ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း (၄၀) ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချနိုင်ပါက ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
602 Views

ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်ခန်း (၄၀) ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချနိုင်ပါက ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရမည်ဟုဆို

[Unicode]

ရန်ကုန်မြို့ ရှိ ကွန်ဒိုတိုက်ခန်း ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားသားများအား ရောင်းချနိုင်ပါက ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က COVID-19 နှင့် ဆောက်လုပ်ရေး ကဏ္ဍအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်သူများနှင့် အပြည်အလှန်ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် တည်ဆောက်ပြီးနှင် တည်ဆောက်ဆဲ ကွန်ဒိုတိုက်ခန်းပေါင်း ၁၅၀၀၀ ရှိပြီး ထိုအထဲမှ ၄၀ ရာခိုင်နှုန်း ဖြစ်သည့် တိုက်ခန်း ၆၀၀၀ကျော်ကို နိုင်ငံခြားသားများကိုရောင်းချနိုင်ရေး ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုသို့ရောင်းချရာတွင် ကွန်ဒိုတစ်ခန်းလျှင် ကျပ် သိန်း ၂၅၀ ဖြင့် ပျမ်းမျှ တွက်ချက်ပါက ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံရရှိပြီး နိုင်ငံစီးပွားရေးကို အထောက်အကူပြုစေမည်ဟု ဦးရှိန်ဝင်းကပြောသည်။

"နိုင်ငံတကာမှာတော့ ကွန်ဒိုမီနီယံအမြောက်အများရောင်းချနိုင်ဖို့ အစိုးရက ပါဝင်ကူညီဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် တံဆိပ်ခေါင်းခွန်တွေ လျှော့ပေါ့တာ၊ သက်သာတဲ့အတိုးနှုန်းနဲ့ mortgage သုံးပေးတာ၊ multi-visa ဆယ်နှစ်ထုတ်ပေးတာ၊ Second Home သတ်မှတ်ပေးတာတို့ကို ပြုလုပ်ပေးခဲ့လို့ နိုင်ငံခြားငွေအများအပြားရရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။"လို့ ဦးရှိန်ဝင်းက ပြောပါတယ်။

COVID-19 ကာလတွင် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်ပေးခြင်းထက် လိုအပ်သည့် ဥပဒေများ ဖြေလျော့ ပေးခြင်းက ဝယ်ယူသူများအတွက် အကျိုးရှိသည်ဟု ဦးရှိန်ဝင်းကဆိုသည်။

ပြည်တွင်းရှိ နိုင်ငံသားများအတွက် ကွန်ဒိုတိုက်ခန်း ၉၀၀၀ကျော်ကို ‌ရောင်းချလျှင် ကျပ် ၂၂၅ ဘီလီယံ ရမည်ဟုဆိုသည်။ ၎င်းငွေများသည် နိုင်ငံစီးပွားရေးလည်ပတ်ရာတွင် ပါဝင်မည်ဟု ၎င်းကဆိုသည်။

ယခုကာလတွင် ပုဂ္ဂလိက မြေများတွင် တည်ဆောက်နေသည့် ကွန်ဒိုမီနီယံနှင့် တိုက်ခန်းများ အခက်အခဲကြုံနေရသည်ဟုဆိုသည်။ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းမသွားစေရန်နှင့် ဆောက်လုပ်ရေးလုပ်သားများ အလုပ်လက်မဲ့မဖြစ်စေရန် နိုင်ငံတော် ချေးငွေထုတ်ပေးသည်ကြောင်းကိုလည်း ၎င်းကဆိုသည်။

ထိုသို့ချေးငွေထုတ်ပေးရာတွင် နိုင်ငံတော် စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ နှစ်လတ်ချေးငွေများ ချထားပေးသည်ဟုလည်းဆိုသည်။ လုပ်ငန်းအားလုံးချေးငွေရရန် အစိုးရက ထုတ်ပေးရန် အခက်အခဲရှိသည့် အတွက် ပုဂ္ဂလိကဘဏ်များကို စီမံကိန်း ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းထိရလျှင် အဆင်ပြေသည်ဟုဆိုသည်။ ထိုချေးငွေကို နိုင်ငံခြားမှ တဆင့်ပြည်တွင်းဘဏ်များ တာဝန်ခံချေးပေးရန် ၎င်းကတိုက်တွန်းသည်။

ဆောက်လုပ်ရေးကဏ္ဍသည် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု ၎င်းကဆိုသည်။ ဆောက်လုပ်ရေးသည် အလုပ်အကိုင်အခွင့်အလန်း အမြန်ဆုံးနှင့် အများဆုံးဖန်တီးနိုင်သည်ဟု ဆိုသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕ရွိ ကြန္ဒိုတိုက္ခန္း (၄၀) ရာခိုင္ႏႈန္းကို ႏိုင္ငံျခားသားမ်ားအား ေရာင္းခ်ႏိုင္ပါက ေဒၚလာ ၁ ဒသမ ၁ ဘီလီယံရမည္ဟုဆို

ရန္ကုန္ၿမိဳ႕ ရွိ ကြန္ဒိုတိုက္ခန္း ၄၀ ရာခိုင္ႏႈန္းကို ႏိုင္ငံျခားသားမ်ားအား ေရာင္းခ်ႏိုင္ပါက ေဒၚလာ ၁ ဒသမ ၁ ဘီလီယံရရွိမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ဥကၠဌ ဦးရွိန္ဝင္းက ေျပာသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က COVID-19 ႏွင့္ ေဆာက္လုပ္ေရး က႑အေပၚ သက္ေရာက္မႈမ်ားႏွင့္စပ္လ်ဥ္း၍ ပါဝင္ေဆာင္႐ြက္သူမ်ားႏွင့္ အျပည္အလွန္ေဆြးေႏြးပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္ တည္ေဆာက္ၿပီးႏွင္ တည္ေဆာက္ဆဲ ကြန္ဒိုတိုက္ခန္းေပါင္း ၁၅၀၀၀ ရွိၿပီး ထိုအထဲမွ ၄၀ ရာခိုင္ႏႈန္း ျဖစ္သည့္ တိုက္ခန္း ၆၀၀၀ေက်ာ္ကို ႏိုင္ငံျခားသားမ်ားကိုေရာင္းခ်ႏိုင္ေရး ျဖစ္သည္ဟု ၎ကဆိုသည္။

ထိုသို႔ေရာင္းခ်ရာတြင္ ကြန္ဒိုတစ္ခန္းလွ်င္ က်ပ္ သိန္း ၂၅၀ ျဖင့္ ပ်မ္းမွ် တြက္ခ်က္ပါက ေဒၚလာ ၁ ဒသမ ၁ ဘီလီယံရရွိၿပီး ႏိုင္ငံစီးပြားေရးကို အေထာက္အကူျပဳေစမည္ဟု ဦးရွိန္ဝင္းကေျပာသည္။

"ႏိုင္ငံတကာမွာေတာ့ ကြန္ဒိုမီနီယံအေျမာက္အမ်ားေရာင္းခ်ႏိုင္ဖို႔ အစိုးရက ပါဝင္ကူညီေဆာင္႐ြက္ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ တံဆိပ္ေခါင္းခြန္ေတြ ေလွ်ာ့ေပါ့တာ၊ သက္သာတဲ့အတိုးႏႈန္းနဲ႔ mortgage သုံးေပးတာ၊ multi-visa ဆယ္ႏွစ္ထုတ္ေပးတာ၊ Second Home သတ္မွတ္ေပးတာတို႔ကို ျပဳလုပ္ေပးခဲ့လို႔ ႏိုင္ငံျခားေငြအမ်ားအျပားရရွိေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။"လို႔ ဦးရွိန္ဝင္းက ေျပာပါတယ္။

COVID-19 ကာလတြင္ ႏိုင္ငံေတာ္က ေငြေၾကးစိုက္ထုတ္ေပးျခင္းထက္ လိုအပ္သည့္ ဥပေဒမ်ား ေျဖေလ်ာ့ ေပးျခင္းက ဝယ္ယူသူမ်ားအတြက္ အက်ိဳးရွိသည္ဟု ဦးရွိန္ဝင္းကဆိုသည္။

ျပည္တြင္းရွိ ႏိုင္ငံသားမ်ားအတြက္ ကြန္ဒိုတိုက္ခန္း ၉၀၀၀ေက်ာ္ကို ‌ေရာင္းခ်လွ်င္ က်ပ္ ၂၂၅ ဘီလီယံ ရမည္ဟုဆိုသည္။ ၎ေငြမ်ားသည္ ႏိုင္ငံစီးပြားေရးလည္ပတ္ရာတြင္ ပါဝင္မည္ဟု ၎ကဆိုသည္။

ယခုကာလတြင္ ပုဂၢလိက ေျမမ်ားတြင္ တည္ေဆာက္ေနသည့္ ကြန္ဒိုမီနီယံႏွင့္ တိုက္ခန္းမ်ား အခက္အခဲႀကဳံေနရသည္ဟုဆိုသည္။ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ရပ္ဆိုင္းမသြားေစရန္ႏွင့္ ေဆာက္လုပ္ေရးလုပ္သားမ်ား အလုပ္လက္မဲ့မျဖစ္ေစရန္ ႏိုင္ငံေတာ္ ေခ်းေငြထုတ္ေပးသည္ေၾကာင္းကိုလည္း ၎ကဆိုသည္။

ထိုသို႔ေခ်းေငြထုတ္ေပးရာတြင္ ႏိုင္ငံေတာ္ စီမံကိန္း၏ ၃၀ ရာခိုင္ႏႈန္းမွ ၅၀ ရာခိုင္ႏႈန္းအထိ ႏွစ္လတ္ေခ်းေငြမ်ား ခ်ထားေပးသည္ဟုလည္းဆိုသည္။ လုပ္ငန္းအားလုံးေခ်းေငြရရန္ အစိုးရက ထုတ္ေပးရန္ အခက္အခဲရွိသည့္ အတြက္ ပုဂၢလိကဘဏ္မ်ားကို စီမံကိန္း ၂၀ ရာခိုင္ႏႈန္း မွ ၃၀ ရာခိုင္ႏႈန္းထိရလွ်င္ အဆင္ေျပသည္ဟုဆိုသည္။ ထိုေခ်းေငြကို ႏိုင္ငံျခားမွ တဆင့္ျပည္တြင္းဘဏ္မ်ား တာဝန္ခံေခ်းေပးရန္ ၎ကတိုက္တြန္းသည္။

ေဆာက္လုပ္ေရးက႑သည္ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးေရးအတြက္ အေရးႀကီးသည့္ အခန္းက႑မွ ပါဝင္သည္ဟု ၎ကဆိုသည္။ ေဆာက္လုပ္ေရးသည္ အလုပ္အကိုင္အခြင့္အလန္း အျမန္ဆုံးႏွင့္ အမ်ားဆုံးဖန္တီးႏိုင္သည္ဟု ဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
၂၀၂၄ ခုနှစ်အတွင်း အမေရိကတွင် နေထိုင်ရန် အကောင်းဆုံး ၁၀ နေရာနှင့် အိမ်ဈေးနှုန်း အချက်အလက်များ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
စင်္ကာပူတွင် နေအိမ်အငှားချထားရန် တင်ပြခြင်းမရှိဘဲ အခန်း ၃ ခန်းကို အငှားချကာ ဝင်ငွေရှာသည့် အိမ်ရှင် အမျိုးသမီး စင်္ကာပူဒေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ

Upcoming Property Events

From 08 Jun To 09 Jun

Myat Ingyin Housing Sales Event

myat-ingyin
yatanar-mall

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service