မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင်ဘဏ္ဍာနှစ် (၈) လအတွင်း အိမ်၊ ခြံ၊ မြေနှင့် ကုန်ထုတ်လုပ်မှုအများဆုံးလုပ်ကိုင် - Property News in Myanmar from iMyanmarHouse.com
750 Views

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင်ဘဏ္ဍာနှစ် (၈) လအတွင်း အိမ်၊ ခြံ၊ မြေနှင့် ကုန်ထုတ်လုပ်မှုအများဆုံးလုပ်ကိုင်

[Unicode]

လက်ရှိ ဘဏ္ဍာနှစ်သက်တမ်း ၈ လအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများတွင် ကျပ်ဘီလီယံ ၁၃၀၀ ဝန်းကျင်အထိ ခွင့်ပြုပေးထားပြီး အိမ်၊ ခြံ၊ မြေနှင့် ကုန်ထုတ်လုပ်ငန်းများတွင် အများဆုံးလုပ်ကိုင်လျက်ရှိ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရသိရသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ရက်မှ မေလကုန်အထိ ၈လအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများတွင် စုစုပေါင်း ၁၂၉ ဒသမ ၉ သန်းအထိ လုပ်ငန်းပေါင်း ၇၇ ခုကို ခွင့်ပြုပေးခဲ့ကြောင်း MIC ထံမှ သိရသည်။

ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းများတွင် အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး၊ စွမ်းအင်၊ ဆောက်လုပ်ရေး၊ မွေးမြူရေးနှင့်ရေထွက်လုပ်ငန်း၊ သတ္ထုတွင်းထွက်၊ လယ်ယာစိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၊တစ်ခြားကဏ္ဍနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စသည့် ကဏ္ဍာများကို အဓိကခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါကဏ္ဍများအနက်မှ ကုန်ထုတ်လုပ်ငန်းများတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၇၇ ဒသမ ၈ ဘီလီယံ ခွင့်ပြုခဲ့ပြီး အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၃၇၆ ဒသမ ၇ ဘီလီယံ ခွင့်ပြုခဲ့ကြောင်း အဆိုပါစာရင်းများအရသိရသည်။

ထို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၆ ဒသမ ၈၃ ဘီလီယံ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ကျပ် ၁၉၁ ဒသမ ၄ ဘီလီယံ၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၅၇ ဒသမ ၃ ဘီလီယံနှင့် စွမ်းအင်ကဏ္ဍာတို့တွင် ကျပ် ၁၅ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း MIC ထံမှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် လွန်ခဲ့သည့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၂၀ မေလကုန်အထိ ၃၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၀၀ ကျော် ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ဘီလီယံ၂၀၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း MIC ၏ စာရင်းများအရသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈတြင္ဘ႑ာႏွစ္ (၈) လအတြင္း အိမ္၊ ၿခံ၊ ေျမႏွင့္ ကုန္ထုတ္လုပ္မႈအမ်ားဆုံးလုပ္ကိုင္

လက္ရွိ ဘ႑ာႏွစ္သက္တမ္း ၈ လအတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ က်ပ္ဘီလီယံ ၁၃၀၀ ၀န္းက်င္အထိ ခြင့္ျပဳေပးထားၿပီး အိမ္၊ ၿခံ၊ ေျမႏွင့္ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ အမ်ားဆုံးလုပ္ကိုင္လ်က္ရွိ ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ စာရင္းမ်ားအရသိရသည္။

လက္ရွိ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာလ ၁ရက္မွ ေမလကုန္အထိ ၈လအတြင္း ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားတြင္ စုစုေပါင္း ၁၂၉ ဒသမ ၉ သန္းအထိ လုပ္ငန္းေပါင္း ၇၇ ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း MIC ထံမွ သိရသည္။

ခြင့္ျပဳေပးခဲ့သည့္လုပ္ငန္းမ်ားတြင္ အိမ္၊ ၿခံ၊ ေျမလုပ္ငန္း၊ ကုန္ထုတ္လုပ္မႈ၊ ဟိုတယ္ႏွင့္ခရီးသြားလာေရး၊ စြမ္းအင္၊ ေဆာက္လုပ္ေရး၊ ေမြးျမဴေရးႏွင့္ေရထြက္လုပ္ငန္း၊ သတၳဳတြင္းထြက္၊ လယ္ယာစိုက္ပ်ိဳးေရး၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ၊တစ္ျခားက႑ႏွင့္ ေရနံႏွင့္သဘာ၀ဓာတ္ေငြ႕ စသည့္ က႑ာမ်ားကို အဓိကခြင့္ျပဳေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါက႑မ်ားအနက္မွ ကုန္ထုတ္လုပ္ငန္းမ်ားတြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ က်ပ္ ၃၇၇ ဒသမ ၈ ဘီလီယံ ခြင့္ျပဳခဲ့ၿပီး အိမ္၊ ၿခံ၊ ေျမ က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ က်ပ္ ၃၇၆ ဒသမ ၇ ဘီလီယံ ခြင့္ျပဳခဲ့ေၾကာင္း အဆိုပါစာရင္းမ်ားအရသိရသည္။

ထို႔အျပင္ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑တြင္ က်ပ္ ၆ ဒသမ ၈၃ ဘီလီယံ၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးက႑တြင္ က်ပ္ ၁၉၁ ဒသမ ၄ ဘီလီယံ၊ ေဆာက္လုပ္ေရးက႑တြင္ ၅၇ ဒသမ ၃ ဘီလီယံႏွင့္ စြမ္းအင္က႑ာတို႔တြင္ က်ပ္ ၁၅ ဒသမ ၂ ဘီလီယံ ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း MIC ထံမွ သိရသည္။

လက္ရွိ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္သည္ လြန္ခဲ့သည့္ ၁၉၈၈-၁၉၈၉ ဘ႑ာႏွစ္မွ လက္ရွိ ၂၀၂၀ ေမလကုန္အထိ ၃၂ ႏွစ္တာကာလအတြင္း ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေပါင္း ၁၇၀၀ ေက်ာ္ ခြင့္ျပဳခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ ပမာဏ က်ပ္ ဘီလီယံ၂၀၀၀၀ ေက်ာ္အထိ ရွိခဲ့ေၾကာင္း MIC ၏ စာရင္းမ်ားအရသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service