ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းလာရောက်ဖွင့်လှစ်ထားမှု လစဉ်မြင့်တက်နေ - Property News in Myanmar from iMyanmarHouse.com
1522 Views

ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် ငွေစာရင်းလာရောက်ဖွင့်လှစ်ထားမှု လစဉ်မြင့်တက်နေ

 

[Unicode]

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန်အတွက် ငွေစာရင်းလာရောက်ဖွင့်လှစ်ထားမှုဟာ လစဉ်မြင့်တက်လျှက်ရှိပါတယ်။

အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ခြင်းကို ၂၀၁၆ သြဂုတ်က စတင်ခဲ့ပြီး လက်ရှိတွင် အိမ်ရာဝယ်ယူရန် စုဆောင်းငွေစာရင်းဖွင့်လှစ်ထားသူ လစဉ် များပြားလာပြီး တစ်လကို လူဦးရေ ၃၀၀ ဝန်းကျင်လောက်ပုံမှန်ဖွင့်လှစ်နေတာပါ။ အိမ်ရာဝယ်ယူခွင့် ငွေစုစာအုပ်အစီအစဉ်တွင်ပုံမှန်ဝင်ငွေရှိသူကုမ္ပဏီဝန်ထမ်းနှင့် အစိုးရဝန်ထမ်းအများစုက ငွေစာရင်း ဖွင့်လှစ်ခြင်းဖြစ်သည်။

အထူးသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရောင်းချသည့် ကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးနည်းအိမ်ရာများကို ဝယ်ယူလိုသူ အများစုက လာရောက်စုဆောင်းခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ဆောက်လုပ်ရေးဘဏ်တို့ ပူးပေါင်းကာ အရစ်ကျစနစ်ဖြင့် ရောင်းချနေသည့် ယုဇနဥယျာဉ် မြို့တော်အနီးနှင့် လှိုင်သာယာမြို့နယ်တို့တွင် ဆောက်လုပ်ခဲ့သည့် ကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးနည်း တိုက်ခန်းများ ဝယ်ယူခွင့်နှင့် သန်လျင်မြို့နယ်တွင် ဆက်လက်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူခွင့်အတွက် အဆိုပါအိမ်ရာစုဆောင်းငွေစာရင်း လာရောက်ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပါက ငွေကျပ်တစ်သောင်းဖြင့် စတင်ဖွင့်လှစ်နိုင်ပြီး တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့်ရရန် စုဆောင်းငွေသည် အိမ်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပြည့်မီရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

သို့သော်ပြီးခဲ့သည့်လကစတင်ပြီး ၂၀ ရာခိုင်နှုန်းပြည့်မှီသည်နှင့် အိမ်ရာချေးငွေထုတ်ပေးမည်ဖြစ်ကြောင်းသတ်မှတ်ပြင်ဆင်ပြောင်းလဲခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]


 









 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service