ထိုင်းကုမ္ပဏီက မြန်မာပိုင်ကပ္ပလီပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ရှာဖွေရေးအကဲဖြတ်တွင်းများတူးမည် - Property News in Myanmar from iMyanmarHouse.com
2286 Views

ထိုင်းကုမ္ပဏီက မြန်မာပိုင်ကပ္ပလီပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့ရှာဖွေရေးအကဲဖြတ်တွင်းများတူးမည်

[Unicode]

ထိုင်း PTTEP ကုမ္ပဏီက ထားဝယ်မြို့ မှ မိုင် ၁၂၀ကျော်ရှိ ကပ္ပလီပင်လယ်ပြင်တွင် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေး အတွက် အကဲဖြတ်တွင်း ၁၇ တွင်း တူးဖော်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုင်းကုမ္ပဏီက ဓာတ်ငွေ့သိုက်တွေ့ရှိသည့်ဟု ထုတ်ပြန်ထားသည့် ကမ်းလွန်လုပ်ကွက် M-9 ရှိ ကျောက်လွှာ၏ နယ်နမိတ်အနေအထားနှင့် သွင်ပြင်အနေအထားကို သိရှိစေရန် အကဲဖြတ်တွင်းတူဖော်ခြင်းဖြစ်သည်ဟု ထိုင်းကုမ္ပဏီကဆိုသည်။

ထိုသို့ တူးဖော်ခြင်းသည် အနာဂတ်စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ရန်ဖြစ်ပြီး ထိုင်းနိုင်ငံက လုပ်ကိုင်ခွင့်ရထားသည့် ဇောတိကလုပ်ကွက်ကို အထောက်အပံ့ပြုမည်ဟုဆိုသည်။

M-9 လုပ်ကွက်သည် မုတ္တမပင်လယ်ကွေ့၊ ကပ်ပလီပင်လယ်တွင် ရန်ကုန်မြို့မှာ ကီလီုမီတာ ၃၀၀နှင့် ထားဝယ်မြို့၊ တနင်္သာရီကမ်းရိုးတမ်းမှ ကီလီုမီတာ ၁၉၅ အကွာ၌ တည်ရှိသည်။

ထိုသို့အကဲဖြတ်တွင်းတူးဖော်ရန်အတွက် ဇွန် ၁၅ ရက်တွင် ပတ်ဝန်းကျင်ထိခိုက်ဆန်းစစ်မှုအစီရင်ခံကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကို ထိုင်းကုမ္ပဏီက တင်ပြပြီးဖြစ်သည်ဟုဆိုသည်။

မြန်မာပိုင်မုတ္တမပင်လယ် ကွေ့တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် သဘာဝဓာတ်ငွေ့သိုက် တစ်ခုတွေ့ရှိထားကြောင်း ထိုင်းကုမ္ပဏီက ၂၀၁၉ မတ်လ ၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

PTTEP ကုမ္ပဏီသည်၎င်းတို့ လုပ်ကိုင်ခွင့်ရထားသည့် M-9 လုပ်ကွက်အတွင်း ၂၀၁၈ နှစ်ကုန် ကစတင်၍ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့စမ်းသပ်ရှာဖွေရေးတွင်း ငါးတွင်းတူးဖော်ရာ အထက်ပါ သဘာဝဓာတ်ငွေ့သိုက်ကို တွေ့ ရှိသည်ဟုဆိုသည်။

ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ကွက် ခြောက်ကွက်ရရှိထားပြီးလေးကွက်သည် ကမ်းလွန်လုပ်ကွက်များဖြစ်သည်။

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များအရ M-9 လုပ်ကွက်အတွက်၊ ၂၀၀၃ နှင့် M-11 လုပ်ကွက်အတွက် ၂၀၀၅ တွင် PTTEP ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်း PTT ကုမ္ပဏီသည် PTTEP အဖြစ် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခွင့်အတွက် ဇောတိကရေနံ နှင့် သဘာဝတ်ဓာတ်ငွေ့လုပ် ကွက် ကုန်းတွင်းလုပ်ကွက်နှစ်ခု၌ အဓိကရေနံတူးဖော်သူအဖြစ် လုပ်ကိုင်ခွင့်ရထားသည်။ ရဲတံ ခွန်နှင့် ရတနာကမ်းလွန်လုပ် ကွက်များတွင် အကျိုးတူဆောင် ရွက်နေသည်။

PTTEP က ထားဝယ်နှင့် မြိတ်ကမ်းလွန်ရှိ ရေနံလုပ်ကွက် နှစ်ခု (M-9 နှင့် M-11) တွင် သဘာဝဓာတ်ငွေ့ စမ်းသပ်ရှာဖွေ ခြင်းကို ၂၀၁၈ စတင်ခဲ့သည်ဟုဆိုထားသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များအရ M-9 လုပ်ကွက်အတွက်၊ ၂၀၀၃ နှင့် M-11 လုပ်ကွက်အတွက် ၂၀၀၅ တွင် PTTEP ကုမ္ပဏီနှင့် ဝန်ကြီးဌာနတို့ လက် မှတ်ရေးထိုးခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service