Local Property News | Posted by Si Thu Aung
[Unicode]
ငွေကျပ်သန်း ၈၀၀၀ နီးပါးတန်ဖိုးရှိ ပညာသင်ထောက်ပံ့ကြေးငွေများကို ဂျပန်နိုင်ငံက မြန်မာနိုင်ငံအားပေးအပ်ကြောင်း သိရသည်။
အစိုးရအရာရှိငယ်များအတွက် လိုအပ်သည့် ကျွမ်းကျင်မှုနှင့်အသိပညာဗဟုသုတများ ရယူနိုင်ရန် ဂျပန်အစိုးရကပံ့ပိုးကူညီပေးခြင်းဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းတို့ စာချွန်လွှာများကို အသီးသီးကိုဇူလိုင် ၆ ရက်က လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပညာသင်ထောက်ပံ့ကြေးငွေများမှာ အစိုးရအရာရှိငယ်များ ဂျပန်နိုင်ငံတွင် မဟာဘွဲ့၊ ပါရဂူဘွဲ့အတွက် ပညာများ လေ့လာဆည်းပူးနိုင်ပြီး လိုအပ်သည့် ကျွမ်းကျင်မှုနှင့်အသိပညာဗဟုသုတများရယူနိုင်ရန် ပံ့ပိုးကူညီပေးခြင်းနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်ပြီး လူ့အဖွဲ့အစည်းကွန်ရက်တစ်ခုကို တည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံအကြားဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာစေရန် အထောက်အကူပြုမည့်အစီအစဉ်ဖြစ်ကြောင်းသိရသည်။
အဆိုပါအထောက်အပံ့ကို “လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု ပညာသင်အထောက်အပံ့စီမံကိန်း”ဟု အမည်ပေးထားပြီး ဂျပန်ယန်း ၆၂၇ သန်း တန်ဖိုးနှင့် ညီမျှသည့် မြန်မာငွေကျပ်သန်း ၈၀၀၀ နီးပါးရှိကြောင်းသိရသည်။
Credit: iMyanmarHouse.com
[Zawgyi]
ေငြက်ပ္သန္း ၈၀၀၀ နီးပါးတန္ဖိုးရွိ ပညာသင္ေထာက္ပံ့ေၾကးေငြ ဂ်ပန္နိုင္ငံက ျမန္မာႏိုင္ငံအားေပးအပ္
ေငြက်ပ္သန္း ၈၀၀၀ နီးပါးတန္ဖိုးရွိ ပညာသင္ေထာက္ပံ့ေၾကးေငြမ်ားကို ဂ်ပန္နိုင္ငံက ျမန္မာႏိုင္ငံအားေပးအပ္ေၾကာင္း သိရသည္။
အစိုးရအရာရွိငယ္မ်ားအတြက္ လိုအပ္သည့္ ကၽြမ္းက်င္မႈႏွင့္အသိပညာဗဟုသုတမ်ား ရယူနိုင္ရန္ ဂ်ပန္အစိုးရကပံ့ပိုးကူညီေပးျခင္းျဖစ္ၿပီး ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ Mr. MARUYAMA Ichiro ႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဗရတ္ဆင္းတို႔ စာခၽြန္လႊာမ်ားကို အသီးသီးကိုဇူလိုင္ ၆ ရက္က လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္း သိရသည္။
အဆိုပါ ပညာသင္ေထာက္ပံ႔ေၾကးေငြမ်ားမွာ အစိုးရအရာရွိငယ္မ်ား ဂ်ပန္နိုင္ငံတြင္ မဟာဘြဲ႕၊ ပါရဂူဘြဲ႕အတြက္ ပညာမ်ား ေလ့လာဆည္းပူးနိုင္ၿပီး လိုအပ္သည့္ ကၽြမ္းက်င္မႈႏွင့္အသိပညာဗဟုသုတမ်ားရယူနိုင္ရန္ ပံ့ပိုးကူညီေပးျခင္းႏွင့္ ျမန္မာနိုင္ငံ၏ ဖြံ့ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို ေျဖရွင္းရာတြင္ အေထာက္အကူျပဳနိုင္ၿပီး လူ႔အဖြဲ႕အစည္းကြန္ရက္တစ္ခုကို တည္ေဆာက္ျခင္းျဖင့္ ႏွစ္နိုင္ငံအၾကားဆက္ဆံေရး ပိုမိုတိုးတက္ခိုင္မာလာေစရန္ အေထာက္အကူျပဳမည့္အစီအစဥ္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါအေထာက္အပံ႔ကို “လူ႔စြမ္းအားအရင္းအျမစ္ဖြံ့ၿဖိဳးမႈ ပညာသင္အေထာက္အပံ့စီမံကိန္း”ဟု အမည္ေပးထားၿပီး ဂ်ပန္ယန္း ၆၂၇ သန္း တန္ဖိုးႏွင့္ ညီမွ်သည့္ ျမန္မာေငြက်ပ္သန္း ၈၀၀၀ နီးပါးရွိေၾကာင္းသိရသည္။
မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com