မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအား ပညာရေးဝန်ကြီးဌာနက " ၂၀၂၀-၂၀၂၁ ပညာသင်နှစ် " အတွက် မေတ္တာရပ်ခံထား - Property News in Myanmar from iMyanmarHouse.com
1012 Views

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအား ပညာရေးဝန်ကြီးဌာနက " ၂၀၂၀-၂၀၂၁ ပညာသင်နှစ် " အတွက် မေတ္တာရပ်ခံထား

[Unicode]

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ ပညာရေးဝန်ကြီးဌာနက”၂၀၂၀-၂၀၂၁ ပညာသင်နှစ်” အတွက်မေတ္တာရပ်ခံချက်ထုတ်ပြန်ထားသည်ကို နိုင်ငံပိုင်သတင်းစာတွင်ကြေညာထားသည်ကိုတွေ့ရသည်။

ထိုမေတ္တာရပ်ခံချက်တွင် ကျောင်းသားအပ်နှံရာတွင် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်တိုက်တွန်းထားသည်။

ထိုသို့တိုက်တွန်းရခြင်းမှာ ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ကျောင်းအပ်နှံနှုန်းမြင့်မားလာခြင်း၊ထပ်ကျော့ ကျောင်းအပ်နှံခြင်း နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိုလုံလောက်စွာ ဖြန့်ဝေပေးလိုခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် မိဘများအနေဖြင့် မိမိသားသမီးအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူတာဝန်ခံဆောင်ရွက်တတ်သော တီထွင်ကြံဆနိုင်စွမ်းရှိသည့် လူသားကောင်းများ ဖြစ်လာစေရန်၊ကျောင်းတက်မှန်ရေးနှင့် အိမ်စာမှန်မှန်လုပ်ဆောင်ရေး၊ပညာသင်ကာလအတွင်း စစ်ဆေး အကဲဖြတ်ခြင်း (၄)ကြိမ် စစ်ဆေးမည်ဖြစ်ပြီး နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ်၊ မတ်လတွင်လည်းကောင်း၊သက်ဆိုင်ရာအတန်းအလိုက် စစ်ဆေးအကဲဖြတ်ခြင်းပြုလုပ်ပြီးလျှင် ဖြည့်ဆည်းသင်ကြားပေးခြင်းကို နှစ်ဆုံးစစ်ဆေးခြင်း မတိုင်မီအထိလည်းကောင်း ဆောင်ရွက်မည် ဖြစ်ခြင်း၊ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊မူးယစ်ဆေးဝါး မသုံးစွဲရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး ၊ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် ၊မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး၊(TV,Video,Phone,Computer) ဂိမ်းစွဲလမ်းမှုပပျောက်စေရေးနှင့် ကိုဗစ် ၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည့် လိုက်နာဆောင်ရွက်ရန်တို့ကို မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပညာရေးဝန်ကြီးဌာနကတိုက်တွန်းထားသည်။

ပညာရေးဝန်ကြီးဌာနက မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခြင်း မပြုရန်လည်းတားမြစ်ထားပြီး ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန်နှင့် အသိပေးတိုင်ကြားလိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော် (သို့မဟုတ်) dpsoffice@moe.edu.mm သို့ ပေးပို့တိုင်ကြားနိုင်ကြောင်း မေတ္တာရပ်ခံချက်တွင်ဖော်ပြထားသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service