ကျားကြီးအော်ကျွန်းရှိ မြေဧက ၅၃၀ ခန့်ကို စင်ကာပူ ဖက်စပ်ကုမ္ပဏီ၏ပုဇွန်မွေးမြူရေးစီမံကိန်းအတွက် ခွင့်ပြုမိန့်ပေး - Property News in Myanmar from iMyanmarHouse.com
1127 Views

ကျားကြီးအော်ကျွန်းရှိ မြေဧက ၅၃၀ ခန့်ကို စင်ကာပူ ဖက်စပ်ကုမ္ပဏီ၏ပုဇွန်မွေးမြူရေးစီမံကိန်းအတွက် ခွင့်ပြုမိန့်ပေး

[Unicode]

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ကျားကြီးအော်ကျွန်းတွင် စင်ကာပူဖက်စက် ကုမ္ပဏီ၏ ဒေါ်လာ သန်း ၁၀၀ ကျော် ပုဇွန်မွေးမြူရေးစီမံကိန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကဇူလိုင် ၁၀ ရက်တွင် ခွင့်ပြုခဲ့သည်။

မြေဧက ၅၃၀ ခန့်ရှိပြီး စင်ကာပူ-မြန်မာ ဖက်စပ်ကုမ္ပဏီ South Asia Qichang Seafood Trade Group ကို လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။

ထိုလုပ်ငန်းသည် ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိပြီး လုပ်သား ၁,၀၀၀ ကျော်ကို အလုပ်အကိုင်ပေးနိုင်မည်ဖြစ်ပြီး အခြားလုပ်ငန်းအသစ် ရှစ်ခုနှင့်အတူ ကော်မရှင်က ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

‘‘အရင်တုန်းက ဒေသခံတွေ ကန့်ကွက်တာက ဒီရေတောတွေ အပြောင်ရှင်းတယ်ဆိုတာကိုပါ။ အစိုးရအဖွဲ့လည်း ကွင်းဆင်းတယ်။ ကျွန်တော်လည်းကွင်းဆင်းတယ်။ ဒီရေတောတွေခုတ်တယ်ဆိုတာ ဟုတ်တယ်။ အနည်းအကျဉ်း ခုတ်ထားတာပါ။ ဒါပေမဲ့သူက အစားထိုးပြန်လည်စိုက်ပျိုးထားတယ်’’ဟု တနင်္သာရီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းက ပြောသည်။

လက်ရှိတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုစီမံကိန်းများ ရေးဆွဲနေပြီဟု ၎င်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် တိုင်းအစိုးရက မကန့်ကွက်၍ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုချက် ပေးလိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထိုစီမံကိန်းသည် ယခုအစိုးရသက်တမ်းအတွင်း ပထမဦးဆုံးပမာဏ အများဆုံးဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်ပြီး ပြည်တွင်းမှ ဖြိုးမြတ်အောင်ကုမ္ပဏီက ရှယ်ယာ ၃၀ ရာခိုင်နှုန်း နှင့် စင်ကာပူကုမ္ပဏီ QI Chang Industrier က ရှယ်ယာ ၇၀ ရာခိုင် နှုန်းပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ထိုလုပ်ငန်းက ပုစွန်မွေးမြူခြင်းနှင့် အေးခဲ၊ တင်ပို့ရောင်းချသည့်လုပ်ငန်းဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထိုစီမံကိန်းသည် တိုင်းအစိုးရက ကြိုတင်ခွင့်ပြုမိန့်ပေးထားခြင်းကြောင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လွှတ်တော်က တစ်ဆင့်မေးမြန်းသည့်အခါ ဥပဒေနှင့်မညီ၍ စီမံကိန်းခေတ္တ ရပ်ဆိုင်းခဲ့ရသည်ဟု တနင်္သာရီတိုင်းဒေသကြီးကျွန်းစုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

လက်ရှိတွင် ဥပဒေနှင့်အညီ ပြန်လည်လျှောက်ထား၍ ခွင့်ပြုပေးခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

က်ားႀကီးေအာ္ကြၽန္းရွိ ေျမဧက ၅၃၀ ခန႔္ကို စင္ကာပူ ဖက္စပ္ကုမၸဏီ၏ပုဇြန္ေမြးျမဴေရးစီမံကိန္းအတြက္ ခြင့္ျပဳမိန႔္ေပး

တနသၤာရီတိုင္း ကြၽန္းစုၿမိဳ႕နယ္ က်ားႀကီးေအာ္ကြၽန္းတြင္ စင္ကာပူဖက္စက္ ကုမၸဏီ၏ ေဒၚလာ သန္း ၁၀၀ ေက်ာ္ ပုဇြန္ေမြးျမဴေရးစီမံကိန္းကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္ကဇူလိုင္ ၁၀ ရက္တြင္ ခြင့္ျပဳခဲ့သည္။

ေျမဧက ၅၃၀ ခန႔္ရွိၿပီး စင္ကာပူ-ျမန္မာ ဖက္စပ္ကုမၸဏီ South Asia Qichang Seafood Trade Group ကို လုပ္ကိုင္ခြင့္ ေပးလိုက္ျခင္းျဖစ္သည္။

ထိုလုပ္ငန္းသည္ ေဒၚလာ ၁၁၅ သန္းတန္ဖိုးရွိၿပီး လုပ္သား ၁,၀၀၀ ေက်ာ္ကို အလုပ္အကိုင္ေပးႏိုင္မည္ျဖစ္ၿပီး အျခားလုပ္ငန္းအသစ္ ရွစ္ခုႏွင့္အတူ ေကာ္မရွင္က ခြင့္ျပဳေပးလိုက္ျခင္းျဖစ္သည္။

‘‘အရင္တုန္းက ေဒသခံေတြ ကန႔္ကြက္တာက ဒီေရေတာေတြ အေျပာင္ရွင္းတယ္ဆိုတာကိုပါ။ အစိုးရအဖြဲ႕လည္း ကြင္းဆင္းတယ္။ ကြၽန္ေတာ္လည္းကြင္းဆင္းတယ္။ ဒီေရေတာေတြခုတ္တယ္ဆိုတာ ဟုတ္တယ္။ အနည္းအက်ဥ္း ခုတ္ထားတာပါ။ ဒါေပမဲ့သူက အစားထိုးျပန္လည္စိုက္ပ်ိဳးထားတယ္’’ဟု တနသၤာရီတိုင္း ေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာထြန္းထြန္းက ေျပာသည္။

လက္ရွိတြင္ သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈဘဝထိခိုက္မႈစီမံကိန္းမ်ား ေရးဆြဲေနၿပီဟု ၎က ဆိုသည္။

သဘာဝပတ္ဝန္းက်င္ ထိခိုက္မႈနည္းသျဖင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနႏွင့္ တိုင္းအစိုးရက မကန႔္ကြက္၍ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳခ်က္ ေပးလိုက္ျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

ထိုစီမံကိန္းသည္ ယခုအစိုးရသက္တမ္းအတြင္း ပထမဦးဆုံးပမာဏ အမ်ားဆုံးဝင္ေရာက္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းျဖစ္ၿပီး ျပည္တြင္းမွ ၿဖိဳးျမတ္ေအာင္ကုမၸဏီက ရွယ္ယာ ၃၀ ရာခိုင္ႏႈန္း ႏွင့္ စင္ကာပူကုမၸဏီ QI Chang Industrier က ရွယ္ယာ ၇၀ ရာခိုင္ ႏႈန္းပိုင္ဆိုင္ထားျခင္းျဖစ္သည္။

ထိုလုပ္ငန္းက ပုစြန္ေမြးျမဴျခင္းႏွင့္ ေအးခဲ၊ တင္ပို႔ေရာင္းခ်သည့္လုပ္ငန္းျဖစ္သည္ဟု ေကာ္မရွင္က ထုတ္ျပန္သည္။

ထိုစီမံကိန္းသည္ တိုင္းအစိုးရက ႀကိဳတင္ခြင့္ျပဳမိန႔္ေပးထားျခင္းေၾကာင့္ လုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး လႊတ္ေတာ္က တစ္ဆင့္ေမးျမန္းသည့္အခါ ဥပေဒႏွင့္မညီ၍ စီမံကိန္းေခတၱ ရပ္ဆိုင္းခဲ့ရသည္ဟု တနသၤာရီတိုင္းေဒသႀကီးကြၽန္းစုၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာထူးေနေအာင္က ေျပာသည္။

လက္ရွိတြင္ ဥပေဒႏွင့္အညီ ျပန္လည္ေလွ်ာက္ထား၍ ခြင့္ျပဳေပးျခင္းျဖစ္ႏိုင္သည္ဟု ၎က ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service