ဗိုလ်မှူးဗထူးအိမ်ရာတွင် အခန်းဖိုးပေးသွင်းရန် ပျက်ကွက်သည့် အခန်း ၆၀၀ ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
11220 Views

ဗိုလ်မှူးဗထူးအိမ်ရာတွင် အခန်းဖိုးပေးသွင်းရန် ပျက်ကွက်သည့် အခန်း ၆၀၀ ကျော်ရှိ

[Unicode]

ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ရာစီမံကိန်း ပြီးစီးတော့မည်ဖြစ်သော်လည်း အခန်းဖိုးအကျေမသွင်းသေးသည့် အခန်း ၆၀၀ နီးပါးရှိသည်ဟု ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ဇွန်လ ၂၁ ရက် တွင် ထုတ်ပြန်သည်။

ထိုအိမ်ရာစီမံကိန်းသည် U600 လေးခန်းတွဲ ရှစ်ထပ်တိုက် ၂၇ လုံးတွင် အခန်းပေါင်း ၈၆၀ ကျော် နှင့် U900 ရှစ်ထပ်တိုက် ၁၉ လုံးပါရှိပြီး အချို့အခန်းများမှာ ပြီးစီးပြီဖြစ်၍ အခန်းပိုင်ရှင်များကို အပ်နှံပြီးဖြစ်သည်။ ယင်းအနက် အခန်း ၆၀၀ ခန့်သည် ဇွန်လ ၁၈ ရက်တွင် အရစ်ကျကျန်ငွေများကို ပေးသွင်းရမည်ဖြစ်သော်လည်း ကြန့်ကြာနေခြင်းဖြစ်သည်။

ထိုအိမ်ယာကို မဲစနစ်ဖြင့် ရောင်းချခဲ့ပြီး ငွေပေးသွင်းမရှိခြင်းကြောင့် အခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေး၍မည်သူမဆိုဝယ်ယူနိုင်ကြောင်း ၂၀၁၈တွင် ကြေငြာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ငွေသွင်းရန်ကျန်သည့် အခန်းသည် ၄၂၁ ခန်းရှိသည်ဟုဆိုသည်။

ထိုအခန်းများတွင် U 600 အမျိုးအစား အခန်း ၁၄၀ ကျော် နှင့် U 900 အမျိုးအစား အခန်း ၄၆၀ ခန့် ပါဝင်သည်။ YCDC က ဗိုလ်မှူးဗထူးအိမ်ရာရှိ အခန်းများ ကို ၆၀၀ စတုရန်းပေကျော်အခန်းကို ကျပ် ၂၈၅ သိန်းနှင့် စတုရန်းပေ ၉၀၀ ကျော်ကို ကျပ် ၃၇၇ သိန်းဖြင့်ရောင်းချခြင်းဖြစ်သည်။

အဆိုပါ တိုက်ခန်းများသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) ဗိုလ်မှူးဗထူးလမ်းဘေးတွင် YCDC နှင့် Myanmar V-pile ကုမ္ပဏီတို့က ဆောင်ရွက်ခြင်း ဖြစ်သည်။ ဆောက်လုပ်ရာတွင် ရှစ်ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်း ၈၆၄ ခန်းဖြစ်ပြီး တိုက်ခန်းများသည် စတုရန်းပေ ၅၀၀၊ ၆၀၀၊ ၈၀၀ နှင့် ၉၀၀ ကျော်တို့ဖြစ်သည်။

အိမ်ရာစီမံကိန်းတွင် အရစ်ကျစနစ်ဖြင့် တိုက်ခန်းဝယ်ခွင့်ရသူများ ငွေမသွင်းသဖြင့် ငွေလာသွင်းရန် YCDC က ၂၀၁၉ အောက်တိုဘာ ၁၇ ရက်က ကြေညာခဲ့သေးသည်။ အဆိုပါ တိုက်ခန်းများသည် ၂၀၂၀ ဇူလိုင်တွင် တိုက်ခန်းများ အပ်နှံမည်ဖြစ်၍ ကျသင့်ငွေပေးသွင်းရမည်ဟု YCDC က ကြေညာခဲ့သည်။

ပထမအကြိမ် ဝယ်ယူခွင့်ရသူများသည် တိုက်ခန်းတန်ဖိုး ၅၀ ရာခိုင်နှုန်း ပေးသွင်းသော်လည်း ကျန် ၅၀ ရာခိုင်နှုန်း ပေးသွင်းခြင်း မရှိသဖြင့် ဝယ်ယူခွင့်ဖျက်သိမ်းပြီး အခြားသူများ ဝယ်ယူနိုင်ရန် ကြေညာခဲ့သည်။

ဗိုလ်မှူးဗထူးတန်ဖိုးမျှ အိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ် မြောက်ပိုင်း ဗိုလ်မှူးဗထူးလမ်းနှင့် ဘုရင့်နောင် လမ်းထောင့် ဆုံနေရာတွင်တည်ဆောက်ထားပြီး လက်ရှိတွင် ဒုတိယမြောက် အိမ်ယာစီမံကိန်းကို ဆောက်လုပ်ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service