တနင်္သာရီတိုင်းရှိ ဟိန္ဒားသတ္တုတွင်းကို တိုင်းအစိုးရက သက်တမ်းမတိုးရန် တိုင်းအစိုးရမှတ်ချက်ပေး - Property News in Myanmar from iMyanmarHouse.com
1896 Views

တနင်္သာရီတိုင်းရှိ ဟိန္ဒားသတ္တုတွင်းကို တိုင်းအစိုးရက သက်တမ်းမတိုးရန် တိုင်းအစိုးရမှတ်ချက်ပေး

[Unicode]

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဟိန္ဒားသတ္တုတွင်းကို မြန်မာပွန်ပီပက်ကုမ္ပဏီအား ဆက်လက်တူးဖော်ရန် သက်တမ်းမတိုးပေးသင့်ကြောင်း တိုင်းဒေသကြီးအစိုးရက သဘောထားမှတ်ချက်ပေးထားသည်။

မြန်မာပွန်ပီပက်ကုမ္ပဏီသည် ၁၉၉၉ မှ ၂၀၁၉ အထိ ခဲမ ဖြူ၊ အဖြိုက်နက်တူးဖော်ခွင့်ရထားပြီး ၎င်း၏သက်တမ်းသည် ၂၀၁၉ ဇွန်လတွင်ကုန်ဆုံးခဲ့ကာ လက်ရှိတွင်လည်း လုပ်ငန်းရပ်ဆိုင်းထားရသည်ဟု တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေးက ပြောသည်။

‘‘တိုင်းအစိုးရက သဘောထားမှတ်ချက်ပေးထားပြီးဖြစ်ပါတယ်။ ဆုံးဖြတ်ရမှာက ပြည်ထောင်စုအစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်’’ဟု ၎င်းကဆိုသည်။

ထိုကုမ္ပဏီသည် တူးဖော်ခွင့်ရထားသည့် သက်တမ်းအနှစ် ၂၀ ကို အဆင့်ဆင့်သက်တမ်းတိုးခဲ့ ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်ငါးနှစ် သက်တမ်းတိုးမြှင့်ခြင်းကို တိုင်းအစိုးရက ကန့်ကွက်ခြင်းဖြစ်သည်။အဆိုပါကုမ္ပဏီသည် သတ္တုတူးဖော်ရာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လျော့နည်း၍ လက်ရှိတွင် ရပ်ဆိုင်းခံထားရသည်ဟု ဦးလှထွေးကပြောသည်။

ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်ကုမ္ပဏီသည် ဟိန္ဒားသတ္တုလုပ်ကွက်ကို ဧက ၂,၁၀၀ ကျော် လုပ်ကိုင်ခွင့်ရထားပြီး လက်ရှိအစိုးရ လက်ထက်တွင် စည်းကမ်းမဲ့တူးဖော်ခြင်းကြောင့် သတ္တုထုတ်လုပ်ခွင့် မကြာခဏ ရပ်ဆိုင်းခံရသည်။

ဟိန္ဒားသတ္တုမိုင်းကို လက်ရှိလုပ်ကိုင်နေသည့် MPC ကုမ္ပဏီ၏ လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးပါက ၎င်းကုမ္ပဏီအား သက်တမ်းတိုးပေးခြင်းကို ရပ်နားပေးစေလိုကြောင်း အဆိုပါ သတ္တုမိုင်းအနီးရှိ ကျေးရွာများမှ ဒေသခံ ၈၄ ဦး လက်မှတ်ရေးထိုးပြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းထံ ၂၀၁၉မေ ၂၀ ရက်က စာပေးပို့ထားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၏ အရှေ့ဘက် မိုင် ၃၀ ကျော်အကွာ ဟိန္ဒားရွာရှိ ဟိန္ဒားခဲမဖြူသတ္တုမိုင်း တည်ရှိနေခြင်းဖြစ်သည်။

ဟိန္ဒားသတ္တုမိုင်းမှထွက်ရှိသည့် သတ္တုမှာ ခဲမဖြူသတ္တုတစ်မျိုးတည်းသာဖြစ်ပြီး အခြားခဲမဖြူသတ္တုမိုင်းများမှ ထွက်ရှိသော သတ္တုများ၌ သတ္တုသားပါဝင်မှု ၆၅ ရာခိုင်နှုန်းရှိပါက အစိုးရက လက်ခံသော်လည်း ဟိန္ဒားသတ္တုမိုင်းမှ ထွက်ရှိသော သတ္တုကိုမူ သတ္တုသားပါဝင်မှု ၇၅ ရာခိုင်နှုန်းရှိမှသာ အစိုးရကလက်ခံသည်။

ဟိန္ဒားသတ္တုမိုင်းမှ ခဲမဖြူသတ္တုထုတ်လုပ်မှုအတွက် ထုတ်လုပ်မှုစရိတ်ကို ကုမ္ပဏီကကျခံပြီး ထွက်ရှိလာသည့်သတ္တုများကို မြန်မာအစိုးရက ၃၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီဘက်က ၆၅ ရာခိုင်နှုန်း ရရှိကြောင်း၊ ယခင်က ဟိန္ဒားသတ္တုမိုင်းမှ ထွက်ရှိသောသတ္တုများကို ကုမ္ပဏီက ရေကြောင်းလမ်းမှတစ်ဆင့် သယ်ယူသော်လည်း ယခုအခါ ထားဝယ်ခရိုင်ရှိ မြန်မာ- ထိုင်းနယ်စပ် ထီးခီးနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သယ်ယူနေခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တနသၤာရီတိုင္းရွိ ဟိႏၵားသတၱဳတြင္းကို တိုင္းအစိုးရက သက္တမ္းမတိုးရန္ တိုင္းအစိုးရမွတ္ခ်က္ေပး

တနသၤာရီတိုင္းေဒသၾကီး အတြင္းရွိ ဟိႏၵားသတၱဳတြင္းကို ျမန္မာပြန္ပီပက္ကုမၸဏီအား ဆက္လက္တူးေဖာ္ရန္ သက္တမ္းမတိုးေပးသင့္ေၾကာင္း တိုင္းေဒသႀကီးအစိုးရက သေဘာထားမွတ္ခ်က္ေပးထားသည္။

ျမန္မာပြန္ပီပက္ကုမၸဏီသည္ ၁၉၉၉ မွ ၂၀၁၉ အထိ ခဲမ ျဖဴ၊ အၿဖိဳက္နက္တူးေဖာ္ခြင့္ရထားၿပီး ၎၏သက္တမ္းသည္ ၂၀၁၉ ဇြန္လတြင္ကုန္ဆုံးခဲ့ကာ လက္ရွိတြင္လည္း လုပ္ငန္းရပ္ဆိုင္းထားရသည္ဟု တနသၤာရီတိုင္းေဒသႀကီး သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဦးလွေထြးက ေျပာသည္။

‘‘တိုင္းအစိုးရက သေဘာထားမွတ္ခ်က္ေပးထားၿပီးျဖစ္ပါတယ္။ ဆုံးျဖတ္ရမွာက ျပည္ေထာင္စုအစိုးရအဖြဲ႕ပဲ ျဖစ္ပါတယ္’’ဟု ၎ကဆိုသည္။

ထိုကုမၸဏီသည္ တူးေဖာ္ခြင့္ရထားသည့္ သက္တမ္းအႏွစ္ ၂၀ ကို အဆင့္ဆင့္သက္တမ္းတိုးခဲ့ ျခင္းျဖစ္ၿပီး ယခုတစ္ႀကိမ္တြင္ငါးႏွစ္ သက္တမ္းတိုးျမႇင့္ျခင္းကို တိုင္းအစိုးရက ကန႔္ကြက္ျခင္းျဖစ္သည္။အဆိုပါကုမၸဏီသည္ သတၱဳတူးေဖာ္ရာတြင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ ေလ်ာ့နည္း၍ လက္ရွိတြင္ ရပ္ဆိုင္းခံထားရသည္ဟု ဦးလွေထြးကေျပာသည္။

ထိုင္းႏိုင္ငံသားပိုင္ ျမန္မာပြန္ပီပက္ကုမၸဏီသည္ ဟိႏၵားသတၱဳလုပ္ကြက္ကို ဧက ၂,၁၀၀ ေက်ာ္ လုပ္ကိုင္ခြင့္ရထားၿပီး လက္ရွိအစိုးရ လက္ထက္တြင္ စည္းကမ္းမဲ့တူးေဖာ္ျခင္းေၾကာင့္ သတၱဳထုတ္လုပ္ခြင့္ မၾကာခဏ ရပ္ဆိုင္းခံရသည္။

ဟိႏၵားသတၱဳမိုင္းကို လက္ရွိလုပ္ကိုင္ေနသည့္ MPC ကုမၸဏီ၏ လုပ္ကိုင္ခြင့္သက္တမ္းကုန္ဆုံးပါက ၎ကုမၸဏီအား သက္တမ္းတိုးေပးျခင္းကို ရပ္နားေပးေစလိုေၾကာင္း အဆိုပါ သတၱဳမိုင္းအနီးရွိ ေက်း႐ြာမ်ားမွ ေဒသခံ ၈၄ ဦး လက္မွတ္ေရးထိုးၿပီး သယံဇာတႏွင့္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းဝင္းထံ ၂၀၁၉ေမ ၂၀ ရက္က စာေပးပို႔ထားခဲ့သည္။

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕၏ အေရွ႕ဘက္ မိုင္ ၃၀ ေက်ာ္အကြာ ဟိႏၵား႐ြာရွိ ဟိႏၵားခဲမျဖဴသတၱဳမိုင္း တည္ရွိေနျခင္းျဖစ္သည္။

ဟိႏၵားသတၱဳမိုင္းမွထြက္ရွိသည့္ သတၱဳမွာ ခဲမျဖဴသတၱဳတစ္မ်ိဳးတည္းသာျဖစ္ၿပီး အျခားခဲမျဖဴသတၱဳမိုင္းမ်ားမွ ထြက္ရွိေသာ သတၱဳမ်ား၌ သတၱဳသားပါဝင္မႈ ၆၅ ရာခိုင္ႏႈန္းရွိပါက အစိုးရက လက္ခံေသာ္လည္း ဟိႏၵားသတၱဳမိုင္းမွ ထြက္ရွိေသာ သတၱဳကိုမူ သတၱဳသားပါဝင္မႈ ၇၅ ရာခိုင္ႏႈန္းရွိမွသာ အစိုးရကလက္ခံသည္။

ဟိႏၵားသတၱဳမိုင္းမွ ခဲမျဖဴသတၱဳထုတ္လုပ္မႈအတြက္ ထုတ္လုပ္မႈစရိတ္ကို ကုမၸဏီကက်ခံၿပီး ထြက္ရွိလာသည့္သတၱဳမ်ားကို ျမန္မာအစိုးရက ၃၅ ရာခိုင္ႏႈန္းႏွင့္ ကုမၸဏီဘက္က ၆၅ ရာခိုင္ႏႈန္း ရရွိေၾကာင္း၊ ယခင္က ဟိႏၵားသတၱဳမိုင္းမွ ထြက္ရွိေသာသတၱဳမ်ားကို ကုမၸဏီက ေရေၾကာင္းလမ္းမွတစ္ဆင့္ သယ္ယူေသာ္လည္း ယခုအခါ ထားဝယ္ခ႐ိုင္ရွိ ျမန္မာ- ထိုင္းနယ္စပ္ ထီးခီးနယ္စပ္ဂိတ္မွတစ္ဆင့္ ထိုင္းႏိုင္ငံသို႔ သယ္ယူေနျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service