည္ ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင္ေက်ာ္) ရွိၿပီး အေရွ႕ဘက္ျခမ္း အပိုင္း(၁)သည္ ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင္ေက်ာ္) ႏွင့္ အေနာက္ျခမ္းအပိုင္း (၂) သည္ ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင္ေက်ာ္) ရွိသည္။အပိုင္း(၁)သည္ အထက္ပုဇြန္ေတာင္လမ္းမွ ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္း၊ ခေရပင္လမ္းတို႔ကို ျဖတ္သန္း၍ ေအာက္မဂၤလာဒုံလမ္းဆုံအထိျဖစ္သည္။

ထိုစီမံကိန္းအပိုင္း(၁)အဆိုျပဳလႊာကို ႏိုင္ငံတကာမွ နာမည္ ေက်ာ္ေဆာက္လုပ္ေရးကုမၸဏီ မ်ားပါဝင္ေသာ လုပ္ငန္းစု ၁၂ ခု က တင္သြင္းခဲ့သည္။ ၎တို႔သည္ ျပင္သစ္ VINCI Highways ကုမၸဏီ၊ ကိုရီးယားကုမၸဏီခုနစ္ခု စုေပါင္းထားသည့္ ကိုရီးယားလုပ္ငန္းစု၊ တ႐ုတ္ CCCC ကုမၸဏီ၊ ဂ်ပန္ JFEE ႏွင့္ Marubeni တို႔ ပူးေပါင္းထားသည့္ လုပ္ငန္းစု၊ ထိုင္း Bangkok Expressway ၊ ဂ်ပန္ Sumitomo, IHI ႏွင့္ ျမန္မာေ႐ႊေတာင္ကုမၸဏီတို႔ ပူးေပါင္းသည့္လုပ္ငန္းစု၊ တ႐ုတ္ CRIGCDL လုပ္ငန္းစု၊ တ႐ုတ္ Shang -hai Pengxin ႏွင့္ ျပည္တြင္းမွ လိုင္စင္ရကန္ထ႐ိုက္တာအသင္း ေပါင္းထားသည့္ လုပ္ငန္းစု၊ ဖိလစ္ပိုင္ Metro Pacific Tollways ေကာ္ပိုေရးရွင္း၊ တ႐ုတ္ CGGC ႏွင့္ GGG လုပ္ငန္းစု၊ အီတာလ်ံ- ထိုင္းကုမၸဏီႏွင့္ တ႐ုတ္ကုမၸဏီ ေပါင္းထားသည့္ လုပ္ငန္းစု၊ တ႐ုတ္-ျမန္မာေပါင္းထားသည့္ Denso-CSCEC လုပ္ငန္းစု၊ တ႐ုတ္ Power Construction ေကာ္ပိုေရးရွင္းတို႔ျဖစ္သည္။

လက္ရွိတြင္ ထိုလုပ္ငန္း ၁၂ ခုအနက္ ႏွစ္ခုသည္ ဝန္ႀကီးဌာနသို႔ မဆက္သြယ္ေတာ့၍ စုစု ေပါင္းလုပ္ငန္းစု ၁၀ ခုက်န္ရွိေနသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service