Myanmar Be Enchanted အမည်ဖြင့် Mobile Application ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လွှင့်တင်ထား - Property News in Myanmar from iMyanmarHouse.com
1222 Views

Myanmar Be Enchanted အမည်ဖြင့် Mobile Application ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လွှင့်တင်ထား

[Unicode]

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Myanmar Be Enchanted အမည်ဖြင့် Mobile Application ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လွှင့်တင်ထား ပြီဖြစ်ကြောင်းသိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ တိကျမှန်ကန်သော သတင်းအချက်အလက်များကို ဖြန့်ဝေပေးရန်၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်း ပြီးလုံခြုံမှုရှိသည့် ကောင်းမွန်သော ပုံရိပ်ကို နိုင်ငံတကာတွင် ပိုမို ထင်ရှားလူသိများလာစေရန်၊မြန်မာနိုင်ငံ၏ သဘာဝအလှအပ၊ယဉ်ကျေး မှုအမွေအနှစ်များ၊တိုင်းရင်းသား ရိုးရာဓလေ့စရိုက်များ၊ (၁၂)လရာသီ ပွဲတော်များကိုဖော်ထုတ်၍ အရည်အသွေးရှိသော ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရေး ဆွဲဆောင်ရန် ရည်ရွယ်၍ အဆိုပါ Application ကို လွှင့်တင်ထားခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ Myanmar Be Enchanted အမည်ရှိ Mobile Application ကို Google Play Store တွင် အင်္ဂလိပ်ဘာသာဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်က စတင်လွှင့်တင်ထားပြီးဖြစ်ကြောင်းသိရသည်။

Mobile Application အား အသုံးပြုနိုင်ရန် QR Code ကို Scan ဖတ်၍ လည်းကောင်း၊ https://bit.ly/2AscTzi တွင်လည်းကောင်း၊ Google Play Store တွင်လည်းကောင်း Download ရယူနိုင်ကြောင်းသိရသည်။

အဆိုပါ Application ကို iOS Device များအတွက် Apple Store တွင်လည်း မကြာမီလွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဟို တယ်နှင့်ခရီးသွားမှသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Myanmar Be Enchanted အမည္ျဖင့္ Mobile Application ကို ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက လႊင့္တင္ထား

ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ Myanmar Be Enchanted အမည္ျဖင့္ Mobile Application ကို ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက လႊင့္တင္ထား ၿပီျဖစ္ေၾကာင္းသိရသည္။

ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းဖြံ့ၿဖိဳးတိုးတက္ေရးအတြက္ အရွိန္အဟုန္ျမႇင့္တင္ေဆာင္ရြက္ လ်က္ရွိရာ ခရီးသြားလုပ္ငန္းဆိုင္ရာ တိက်မွန္ကန္ေသာ သတင္းအခ်က္အလက္မ်ားကို ျဖန္႔ေဝေပးရန္၊ ျမန္မာနိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္း ၿပီးလုံျခဳံမႈရွိသည့္ ေကာင္းမြန္ေသာ ပုံရိပ္ကို နိုင္ငံတကာတြင္ ပိုမို ထင္ရွားလူသိမ်ားလာေစရန္၊ျမန္မာနိုင္ငံ၏ သဘာဝအလွအပ၊ယဥ္ေက်း မႈအေမြအႏွစ္မ်ား၊တိုင္းရင္းသား ရိုးရာဓေလ့စရိုက္မ်ား၊ (၁၂)လရာသီ ပြဲေတာ္မ်ားကိုေဖာ္ထုတ္၍ အရည္အေသြးရွိေသာ ျပည္တြင္း/ျပည္ပ ခရီးသြားဧည့္သည္မ်ား ပိုမိုလာေရာက္ လည္ပတ္ေစေရး ဆြဲေဆာင္ရန္ ရည္ရြယ္၍ အဆိုပါ Application ကို လႊင့္တင္ထားျခင္းျဖစ္ ေၾကာင္း သိရသည္။

အဆုိပါ Myanmar Be Enchanted အမည္ရွိ Mobile Application ကို Google Play Store တြင္ အဂၤလိပ္ဘာသာျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္ ၁ ရက္က စတင္လႊင့္တင္ထားၿပီးျဖစ္ေၾကာင္းသိရသည္။

Mobile Application အား အသုံးျပဳႏိုင္ရန္ QR Code ကို Scan ဖတ္၍ လည္းေကာင္း၊ https://bit.ly/2AscTzi တြင္လည္းေကာင္း၊ Google Play Store တြင္လည္းေကာင္း Download ရယူနိုင္ေၾကာင္းသိရသည္။

အဆိုပါ Application ကို iOS Device မ်ားအတြက္ Apple Store တြင္လည္း မၾကာမီလႊင့္တင္နိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း ဟို တယ္ႏွင့္ခရီးသြားမွသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service