အိမ်ရာစီမံကိန်းတည်ဆောက်ရေးတွေ ရာနှုန်းပြည့်လည်ပတ်နေပြီ - Property News in Myanmar from iMyanmarHouse.com
618 Views

အိမ်ရာစီမံကိန်းတည်ဆောက်ရေးတွေ ရာနှုန်းပြည့်လည်ပတ်နေပြီ

[Unicode]

COVID-19 ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကတည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းအများစုဟာ ဧပြီလတစ်လ သာ ရပ်နားခဲ့ရပြီး လက်ရှိမှာ ရာနှုန်းပြည့်လည်ပတ်နေပြီ ဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာနထံကသိရပါတယ်။

တစ်နိုင်ငံလုံးက အိမ်ရာစီမံကိန်းများတင်မကဘဲ လမ်းတံတားအခြေခံအဆောက်အအုံစီမံကိန်းတွေဟာ ဧပြီလတစ်လထဲသာ နားခဲ့တာဖြစ်ပြီး မေလကစတင်ကာ ပြန်လည် လည်ပတ်ခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ရဲ့ ဒုတိယဝန်ကြီးဦးကျော်လင်းကပြောပါတယ်။

ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းများဆိုင်ရာ အွန်လိုင်းကတိုက်ရိုက်ဆွေးနွေးပွဲမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ နယ်ဒေသတွေကိုတော့ ကျွန်တော်တို့က Video Conferencing နဲ့ တိုက်ရိုက်ညွှန်ကြားပြီး လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်နေတာဒီနေ့ထိပါပဲ အခုဘဏ္ဍာနှစ်ထဲမှာ သတ်မှတ်ထားတဲ့ အတိုင်းစီမံကိန်းတွေပြီးစီးဖို့ ကျွန်တော်တို့လက်ရှိအချိန်ထိ လုပ်ဆောင်တာဖြစ်ပါတယ် မိုးရာသီ ဖြစ်တာကြောင့် တချို့ စီမံကိန်းတွေမှာတော့ ခရီးမတွင်တာလေးတွေလည်းရှိပါတယ် ဒါပေမဲ့ အမြန်ဆုံးပြီးအောင်တော့ လူအားစက်အားအားလုံးကို ကျွန်တော်တို့ အသုံးပြုနေတာဖြစ်ပါတယ် “ လို့ဦးကျော်လင်းကထည့်သွင်းပြောကြားသွားခဲ့တာပါ။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလည်း တတ်နိုင်သလောက် တစ်ဦးနဲ့တစ်ဦး Social Distancing ဖြစ်အောင် ၆ပေခွာပြီးလုပ်ကိုင်တာ နှာခေါင်းစည်းတပ်ဆင်တာ လူအင်အားကိုလျှော့ပြီး အလုပ်ချိန်နှစ်ချိန် ခွဲလုပ်ကိုင်တာ ၊ တစ်ဦးနဲ့တစ်ဦးနားနေချိန်တွေမှာလည်း ၆ပေခွာပြီးနေထိုင်တာတွေကို ကြပ်မတ်ညွှန်ကြားထားတယ်လို့ဒုတိယဝန်ကြီးကပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ပြည်ပကပညာရှင်တွေအနေနဲ့ကတော့လက်ရှိမှာ လေကြောင်းလိုင်းတွေပိတ်ထာတာကြောင့် မြန်မာပြည်ကိုလာရောက်ဖို့ခက်ခဲနေတာတွေလည်းရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ နာယကအခုလိုပြောပါတယ်။

“အွန်လိုင်းကနေလှမ်းပြီးလုပ်လို့ရတာတွေရှိပေမယ့် တကယ့်မြေပြင်မှာလူကိုယ်တိုင်လာပြီးညွန်ကြားမှဖြစ်မယ့် အခြေအနေတွေလည်းရှိတော့တချို့အပိုင်းတွေမှာ အဆင်မပြေတာလေတွေတော့ရှိပါတယ် “လို့၎င်းကဆိုပါတယ်။

အစိုးရကတေ့ာလက်ရှိတည်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပြည်ပကပြန်လာတဲ့မြန်မာလုပ်သားတွေကို လုပ်ငန်းခွင်တွေမှာအသုံးချဖို့ရည်ရွယ်ထားတာပါ။ အခုနှစ်မှာတော့ နေပြည်တော် ၊ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ တန်ဖိုးမျှတအိမ်ရာ ၊ အငြိမ်းစားအိမ်ရာ ၊ အဌားအိမ်ရာ စုစုပေါင်းစီမံကိန်း ၂၀ကျော်ကိုတည်ဆောက်နေတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 [Zawgyi]

 

အိမ္ရာစီမံကိန္းတည္ေဆာက္ေရးေတြ ရာႏႈန္းျပည့္လည္ပတ္ေနၿပီ

COVID-19 ေၾကာင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကတည္ေဆာက္ေနတဲ့ အိမ္ရာစီမံကိန္းအမ်ားစုဟာ ဧၿပီလတစ္လ သာ ရပ္နားခဲ့ရၿပီး လက္ရွိမွာ ရာႏႈန္းျပည့္လည္ပတ္ေနၿပီ ျဖစ္တယ္လို႔ေဆာက္လုပ္ေရးဝန္ႀကီးဌာနထံကသိရပါတယ္။

တစ္ႏိုင္ငံလုံးက အိမ္ရာစီမံကိန္းမ်ားတင္မကဘဲ လမ္းတံတားအေျခခံအေဆာက္အအုံစီမံကိန္းေတြဟာ ဧၿပီလတစ္လထဲသာ နားခဲ့တာျဖစ္ၿပီး ေမလကစတင္ကာ ျပန္လည္ လည္ပတ္ခဲ့တယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ရဲ႕ ဒုတိယဝန္ႀကီးဦးေက်ာ္လင္းကေျပာပါတယ္။

ေဆာက္လုပ္ေရး ဒုတိယဝန္ႀကီးက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ ကိုဗစ္ေၾကာင့္ ထိခိုက္သြားတဲ့ ေဆာက္လုပ္ေရး လုပ္ငန္းမ်ားဆိုင္ရာ အြန္လိုင္းကတိုက္႐ိုက္ေဆြးေႏြးပြဲမွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

“ နယ္ေဒသေတြကိုေတာ့ ကြၽန္ေတာ္တို႔က Video Conferencing နဲ႔ တိုက္႐ိုက္ၫႊန္ၾကားၿပီး လုပ္စရာရွိတာေတြကို ဆက္တိုက္လုပ္ေနတာဒီေန႔ထိပါပဲ အခုဘ႑ာႏွစ္ထဲမွာ သတ္မွတ္ထားတဲ့ အတိုင္းစီမံကိန္းေတြၿပီးစီးဖို႔ ကြၽန္ေတာ္တို႔လက္ရွိအခ်ိန္ထိ လုပ္ေဆာင္တာျဖစ္ပါတယ္ မိုးရာသီ ျဖစ္တာေၾကာင့္ တခ်ိဳ႕ စီမံကိန္းေတြမွာေတာ့ ခရီးမတြင္တာေလးေတြလည္းရွိပါတယ္ ဒါေပမဲ့ အျမန္ဆုံးၿပီးေအာင္ေတာ့ လူအားစက္အားအားလုံးကို ကြၽန္ေတာ္တို႔ အသုံးျပဳေနတာျဖစ္ပါတယ္ “ လို႔ဦးေက်ာ္လင္းကထည့္သြင္းေျပာၾကားသြားခဲ့တာပါ။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာလည္း တတ္ႏိုင္သေလာက္ တစ္ဦးနဲ႔တစ္ဦး Social Distancing ျဖစ္ေအာင္ ၆ေပခြာၿပီးလုပ္ကိုင္တာ ႏွာေခါင္းစည္းတပ္ဆင္တာ လူအင္အားကိုေလွ်ာ့ၿပီး အလုပ္ခ်ိန္ႏွစ္ခ်ိန္ ခြဲလုပ္ကိုင္တာ ၊ တစ္ဦးနဲ႔တစ္ဦးနားေနခ်ိန္ေတြမွာလည္း ၆ေပခြာၿပီးေနထိုင္တာေတြကို ၾကပ္မတ္ၫႊန္ၾကားထားတယ္လို႔ဒုတိယဝန္ႀကီးကေျပာပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းေတြအတြက္လိုအပ္တဲ့ျပည္ပကပညာရွင္ေတြအေနနဲ႔ကေတာ့လက္ရွိမွာ ေလေၾကာင္းလိုင္းေတြပိတ္ထာတာေၾကာင့္ ျမန္မာျပည္ကိုလာေရာက္ဖို႔ခက္ခဲေနတာေတြလည္းရွိတယ္လို႔ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းရဲ႕ နာယကအခုလိုေျပာပါတယ္။

" အြန္လိုင္းကေနလွမ္းၿပီးလုပ္လို႔ရတာေတြရွိေပမယ့္ တကယ့္ေျမျပင္မွာလူကိုယ္တိုင္လာၿပီးၫြန္ၾကားမွျဖစ္မယ့္ အေျခအေနေတြလည္းရွိေတာ့တခ်ိဳ႕အပိုင္းေတြမွာ အဆင္မေျပတာေလေတြေတာ့ရွိပါတယ္ " လို႔၎က ဆိုပါတယ္။

အစိုးရကေတ့ာလက္ရွိတည္ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ျပည္ပကျပန္လာတဲ့ျမန္မာလုပ္သားေတြကို လုပ္ငန္းခြင္ေတြမွာအသုံးခ်ဖို႔ရည္႐ြယ္ထားတာပါ။

အခုႏွစ္မွာေတာ့ ေနျပည္ေတာ္ ၊ရန္ကုန္၊ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီးေတြမွာ တန္ဖိုးမွ်တအိမ္ရာ ၊ အၿငိမ္းစားအိမ္ရာ ၊ အဌားအိမ္ရာ စုစုေပါင္းစီမံကိန္း ၂၀ေက်ာ္ကိုတည္ေဆာက္ေနတာပါ။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service