ခရီးသွားလုပ်ငန်းတွေ Social Disatncing ပုံစံသစ်နဲ့ပြန်လည်စတင်မယ် - Property News in Myanmar from iMyanmarHouse.com
1253 Views

ခရီးသွားလုပ်ငန်းတွေ Social Disatncing ပုံစံသစ်နဲ့ပြန်လည်စတင်မယ်

[Unicode]

ရပ်နားထားရတဲ့ခရီးသွားလုပ်ငန်းတွေကို New Normal မှာSocial Disatncing ပုံစံသစ်နဲ့ပြန်လည်စတင်မယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကပြောပါတယ်။

ဒါ့ကြောင့် စည်းမျဉ်းစည်းကမ်းအသစ်တွေချမှတ်ကာရောဂါဘေးကင်းရှင်းရေးလုပ်ဆောင်ပြီးခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတယ်လို့ ဝန်ကြီးက ဒီကနေ့မှာပြုလုပ်တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးမှုမှာတင်ပြခဲ့တာပါ။

ကိုဗစ်ကြောင့် ဟိုတယ်နဲ့ခရီးသွားလာရေးသက်ရောက်မှုဆွေးနွေးပွဲကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းမောင်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း ဦးမင်းကျော်ဦး ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းတို့က အဓိကဆွေးနွေးခဲ့ကြတာပါ။

၂၀၂၀ ခုနှစ် အတွင်းလေကြောင်းလိုင်းတွေရပ်နားလိုက်တဲ့ ဧပြီလမတိုင်ခင်က ပြည်ပခရီးသွားဦးရေဟာ ခြောက်ထောင်ကျော်သာရှိခဲ့ပြီး လက်ရှိမှာတော့ 'ဝင်ရောက်မှုကလုံးဝမရှိသလောက်ကျဆင်းသွားတာလို့ဆွေးနွေးမှုတွေအရသိရပါတယ်။

ဒါ့ကြောင့် လေကြောင်းလိုင်းတွေ နယ်စပ်ဝင်ပေါက်တွေ ပြန်လည်မဖွင့်လှစ်နိုင်သေးတဲ့ကာလမှာ ပြည်တွင်းကခရီးသွားတွေနဲ့ပြန်လည်စတင်ဖို့ ပြင်ဆင်နေတယ်လို့ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။

New Normal ကာလမှာ ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုအပိုင်းတွေမှာ အပြောင်းအလဲတွေ လုပ်ဖို့ပြင်ဆင်နေပြီးတော့ ခရီးသွားလုပ်ငန်းသက်ရောက်မှုဟာ လုပ်ငန်းရှင်တွေတင်မဟုတ်ဘဲ ဒေသအသီးသီးက ခရီးသွားလုပ်ငန်းအပေါ်မှီခိုနေတဲ့ ရိုးရာလက်မှုဆိုင်တွေ၊ သယ်ယူပို့ဆောင်ရေးသမားတွေ၊ဈေးသည်တွေ အခြေခံလူတန်းစားအားလုံးကိုသက်ရောက်ခဲ့တာလို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးမင်းကျော်ဦး ကလည်းဆွေးနွေးခဲ့ပါသေးတယ်။ မဖော်ရသေးတဲ့သဘာဝခရီးသွားလုပ်ငန်းသစ်များစွာလဲရှိပြီး ၎င်းတို့ကိုဦးစားပေးဖော်ထုတ်ရင် ခရီးသွားလုပ်ငန်းတွေကိုပြန်လည်မြင့်တင်ဖို့ကြိုးစားနေတယ်လို့' လည်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဌ ဒေါ်မေမြတ်မွန်ဝင်းကဆိုပါတယ်။

" မြန်မာနိုင်ငံတောင်ပိုင်းကနေမြောက်ပိုင်းကိုကြည့်လိုက်ရင် တကယ့်ကိုဒေသအသစ်တွေ မဖော်ထုတ်ရသေးတဲ့ သဘာဝအမွေအနှစ်တွေအများကြီးရှိတယ် သူတို့အတွက် ဖော်ထုတ်ပေးဖို့လိုအပ်သလို တဖက်မှာလည်း ခရီးသွားတွေပြန်လည်ဝင်ရောက်လာတဲ့အခါ ပြင်ဆင်ပြီးသားဖြစ်သွားမယ် "လို့၎င်းကဆိုပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ အခြားသော လုပ်ငန်းတွေပြန်လည်စတင်ရာမှာ Social Disatncing လို စည်းကမ်းချက်တွေကိုလိုက်နာလို့ရပေမယ့် ခရီးသွားလုပ်ငန်းမှာတော့ စိန်ခေါ်မှု နဲ့အခက်အခဲတွေရှိနိုင်တာကြောင့် လက်တွေ့ကျကျပြင်ဆင်ဖို့ မှာကြားခဲ့ပါတယ်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ခရီးသြားလုပ္ငန္းေတြ Social Disatncing ပုံစံသစ္နဲ႔ျပန္လည္စတင္မယ္

ရပ္နားထားရတဲ့ခရီးသြားလုပ္ငန္းေတြကို New Normal မွာSocial Disatncing ပုံစံသစ္နဲ႔ျပန္လည္စတင္မယ္လို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ ကေျပာပါတယ္။

ဒါ့ေၾကာင့္ စည္းမ်ဥ္းစည္းကမ္းအသစ္ေတြခ်မွတ္ကာေရာဂါေဘးကင္းရွင္းေရးလုပ္ေဆာင္ၿပီးခရီးသြားလုပ္ငန္းေတြ ျပန္လည္စတင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ဝန္ႀကီးက ဒီကေန႔မွာျပဳလုပ္တဲ့ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈမွာတင္ျပခဲ့တာပါ။

ကိုဗစ္ေၾကာင့္ ဟိုတယ္နဲ႔ခရီးသြားလာေရးသက္ေရာက္မႈေဆြးေႏြးပြဲကို ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္နဲ႔အတူ ဟိုတယ္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးအုန္းေမာင္၊ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္း ဦးမင္းေက်ာ္ဦး ၊ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ဒုဥကၠဌ ေဒၚေမျမတ္မြန္ဝင္းတို႔က အဓိကေဆြးေႏြးခဲ့ၾကတာပါ။

၂၀၂၀ ခုႏွစ္ အတြင္းေလေၾကာင္းလိုင္းေတြရပ္နားလိုက္တဲ့ ဧၿပီလမတိုင္ခင္က ျပည္ပခရီးသြားဦးေရဟာ ေျခာက္ေထာင္ေက်ာ္သာရွိခဲ့ၿပီး လက္ရွိမွာေတာ့ 'ဝင္ေရာက္မႈကလုံးဝမရွိသေလာက္က်ဆင္းသြားတာလို႔ေဆြးေႏြးမႈေတြအရသိရပါတယ္။

ဒါ့ေၾကာင့္ ေလေၾကာင္းလိုင္းေတြ နယ္စပ္ဝင္ေပါက္ေတြ ျပန္လည္မဖြင့္လွစ္ႏိုင္ေသးတဲ့ကာလမွာ ျပည္တြင္းကခရီးသြားေတြနဲ႔ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနတယ္လို႔ျပည္ေထာင္စုဝန္ႀကီးကဆိုပါတယ္။

New Normal ကာလမွာ ဟိုတယ္ေတြရဲ႕ ဝန္ေဆာင္မႈအပိုင္းေတြမွာ အေျပာင္းအလဲေတြ လုပ္ဖို႔ျပင္ဆင္ေနၿပီးေတာ့ ခရီးသြားလုပ္ငန္းသက္ေရာက္မႈဟာ လုပ္ငန္းရွင္ေတြတင္မဟုတ္ဘဲ ေဒသအသီးသီးက ခရီးသြားလုပ္ငန္းအေပၚမွီခိုေနတဲ့ ႐ိုးရာလက္မႈဆိုင္ေတြ၊ သယ္ယူပို႔ေဆာင္ေရးသမားေတြ၊ေဈးသည္ေတြ အေျခခံလူတန္းစားအားလုံးကိုသက္ေရာက္ခဲ့တာလို႔ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္း အေထြေထြအတြင္းေရးမႉးဦးမင္းေက်ာ္ဦး ကလည္းေဆြးေႏြးခဲ့ပါေသးတယ္။ မေဖာ္ရေသးတဲ့သဘာဝခရီးသြားလုပ္ငန္းသစ္မ်ားစြာလဲရွိၿပီး ၎တို႔ကိုဦးစားေပးေဖာ္ထုတ္ရင္ ခရီးသြားလုပ္ငန္းေတြကိုျပန္လည္ျမင့္တင္ဖို႔ႀကိဳးစားေနတယ္လို႔' လည္းျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ဒုဥကၠဌ ေဒၚေမျမတ္မြန္ဝင္းကဆိုပါတယ္။

" ျမန္မာႏိုင္ငံေတာင္ပိုင္းကေနေျမာက္ပိုင္းကိုၾကည့္လိုက္ရင္ တကယ့္ကိုေဒသအသစ္ေတြ မေဖာ္ထုတ္ရေသးတဲ့ သဘာဝအေမြအႏွစ္ေတြအမ်ားႀကီးရွိတယ္ သူတို႔အတြက္ ေဖာ္ထုတ္ေပးဖို႔လိုအပ္သလို တဖက္မွာလည္း ခရီးသြားေတြျပန္လည္ဝင္ေရာက္လာတဲ့အခါ ျပင္ဆင္ၿပီးသားျဖစ္သြားမယ္ "လို႔၎ကဆိုပါတယ္။ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ အျခားေသာ လုပ္ငန္းေတြျပန္လည္စတင္ရာမွာ Social Disatncing လို စည္းကမ္းခ်က္ေတြကိုလိုက္နာလို႔ရေပမယ့္ ခရီးသြားလုပ္ငန္းမွာေတာ့ စိန္ေခၚမႈနဲ႔အခက္အခဲေတြရွိႏိုင္တာေၾကာင့္ လက္ေတြ႕က်က်ျပင္ဆင္ဖို႔ မွာၾကားခဲ့ပါတယ္။

 

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service