Local Property News | Posted by Hnin Ei Khin
[Unicode]
အမေရိကန်ဒေါ်လာ ၉ သန်းကျော် နှင့် ကျပ်သန်း ၂၀၀၀ ကျော်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း ၄ ခုကို ရန်ကုန်တိုင်းအတွင်းရင်းနှီးမြှုပ်နှံရန် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက Video Conferencing ဖြင့် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည်။
ယင်းလုပ်ငန်းများမှာ စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ခုတို့ဖြစ်ပြီး CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟင်းခတ် အမွှေးအကြိုင်များ သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ခါးပတ်နှင့် အိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း နှင့် Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို့ ပါဝင်ကြောင်းရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမကော်မတီမှသိရသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၁၇၄ သန်း နှင့် ကျပ် ၂၂၉၀ သန်း ဖြစ်ပြီး အဆိုပါလုပ်ငန်းများမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၃၀၃၈ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး COVID -19 ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကြုံတွေ့နေရပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း၌ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများရပ်တန့်မသွားဘဲ ပုံမှန်လည်ပတ်လျှက်ရှိသည်။
ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက တစ်လလျှင်နှစ်ကြိမ် အစည်းအဝေးပြုလုပ်ကာ စက်မှုကဏ္ဍ ၊ ဝန်ဆောင်မှုကဏ္ဍ စသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုစိစစ်ပြီး အမေရိကန်ဒေါ်လာ ၅ သန်း သို့မဟုတ် မြန်မာကျပ်ငွေ သန်း၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများကို အတည်ပြုခွင့်ပြုမိန့်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံပေါင်း (၅၁)နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၆၀ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၁၁ ရာခိုင်နှုန်း ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှသိသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ကန္ေဒၚလာ ၉ သန္းေက်ာ္ ႏွင့္ က်ပ္သန္း ၂၀၀၀ ေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံမည့္ လုပ္ငန္း ၄ ခုကို ရန္ကုန္တိုင္းအတြင္းရင္းႏွီးျမႇဳပ္ႏွံရန္ခြင့္ျပဳ
အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ ႏွင့္ က်ပ္သန္း ၂၀၀၀ ေက်ာ္ရင္းႏွီးျမႇဳပ္ႏွံမည့္လုပ္ငန္း ၄ ခုကို ရန္ကုန္တိုင္းအတြင္းရင္းႏွီးျမႇဳပ္ႏွံရန္ ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက Video Conferencing ျဖင့္ က်င္းပျပဳလုပ္သည့္ အစည္းအေဝးတြင္ ခြင့္ျပဳခဲ့သည္။
ယင္းလုပ္ငန္းမ်ားမွာ စက္မႈက႑တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံမွ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၃ ခုႏွင့္ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈ ၁ ခုတို႔ျဖစ္ၿပီး CMP စနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္းလုပ္ငန္း၊ ဟင္းခတ္ အေမႊးအႀကိဳင္မ်ား သန႔္စင္ထုတ္လုပ္ျခင္းလုပ္ငန္း၊ ခါးပတ္ႏွင့္ အိတ္အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းလုပ္ငန္း ႏွင့္ Manufacturing of Bra Cup Underwear Mold for Local CMP Enterprise တို႔ ပါဝင္ေၾကာင္းရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမေကာ္မတီမွသိရသည္။
အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းပမာဏ စုစုေပါင္းမွာ အေမရိကန္ ေဒၚလာ ၉ ဒသမ ၁၇၄ သန္း ႏွင့္ က်ပ္ ၂၂၉၀ သန္း ျဖစ္ၿပီး အဆိုပါလုပ္ငန္းမ်ားမွ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္း ၃၀၃၈ ဦးအတြက္ ဖန္တီးေပးႏိုင္မည္ျဖစ္ၿပီး ယခုအခါ ကမာၻတစ္ဝွမ္းလုံး COVID -19 ကူးစက္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ားႀကဳံေတြ႕ေနရျပီး ျမန္မာႏိုင္ငံအေနျဖင့္လည္း စီးပြားေရးထိခိုက္မႈမ်ားျဖစ္ေပၚေနေသာ္လည္း ရန္ကုန္တိုင္းအတြင္း၌ ရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားရပ္တန႔္မသြားဘဲ ပုံမွန္လည္ပတ္လွ်က္ရွိသည္။
ရန္ကုန္တိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက တစ္လလွ်င္ႏွစ္ႀကိမ္ အစည္းအေဝးျပဳလုပ္ကာ စက္မႈက႑ ၊ ဝန္ေဆာင္မႈက႑ စသည္ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကိုစိစစ္ၿပီး အေမရိကန္ေဒၚလာ ၅ သန္း သို႔မဟုတ္ ျမန္မာက်ပ္ေငြ သန္း၆၀၀၀ အထိ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အတည္ျပဳခြင့္ျပဳမိန႔္ထုတ္ေပး လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ခုႏွစ္ ေမလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။ ႏိုင္ငံေပါင္း (၅၁)ႏိုင္ငံမွ စီးပြားေရးက႑ (၁၂) ခုတြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၆၀ ရာခိုင္ႏႈန္း ျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓါတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၆ ဒသမ ၅၁ ရာခိုင္ႏႈန္းျဖင့္ လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၁၁ ရာခိုင္ႏႈန္း ျဖင့္ လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွသိသည္။
မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com