အိမ်ရာများရောင်းချရေး ကော်မတီက ရောင်းချရေးအပိုင်းကိုစိစစ်မည် - Property News in Myanmar from iMyanmarHouse.com
1035 Views

အိမ်ရာများရောင်းချရေး ကော်မတီက ရောင်းချရေးအပိုင်းကိုစိစစ်မည်

[Unicode]

ရန်ကုန်တိုင်း ဒေသကြီးတွင် အများပြည်သူသို့ အိမ်ရာများ စနစ်တကျရောင်းချရန်အတွက်အိမ်ရာများရောင်းချရေး ကော်မတီကစိစစ်ကြီးကြပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါကော်မတီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်အခြားဆက်စပ် အဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ပြီး ပြည်သူများကို အိမ်ရာစနစ်တကျရောင်းချနိုင်ရန် ပြင်ဆင်မည်ဖြစ်သည်။

၎င်းကော်မတီကို ဖွဲ့စည်းရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖွဲ့စည်းခိုင်းခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန တည်ရှိသောဗိုလ်ချုပ်လမ်းမပေါ်တွင် အိမ်ရာအရောင်းစင်တာ တစ်ခုပါထပ်မံဖွင့်လှစ်နိုင်ရန် အဆိုပါကော်မတီက ဦးစီးရမည့်ဖြစ်သည်။

“ ဒီလို ကော်မတီမျိူးရှိသင့်တာကြာပြီ ဒါမှလည်း ရောင်းချမှုက တသမတ်တည်းဖြစ်မှာလေ နိုင်ငံတကာမှာဆိုရင် တော့ အိမ်ရာရောင်းချရေး ဘုတ်အဖွဲ့လိုမျိူးတွေရှိတယ် “ ဟု မြို့ပြ စီမံကိန်းပညာရှင် ဦးမြင့်ဆွေက ဆိုသည်။

လက်ရှိ အိမ်ရာများရောင်ချမှုကို ဌာနတစ်ခုနှင့်တစ်ခုမတူညီဘဲ ပုံစံအမျိုးမျိုးဖြင့် အများပြည်သူကို ရောင်းချနေခြင်းဖြစ်သည်။

အဆိုပါ အိမ်အရောင်းစင်တာကနေရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အိမ်ရာတွေကို တစ်နေရာမှာတည်းမှာတစ်စုတစ်စည်းတည်းရောင်းချဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အခုနှစ်အတွက် ရန်ကုန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကမြေကွက်တွေရောင်းချဖို့ ရှိနေသေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်တန်ဖိုးသင့်နဲ့အဌားအိမ်ရာတစ်ထောင်ကျော်လောက် ရောင်းချဖို့ပြင်ဆင်နေတာတွေလည်းရှိနေတာပါ။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် တန်ဖိုးမျှတအိမ်ရာများကိုနှစ်ရည်အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မည်သည့်ဘဏ်ခွဲတွင်မဆို အိမ်ရာစုဆောင်းငွေစာရင်း (Housing Savings Account) ကို ကျပ် ၁၀,၀၀၀ နှင့် စတင်ဖွင့်လှစ်ပြီး မိမိဝယ်ယူလိုသော တိုက်ခန်းတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ ကို ပြည့်မီအောင် ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လစဉ်စုဆောင်းရမည့် ငွေပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ မိမိဝင်ငွေပေါ်မူတည်၍ လစဉ်ပုံမှန်စုဆောင်းရမည်ဖြစ်ကြောင်း၊ စုဆောင်းထားစဉ်တွင်လည်း မိမိစုဆောင်းငွေအပေါ် တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးရရှိမည်ဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]




“ ဒီလို ကော်မတီမျိုးရှိသင့်တာကြာပြီ ဒါမှလည်း ရောင်းချမှုက တသမတ်တည်းဖြစ်မှာလေ နိုင်ငံတကာမှာဆိုရင် တော့ အိမ်ရာရောင်းချရေး ဘုတ်အဖွဲ့လိုမျိုးတွေရှိတယ် “ ဟု မြို့ပြ စီမံကိန်းပညာရှင် ဦးမြင့်ဆွေက ဆိုသည်။








 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service