ကျောက်မျက်တူးဖော်ခြင်းများကို ဇူလိုင် ၁ ရက်မှစတင်ပြီး (၃) လ ရပ်ဆိုင်း - Property News in Myanmar from iMyanmarHouse.com
855 Views

ကျောက်မျက်တူးဖော်ခြင်းများကို ဇူလိုင် ၁ ရက်မှစတင်ပြီး (၃) လ ရပ်ဆိုင်း

[Unicode]

ရတနာနယ်မြေ လုပ်ကွက်များဖြစ်သော လုံးခင်း၊ ဖားကန့် ရတနာနယ်မြေများအပါအဝင် ခန္တီးနှင့် မော်လူးမော်ဟန် ရတနာနယ်မြေများအတွင်း ထုတ်လုပ်မှုလုပ်ငန်းများကို ဇူလိုင် ၁ ရက်မှစ၍ သုံးလယာယီရပ်နားထားရမည်ဟု မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောသည်။

မိုးတွင်းကာလ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ အန္တရာယ်များခြင်းကြောင့် အခုလိုရပ်ဆိုင်းခြင်းဖြစ်သည်ဟုဆိုသည်။

‘‘အဓိကကတော့ လုံးခင်း၊ ဖားကန့်မှာ မိုးတွင်းမှာ အန္တရာယ် တွေများလို့၊ မနှစ်ကလည်းဖြစ်ခဲ့ တော့ ဒီနှစ်အတွက် ကြိုတင်ပြင် ဆင်ထားတဲ့သဘောပါ’’ဟု ဦးမင်းသူက ပြောသည်။

ယင်းသို့ရပ်ဆိုင်းရန်တင်ပြထားသည့်စာ သည် အတည်မပြုမီ အွန်လိုင်း တွင် ဇွန်လ ၂၆ ရက်က ပေါက်ကြားပျံ့နှံ့ခဲ့သည်။

ယင်းစာတွင် ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်ရုံး အပါအဝင် သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန စီမံရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ထိ ယာယီရပ်နားထားရန် တင်ပြထားသည်ဟု မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘ကျန်တဲ့ သက်ဆိုင်ရာအဖွဲ့တွေကလည်း အကြံပြုတာ၊ တိုက်တွန်းတာလည်း ရှိတဲ့အတွက် ဒါကိုဖြစ်သင့်တယ်ဆိုပြီး တင်ပြထားတာပါ’’ ဟု ဦးမင်းသူ ကဆိုသည်။

ကချင်ပြည်နယ်ရှိ ဖားကန့် ဒေသတွင် ကျောက်စိမ်းတူးဖော် ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ နွံကန်ကျိုးပေါက်ခြင်း၊ မြေပြိုခြင်း များကြောင့် လူသေဆုံးမှုများအပါ အဝင် စက်ယန္တရားနှင့် လူနေအိမ် များပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေ သည့်အတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အကြံပြု တင်ပြထားချက်တွင် ဖော်ပြထားသည်။

ယင်းအတွက် ယာယီရပ်နား နေစဉ်ကာလအတွင်း ကျောက်မျက်ရတနာ တူးဖော်ခြင်းများ၊မြေစာပုံများတွင် ကျောက်ရှာဖွေခြင်းများ မလုပ်ဆောင်ကြရန်နှင့်ယာ ယီရပ်နားခြင်းမပြုမီ မိမိတို့၏ မြေစာပုံများကို ခိုင်ခံ့သောခြံစည်းရိုး များကာရံ၍ လုံခြုံစွာထားရှိရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် လုပ်ကွက်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများစာရင်းကိုလည်း လုံးခင်း၊ ဖားကန့် တူးဖော်ရေးဌာနသို့ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ ပေးပို့တင်ပြရန်နှင့် သက်တမ်းကုန် လုပ်ကွက်များအတွင်း တရားမ ဝင် တူးဖော်ခြင်းမပြုရန်လည်း အသိပေးညွှန်ကြားထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလကို ကျောက်ရှာဖွေတူးဖော်ခြင်းမပြုရန်နှင့် ယာယီရပ်နားရန် ညွှန်ကြားခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေက်ာက္မ်က္တူး​ေဖာ္ျခင္းမ်ားကို ဇူလိုင္ ၁ ရက္မွစတင္ၿပီး (၃) လ ရပ္ဆိုင္း

ရတနာနယ္ေျမ လုပ္ကြက္မ်ားျဖစ္ေသာ လုံးခင္း၊ ဖားကန႔္ ရတနာနယ္ေျမမ်ားအပါအဝင္ ခႏၲီးႏွင့္ ေမာ္လူးေမာ္ဟန္ ရတနာနယ္ေျမမ်ားအတြင္း ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ဇူလိုင္ ၁ ရက္မွစ၍ သုံးလယာယီရပ္နားထားရမည္ဟု ျမန္မာ့ ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးမင္းသူက ေျပာသည္။

မိုးတြင္းကာလ ​ေက်ာက္မ်က္တူး​ေဖာ္​ေရးလုပ္ငန္းမ်ား အႏၲရာယ္မ်ားျခင္း​ေၾကာင့္ အခုလိုရပ္ဆိုင္းျခင္းျဖစ္သည္ဟုဆိုသည္။

‘‘အဓိကကေတာ့ လုံးခင္း၊ ဖားကန႔္မွာ မိုးတြင္းမွာ အႏၲရာယ္ ေတြမ်ားလို႔၊ မႏွစ္ကလည္းျဖစ္ခဲ့ ေတာ့ ဒီႏွစ္အတြက္ ႀကိဳတင္ျပင္ ဆင္ထားတဲ့သေဘာပါ’’ဟု ဦးမင္းသူက ​ေျပာသည္။

ယင္းသို႔ရပ္ဆိုင္းရန္တင္ျပထားသည့္စာ သည္ အတည္မျပဳမီ အြန္လိုင္း တြင္ ဇြန္လ ၂၆ ရက္က ေပါက္ၾကားပ်ံ႕ႏွံ႔ခဲ့သည္။

ယင္းစာတြင္ ျပည္သူ႔လႊတ္ ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္႐ုံး အပါအဝင္ သယံဇာတႏွင့္ သဘာ ဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ ႀကီးဌာန စီမံေရးေကာ္မတီ၏ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ဇူလိုင္ ၁ ရက္မွ စက္တင္ဘာ ၃၀ ထိ ယာယီရပ္နားထားရန္ တင္ျပထားသည္ဟု ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

‘‘က်န္တဲ့ သက္ဆိုင္ရာအဖြဲ႕ေတြကလည္း အႀကံျပဳတာ၊ တိုက္တြန္းတာလည္း ရွိတဲ့အတြက္ ဒါကိုျဖစ္သင့္တယ္ဆိုၿပီး တင္ျပထားတာပါ’’ ဟု ဦးမင္းသူ ကဆိုသည္။

ကခ်င္ျပည္နယ္ရွိ ဖားကန႔္ ေဒသတြင္ ေက်ာက္စိမ္းတူးေဖာ္ ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ ႏြံကန္က်ိဳးေပါက္ျခင္း၊ ေျမၿပိဳျခင္း မ်ားေၾကာင့္ လူေသဆုံးမႈမ်ားအပါ အဝင္ စက္ယႏၲရားႏွင့္ လူေနအိမ္ မ်ားပ်က္စီးဆုံးရႈံးမႈ ျဖစ္ေပၚေန သည့္အတြက္ မလိုလားအပ္ေသာ ျပႆနာမ်ား မျဖစ္ပြားေစရန္ အႀကံျပဳ တင္ျပထားခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းအတြက္ ယာယီရပ္နား ေနစဥ္ကာလအတြင္း ေက်ာက္မ်က္ရတနာ တူးေဖာ္ျခင္းမ်ား၊ေျမစာပုံမ်ားတြင္ ေက်ာက္ရွာေဖြျခင္းမ်ား မလုပ္ေဆာင္ၾကရန္ႏွင့္ယာ ယီရပ္နားျခင္းမျပဳမီ မိမိတို႔၏ ေျမစာပုံမ်ားကို ခိုင္ခံ့ေသာၿခံစည္း႐ိုး မ်ားကာရံ၍ လုံၿခဳံစြာထားရွိရန္လည္း တိုက္တြန္းထားသည္။

ထို႔အျပင္ လုပ္ကြက္အတြင္း လုံၿခဳံေရးတာဝန္ထမ္းေဆာင္မည့္ ဝန္ထမ္းမ်ားစာရင္းကိုလည္း လုံးခင္း၊ ဖားကန႔္ တူးေဖာ္ေရးဌာနသို႔ ဇူလိုင္လ ၁ ရက္ေန႔မတိုင္မီ ေပးပို႔တင္ျပရန္ႏွင့္ သက္တမ္းကုန္ လုပ္ကြက္မ်ားအတြင္း တရားမ ဝင္ တူးေဖာ္ျခင္းမျပဳရန္လည္း အသိေပးၫႊန္ၾကားထားသည္။

ၿပီးခဲ့သည့္ႏွစ္ကလည္း ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ သုံးလကို ေက်ာက္ရွာေဖြတူးေဖာ္ျခင္းမျပဳရန္ႏွင့္ ယာယီရပ္နားရန္ ၫႊန္ၾကားခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service