လယ်ယာမြေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို အရေးယူမယ် - Property News in Myanmar from iMyanmarHouse.com
6852 Views

လယ်ယာမြေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို အရေးယူမယ်

[Unicode]

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လယ်ယာမြေတွေပေါ်မှာ အကွက်ရိုက်ရောင်းချနေတာတွေကို ထိရောက်စွာအရေးယူသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းကပြောပါတယ်။

ပုသိမ်ကြီးနဲ့ ပြင်ဦးလွင်မြို့နယ်တွေမှာ လယ်မြေကို အကွက်ရိုက်ရောင်းချမှုဖြစ်ပွားမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

လယ်ယာမြေပေါ်မှာအကွက်ရိုက်ရောင်းချမှုအပြင် သစ်တောမြေနဲ့ မြေလွတ်မြေရိုင်းတွေမှာ အကွက်ရိုက်ရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်။

"ဒါဟာဥပဒေအရဘယ်လိုမှ မကိုက်ညီဘူးမသမာသူတွေလုပ်ဆောင်နေတာကို အမြန်ဆုံးဟန့်တားသွားမှာဖြစ်ပါတယ် လက်ရှိလုပ်နေတဲ့သူတွေကိုလည်းရပ်တန့်ဖို့ပြောကြားလိုပါတယ်။"ဟု ဒေါက်တာစိုးသန်းကပြောပါတယ်။

ဒါ့ကြောင့် အကွက်ရိုက်ရောင်းချနေမှုအပေါ် ထိရောက်စွာအရေးယူမှုပြုလုပ်မယ်လို့ ဒေါက်တာစိုးသန်းကပြောပါတယ်။

လယ်ယာမြေပေါ်အကွက်ရိုက်ရောင်းချမှုအများဆုံးက ပုသိမ်ကြီးမြို့နယ်ထဲက အများဆုံးဖြစ်ပါတယ်။ နွယ်နီ၊ ဆင်ရွာကြီး၊ နန္ဒာ၊ ကျွဲရေကုန်းစတဲ့ ကျေးရွာတွေက လယ်မြေစိုက်ကွင်းများမှာ အကွက်ရိုက်ရောင်းချနေကြတာလို့လည်း ဝန်ကြီးက ပြောပါတယ်။

မန္တလေးတိုင်းမှာ လယ်ယာမြေအခြားနည်းသုံးစွဲခွင့်အတွက် ဧက ၅ထောင်ကျော်ကိုခွင့်ပြုထားပြီး ဧက ၇၀၀ကျော်ကိုတော့ ခွင့်ပြုထားတာ မရှိသေးဘူးလို့ ဒီကနေ့ပြုလုပ်တဲ့မန္တလေးတိုင်းလွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဒေါက်တာစိုးသန်းကပြောကြားခဲ့ပါတယ်။

မန္တလေးအပါအဝင် အခြားနယ်မြို့တွေမှာလည်းစီးမံကိန်းများကို အကြောင်းပြုပြီး လယ်မြေတွေကို အကွက်ရိုက်ပြီးပြန်လည်ရောင်းချတာတွေရှိနေတာပါ။

တောင်သူတွေကစပါးဈေးမကိုက်တာ ၊သီးနှံမစိုက်ပျိုးခြင်တာကြောင့်လယ်မြေတွေကိုပုံစံပြောင်းရောင်းချလာကြတာဖြစ်ပါတယ်။

လယ်ယာမြေကိုအခြားမြေအဖြစ် စီမံခဲန့်ခွဲပိုင်ခွင့်မရှိဘူးလို့ ဥပဒေမမှာပြဌာန်းထားတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service