နေပြည်တော်တွင် နိုင်ငံဝန်ထမ်းများအတွက် တိုက်ခန်း (၃၀၀၀) ကို နေပြည်တော်စည်ပင်က တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1119 Views

နေပြည်တော်တွင် နိုင်ငံဝန်ထမ်းများအတွက် တိုက်ခန်း (၃၀၀၀) ကို နေပြည်တော်စည်ပင်က တည်ဆောက်မည်

[Unicode]

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက နိုင်ငံဝန်ထမ်းများအတွက် တိုက်ခန်း ၃၀၀၀ တည်ဆောက်အကောင်အထည်ဖော်လျက်ရှိသည်။

ထိုသို့အကောင်အထည်ဖော်ရန် နိုင်ငံတော်အကြီးအကဲများ လမ်းညွန့်ခဲ့ခြင်းဖြစ်ပြီး တိုက်ခန်း ၁၆ ခန်းပါ ၄ခန်းတွက် တိုက် ၁၉၀ခန့်ဆောက်လုပ်မည်ဟုဆိုသည်။

ထိုစီမံကိန်းကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက်အကြား၊ ရတနာအောင်မြေလမ်း၏ အရှေ့ဘက်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်၊ မြို့မဈေးအနီးတွင်ဆောင်ရွက်နေခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အိမ်ရာစီမံကိန်းကို (၁) နှစ်တာကာလအတွင်း အပြီးသတ်အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

လက်ရှိ အကောင်ထည်ဖေါ် တည်ဆောက်နေသည့် ပထမအဆင့် တိုက်(၆၃)လုံးတွင် တိုက်(၃၉)လုံးသည် ၂၀၂၀ အောက်တိုဘာလကုန်တွင်ပြီးစီးမည်ဖြစ်သည်။ ကျန်တိုက် (၂၄)လုံး သည် ဒီဇင်ဘာလကုန်တွင် ပြီးစီးမည်ဖြစ်သည်။စီမံကိန်းတစ်လုံးကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အပြီး တည်ဆောက်သွား မည်ဖြစ်သည်။

နိုင်ငံဝန်ထမ်းများအတွက် အငှားအိမ်ယာစီမံကိန်းများကို နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးတို့တွင် ဆောင်ရွက်နေခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံဝန်ထမ်းဟောင်းများအတွက် ရည်ရွယ်ပြီး ဝန်ထမ်းအိမ်ယာနှင့် အငှားအိမ်ရာ အခန်းေ ပါင်း ၁,၅၀၀ ကျော်ကို ဆောက်လုပ်ခဲ့သည်။

ယင်းအိမ်ရာစီမံကိန်းကို မန္တလေးတောင်အရှေ့ဖက် ပုသိမ်ကြီးမြို့နယ်ရှိ မဲကင်းကုန်းကျေးရွာအနီးတွင် ဆောက်လုပ်သွားမည်ဖြစ်ကာ မြေဧက ၃၃ ဒသမ ၂၂ ဧကအကျယ်ပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အိမ်ခန်းပေါင်း ၁,၅၅၂ ခန်း ပါဝင်မည်ဖြစ်ကာ တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း အပြီးတည်ဆောက်ခဲ့သည်။

အိမ်ရာစီမံကိန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေဖြင့်ဆောင်ရွက်လုပ်ကိုင်မည်ဖြစ်ကာ တိုင်းဒေသကြီးအေနေဖြင့် မြေနေရာရှာပေးရခြင်းသာဖြစ်ပြီး ကျပ်ငွေ ၁၀ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန် မာနိုင် ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းတွင် ဝန်ထမ်းအိမ်ရာများကို တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်နေသည်။

ဝန်ထမ်းအိမ်ယာဆောက်လုပ်ပေးရာတွင် အခြားဝေးလံသော အရပ်ဒေသမှ လာရောက်တာဝန်ထမ်းဆောင်သည့် နေထိုင်ရန် အခက်အခဲရှိနေသည့် ဝန်ထမ်းများအတွက် စောင့်ရှောက်မှု ပေးရန် ဆောက်လုပ်ပေးခြင်းဖြစ်ဟု ရန်ကုန်တိုင်းအစိုးရကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service