နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) တိုက်ခန်း အိမ်ရာစီမံကိန်းအကောင်အထည်ဖေါ်မှု၊အငြိမ်းစားဝန်ထမ်းများက တိုက်ခန်းဝယ်ယူနေမှု နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား နေပြည်တော်စည်ပင်မှအသိပေး - Property News in Myanmar from iMyanmarHouse.com
1583 Views

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) တိုက်ခန်း အိမ်ရာစီမံကိန်းအကောင်အထည်ဖေါ်မှု၊အငြိမ်းစားဝန်ထမ်းများက တိုက်ခန်းဝယ်ယူနေမှု နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား နေပြည်တော်စည်ပင်မှအသိပေး

[Unicode]

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)တိုက်ခန်း အိမ်ရာစီမံကိန်း(တိုက်ခန်း-၃၀၀၀) စီမံကိန်းအကောင်အထည်ဖေါ်မှု၊နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များက တိုက်ခန်းဝယ်ယူနေမှု နှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဇူလိုင် ၃ ရက်က အသိပေးဖော်ပြထားသည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအတွက် တိုက်ခန်းစီမံကိန်းအား နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက်အကြား၊ ရတနာအောင်မြေလမ်း၏ အရှေ့ဘက်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ တောင်ဘက်၊ မြို့မဈေးအနီး ကော်မတီက စီမံခန့်ခွဲသော မြေလွတ်နေရာတွင် တိုက်ခန်း(၁၆)ခန်းပါ ၄ခန်းတွဲ၊ ၄ထပ်(4U4S)၊ တိုက် (၁၈၉) လုံး (တိုက်ခန်း-၃၀၀၀) အား တည်ဆောက်နေကြောင်း၊ စီမံကိန်းပထမအဆင့်အနေဖြင့် တိုက်ခန်း (၁၆)ခန်းပါ ၄ခန်းတွဲ၊ ၄ထပ် (4U4S)၊ တိုက်(၆၃) လုံးအနက် တိုက်(၃၉)လုံးသည် လာမည့် အောက်တိုဘာလကုန်တွင်ပြီးစီးမည်ဖြစ်ကြောင်း၊ ကျန်တိုက် (၂၄) လုံးကိုဒီဇင်ဘာ လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။

ဒုတိယအဆင့်အဖြစ် ကျန်တိုက်(၁၂၆)လုံးအား ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊အဆိုပါ စီမံကိန်းအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၁) ရက်မှ စတင်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ခဲ့ကြောင်းသိရသည်။

ယခင်က အငြိမ်းစားများအတွက် မြေကွက်ချထားပေးခဲ့သော်လည်း အိမ်ဆောက်ရန်အခက်အခဲရှိကြသဖြင့် ယခု ပုံစံသစ်အနေဖြင့် အငြိမ်းစားများ တိုက်ခန်းပိုင်ဆိုင်နိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အိမ်ရာစီမံကိန်းကို (၁)နှစ်တာကာလအတွင်း အပြီးသတ်အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

အငြိမ်းစားများအတွက်တိုက်ခန်းရောင်းချရာတွင် ၆၅၀ စတုရန်းပေအကျယ်အဝန်းရှိတိုက်ခန်းအား မြန်မာကျပ်ငွေဖြင့် မြေညီထပ်ဆိုလျှင် သိန်း (၂၅၀)၊ ပထမထပ် သိန်း(၂၄၀)၊ ဒုတိယထပ် သိန်း (၂၃၀)၊ တတိယထပ် သိန်း (၂၂၀)ဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန်(၂၉)ရက်မှစတင်၍ လက်ငင်းစနစ်၊အရစ်ကျစနစ်တို့ဖြင့်ငွေပေးချေမှုကိုလက်ခံပေးလျှက်ရှိပြီး ဝယ်ယူလိုသူများ၏ လျှောက်လွှာပါ အဆိုပြုလျှောက်ထားသည့် တိုက်ခန်းအလွှာအလိုက် အုပ်စုခွဲ၍ လျှောက်လွှာလက်ခံရရှိသည့် ဦးစားပေးအစီအစဉ် (Serial Number) အလိုက်လက်ခံ ဆောင်ရွက် ပေးနေကြောင်းသိရသည်။

အဆိုပါအိမ်ရာရှိတိုက်ခန်းများကို အငြိမ်းစားများ အပြင်လက်ရှိတာဝန် ထမ်းဆောင်နေဆဲ ဝန်ထမ်းများ၊ ပြင်ပပုဂ္ဂိုလ်များကိုလည်းရောင်းချ ပေးရန် ရှိကြောင်း အဆိုပါအသိပေးဖော်ပြချက်အရသိရသည်။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

နိုင္ငံ့ဝန္ထမ္း(အၿငိမ္းစား) တိုက္ခန္း အိမ္ရာစီမံကိန္းအေကာင္အထည္ေဖၚမႈ၊အၿငိမ္းစားဝန္ထမ္းမ်ားက တိုက္ခန္းဝယ္ယူေနမႈ ႏွင့္ ဆက္လက္ေဆာင္ရြက္မည့္အစီအစဥ္မ်ားအား ေနျပည္ေတာ္စည္ပင္မွအသိေပး

နိုင္ငံ့ဝန္ထမ္း(အၿငိမ္းစား)တိုက္ခန္း အိမ္ရာစီမံကိန္း(တိုက္ခန္း-၃၀၀၀) စီမံကိန္းအေကာင္အထည္ေဖၚမႈ၊နိုင္ငံ့ဝန္ထမ္း(အၿငိမ္းစား)မ်ားက တိုက္ခန္းဝယ္ယူေနမႈ ႏွင့္ ဆက္လက္ေဆာင္ရြက္မည့္အစီအစဥ္မ်ား ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ၏ ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ ဇူလိုင္ ၃ ရက္က အသိေပးေဖာ္ျပထားသည္။

နိုင္ငံ့ဝန္ထမ္း(အၿငိမ္းစား)မ်ားအတြက္ တိုက္ခန္းစီမံကိန္းအား နိုင္ငံေတာ္ အႀကီးအကဲ၏ လမ္းညႊန္ခ်က္မ်ားႏွင့္အညီ ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သုခသိဒၶိရပ္ကြက္ႏွင့္ ဉာဏသိဒၶိရပ္ကြက္အၾကား၊ ရတနာေအာင္ေျမလမ္း၏ အေရွ႕ဘက္၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္း၏ ေတာင္ဘက္၊ ၿမိဳ႕မေဈးအနီး ေကာ္မတီက စီမံခန႔္ခြဲေသာ ေျမလြတ္ေနရာတြင္ တိုက္ခန္း(၁၆)ခန္းပါ ၄ခန္းတြဲ၊ ၄ထပ္(4U4S)၊ တိုက္ (၁၈၉) လုံး (တိုက္ခန္း-၃၀၀၀) အား တည္ေဆာက္ေနေၾကာင္း၊ စီမံကိန္းပထမအဆင့္အေနျဖင့္ တိုက္ခန္း (၁၆)ခန္းပါ ၄ခန္းတြဲ၊ ၄ထပ္ (4U4S)၊ တိုက္(၆၃) လုံးအနက္ တိုက္(၃၉)လုံးသည္ လာမည့္ ေအာက္တိုဘာလကုန္တြင္ၿပီးစီးမည္ျဖစ္ေၾကာင္း၊ က်န္တိုက္ (၂၄) လုံးကိုဒီဇင္ဘာ လကုန္တြင္ ၿပီးစီးမည္ျဖစ္ေၾကာင္းသိရသည္။

ဒုတိယအဆင့္အျဖစ္ က်န္တိုက္(၁၂၆)လုံးအား ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလကုန္အၿပီး တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း၊အဆိုပါ စီမံကိန္းအား ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ(၂၁) ရက္မွ စတင္ၿပီး ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက အေကာင္အထည္ေဖာ္ခဲ့ေၾကာင္းသိရသည္။

ယခင္က အၿငိမ္းစားမ်ားအတြက္ ေျမကြက္ခ်ထားေပးခဲ့ေသာ္လည္း အိမ္ေဆာက္ရန္အခက္အခဲရွိၾကသျဖင့္ ယခု ပုံစံသစ္အေနျဖင့္ အၿငိမ္းစားမ်ား တိုက္ခန္းပိုင္ဆိုင္နိုင္ခြင့္ရရွိေစရန္ ရည္ရြယ္၍ နိုင္ငံ့ဝန္ထမ္း (အၿငိမ္းစား) အိမ္ရာစီမံကိန္းကို (၁)ႏွစ္တာကာလအတြင္း အၿပီးသတ္အေကာင္အထည္ေဖၚ ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္းသိရသည္။

အၿငိမ္းစားမ်ားအတြက္တိုက္ခန္းေရာင္းခ်ရာတြင္ ၆၅၀ စတုရန္းေပအက်ယ္အဝန္းရွိတိုက္ခန္းအား ျမန္မာက်ပ္ေငြျဖင့္ ေျမညီထပ္ဆိုလွ်င္ သိန္း (၂၅၀)၊ ပထမထပ္ သိန္း(၂၄၀)၊ ဒုတိယထပ္ သိန္း (၂၃၀)၊ တတိယထပ္ သိန္း (၂၂၀)ျဖင့္ ၂၀၂၀ျပည့္ႏွစ္၊ ဇြန္(၂၉)ရက္မွစတင္၍ လက္ငင္းစနစ္၊အရစ္က်စနစ္တို႔ျဖင့္ေငြေပးေခ်မႈကိုလက္ခံေပးလွ်က္ရွိၿပီး ဝယ္ယူလိုသူမ်ား၏ ေလၽွာက္လႊာပါ အဆိုျပဳေလၽွာက္ထားသည့္ တိုက္ခန္းအလႊာအလိုက္ အုပ္စုခြဲ၍ ေလၽွာက္လႊာလက္ခံရရွိသည့္ ဦးစားေပးအစီအစဥ္ (Serial Number) အလိုက္လက္ခံ ေဆာင္ရြက္ ေပးေနေၾကာင္းသိရသည္။

အဆိုပါအိမ္ရာရွိတိုက္ခန္းမ်ားကို အၿငိမ္းစားမ်ား အျပင္လက္ရွိတာဝန္ ထမ္းေဆာင္ေနဆဲ ဝန္ထမ္းမ်ား၊ ျပင္ပပုဂၢိဳလ္မ်ားကိုလည္းေရာင္းခ် ေပးရန္ ရွိေၾကာင္း အဆိုပါအသိေပးေဖာ္ျပခ်က္အရသိရသည္။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service