Myanmar Net တွင် စင်ကာပူငွေကြေးကုမ္ပဏီက ဒေါ်လာ၂၆ သန်းဖိုး ရှယ်ယာဝင် - Property News in Myanmar from iMyanmarHouse.com
1731 Views

Myanmar Net တွင် စင်ကာပူငွေကြေးကုမ္ပဏီက ဒေါ်လာ၂၆ သန်းဖိုး ရှယ်ယာဝင်

[Unicode] စင်ကာပူနိုင်ငံအခြေစိုက် ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့အစည်း Ascent Capitalက Myanmar Net အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ Frontiir တွင် အမေရိကန်ဒေါ်လာ ၂၆ သန်းဖိုး ရှယ်ယာထည့်သွင်းရင်းနှီးမြှုပ်နှံခဲ့ကြောင်း ဇွန် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအခြေစိုက် Ascent Myanmar Growth Fund I LP (AMGF) မှ တဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Ascent Capital၏ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ Frontiir ကုမ္ပဏီတွင် ရှယ်ယာအနည်းစုအနေဖြင့်သာ တည်ရှိသည်ဟု ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။

Frontiir ကုမ္ပဏီတွင် အင်္ဂလန်အခြေစိုက် CDC ဂရုပ်(စ်) ၊ ဂျပန်အခြေစိုက် Daiwa PI နှင့် မြန်မာနိုင်ငံအခြေ စိုက် Delta Capital တို့က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည်။ Frontiir ကုမ္ပဏီကမှု ဝင်ငွေနည်းပါးသည့် ဒေသများတွင် အင်တာနက်ဝန်ဆောင်မှု ဆက်လက်ပေးသွားမည်ဟု ဇွန်လ ၂၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

Frontiir ကို မြန်မာနိုင်ငံတွင် ၂၀၁၃ တွင် စတင်ဖွင့်လှစ်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။ သို့သော် အမေရိကန် Philadephiaနှင့် Silicon Valley၊ စင်ကာပူနိုင်ငံတိုတွင် သုသေသနဌာနများဖွင့်လှစ်ထားသည်။

Ascent Capital သည် စင်ကာပူနိုင်ငံအခြေစိုက်ငွေကြေးရင်းနှီးမြှုပ်နှံသည် ကုမ္ပဏီတစ်ခုဖြစ်သည်။

“ဆက်သွယ်ရေး ၊ မီဒီယာနဲ့ သတင်းအချက်အလက်နည်းပညာကဏ္ဍဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဦးစားပေးရင်းနှီးမြှုပ်နှံသွားမယ့် ကဏ္ဍဖြစ်ပါတယ်” Ascent Capital တည်ထောင်သူ Mr. Lim Chong Chong က ပြောသည်။

Frontiir ကုမ္ပဏီ၏ အင်တာနက်ဝန်ဆောင်မှု Myanmar Net ကို လက်ရှိအချိန်၌ အသုံးပြုသူ ၁ ဒသမ ၆ သန်းခန့်ရှိသည်။ ၎င်း၏ ကွန်ရက်ကို ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ မော်လမြိုင်တွင် အိမ်ထောင်စုပေါင်း ၃ သိန်း ၆ သောင်းခန့် တပ်ဆင်အသုံးပြုသည်။

“ယခုလို COVID- 19 ကပ်ရောဂါကာလမှာ အထင်ကရအဖွဲ့အစည်းထံကနေ ရင်းနှီးမြှုပ်နှံမှုရခဲ့တာဟာ Frontiir ရဲ့ ခိုင်မာတဲ့စီးပွားရေးကျင့်ဝတ်ကိုဖော်ကျူးရုံသာမကဘဲ အလုပ်အကိုင်အခွင့်အလမ်းကိုလည်း ပိုမိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်” ဟု Frontiir ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးဝေလင်းထွန်းကပြောသည်။

COVID -19 ကပ်ရောဂါကြောင့် အင်တာနက်ဝန်ဆောင်မှုဝယ်လိုအား တိုးတက်ခဲ့သည်ဟု Frontiir ကုမ္ပဏီက ထုတ်ပြန်ခဲ့သော်လည်း တိုးတက်မှုအရေအတွက်ကို အတိအကျပြောဆိုခြင်းမရှိခဲ့ပေ။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Myanmar Net တြင္ စင္ကာပူေငြေၾကးကုမၸဏီက ေဒၚလာ၂၆ သန္းဖိုး ရွယ္ယာဝင္

စင္ကာပူႏိုင္ငံအေျခစိုက္ ေငြေၾကးစီမံခန႔္ခြဲမႈအဖြဲ႕အစည္း Ascent Capitalက Myanmar Net အင္တာနက္ဝန္ေဆာင္မႈကုမၸဏီ Frontiir တြင္ အေမရိကန္ေဒၚလာ ၂၆ သန္းဖိုး ရွယ္ယာထည့္သြင္းရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း ဇြန္ ၂၄ ရက္တြင္ သတင္းထုတ္ျပန္သည္။

ျမန္မာႏိုင္ငံအေျခစိုက္ Ascent Myanmar Growth Fund I LP (AMGF) မွ တဆင့္ ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး Ascent Capital၏ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးေသာ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳလုပ္ခဲ့ျခင္းလည္းျဖစ္သည္။

၎တို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ Frontiir ကုမၸဏီတြင္ ရွယ္ယာအနည္းစုအေနျဖင့္သာ တည္ရွိသည္ဟု ဇြန္လ ၂၄ ရက္တြင္ ထုတ္ျပန္သည္။

Frontiir ကုမၸဏီတြင္ အဂၤလန္အေျခစိုက္ CDC ဂ႐ုပ္(စ္) ၊ ဂ်ပန္အေျခစိုက္ Daiwa PI ႏွင့္ ျမန္မာႏိုင္ငံအေျခ စိုက္ Delta Capital တို႔က ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ထားသည္။ Frontiir ကုမၸဏီကမႈ ဝင္ေငြနည္းပါးသည့္ ေဒသမ်ားတြင္ အင္တာနက္ဝန္ေဆာင္မႈ ဆက္လက္ေပးသြားမည္ဟု ဇြန္လ ၂၄ ရက္တြင္ထုတ္ျပန္ခဲ့သည္။

Frontiir ကို ျမန္မာႏိုင္ငံတြင္ ၂၀၁၃ တြင္ စတင္ဖြင့္လွစ္ဖြင့္လွစ္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္ ႐ုံးခ်ဳပ္တည္ရွိသည္။ သို႔ေသာ္ အေမရိကန္ Philadephiaႏွင့္ Silicon Valley၊ စင္ကာပူႏိုင္ငံတိုတြင္ သုေသသနဌာနမ်ားဖြင့္လွစ္ထားသည္။

Ascent Capital သည္ စင္ကာပူႏိုင္ငံအေျခစိုက္ေငြေၾကးရင္းႏွီးျမႇဳပ္ႏွံသည္ ကုမၸဏီတစ္ခုျဖစ္သည္။

“ဆက္သြယ္ေရး ၊ မီဒီယာနဲ႔ သတင္းအခ်က္အလက္နည္းပညာက႑ဟာ ကြၽန္ေတာ္တို႔ကုမၸဏီရဲ႕ ဦးစားေပးရင္းႏွီးျမႇဳပ္ႏွံသြားမယ့္ က႑ျဖစ္ပါတယ္” Ascent Capital တည္ေထာင္သူ Mr. Lim Chong Chong က ေျပာသည္။

Frontiir ကုမၸဏီ၏ အင္တာနက္ဝန္ေဆာင္မႈ Myanmar Net ကို လက္ရွိအခ်ိန္၌ အသုံးျပဳသူ ၁ ဒသမ ၆ သန္းခန႔္ရွိသည္။ ၎၏ ကြန္ရက္ကို ရန္ကုန္ ၊ မႏၲေလး ၊ ပဲခူး ၊ ေမာ္လၿမိဳင္တြင္ အိမ္ေထာင္စုေပါင္း ၃ သိန္း ၆ ေသာင္းခန႔္ တပ္ဆင္အသုံးျပဳသည္။

“ယခုလို COVID- 19 ကပ္ေရာဂါကာလမွာ အထင္ကရအဖြဲ႕အစည္းထံကေန ရင္းႏွီးျမႇဳပ္ႏွံမႈရခဲ့တာဟာ Frontiir ရဲ႕ ခိုင္မာတဲ့စီးပြားေရးက်င့္ဝတ္ကိုေဖာ္က်ဴး႐ုံသာမကဘဲ အလုပ္အကိုင္အခြင့္အလမ္းကိုလည္း ပိုမိုဖန္တီးေပးႏိုင္မွာျဖစ္ပါတယ္” ဟု Frontiir ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္ ဦးေဝလင္းထြန္းကေျပာသည္။

COVID -19 ကပ္ေရာဂါေၾကာင့္ အင္တာနက္ဝန္ေဆာင္မႈဝယ္လိုအား တိုးတက္ခဲ့သည္ဟု Frontiir ကုမၸဏီက ထုတ္ျပန္ခဲ့ေသာ္လည္း တိုးတက္မႈအေရအတြက္ကို အတိအက်ေျပာဆိုျခင္းမရွိခဲ့ေပ။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service