တရုတ်အကူအညီဖြင့် ကွမ်းလုံတံတားတည်ဆောက်ရေး စတင်တော့မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1153 Views

တရုတ်အကူအညီဖြင့် ကွမ်းလုံတံတားတည်ဆောက်ရေး စတင်တော့မည်ဟုဆို

[Unicode]

ကွမ်းလုံတံတားစီမံကိန်းတည်ဆောက်မှု တရားဝင်စတင်ကြောင်းနှင့် တရုတ်ကျွမ်းကျင်ဝန်ထမ်းအဖွဲ့ မြန်မာနိုင်ငံ သို့ ဇွန်လ ၂၀ ရက်တွင် ရောက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

ထိုတံတားသည် တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံ သဘောတူညီခဲ့သည့် အရေးပါသော ပူးပေါင်း ဆောင်ရွက်မှုဖြစ်သည်ဟု တရုတ်သံရုံးက ဆိုသည်။

ကွမ်းလုံတံတား တည်ဆောက်ပြီးစီးပါက ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်နယ်စပ်အထိ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများစွာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အရည်အသွေး မြှင့်တင်ပေးရန်နှင့် မြန်မာ-တရုတ် နယ်စပ်တည်ငြိမ်ရေး၊ ဖွံ့ ဖြိုးရေး မြှင့်တင်ပေးရန်ဖြစ်သည် ဟုဆိုသည်။

အဖွဲ့ဝင် ရှစ်ဦးပါသော တရုတ်ကိုယ်စားလှယ်အဖွဲ့ကို မြန်မာဘက်က အထူးခွင့်ပြုချက်ဖြင့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာစေပြီး စီမံကိန်းတည်ဆောက်မှုအဆင်ပြေစေရန် ဖြစ်သည်ဟု တရုတ်သံရုံးက ဆိုသည်။

ထိုတံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီ- ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်တွင်တည်ရှိပြီး တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ရန် ၂၀၁၇ အောက်တိုဘာတွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။

၂ဝ၁၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တရုတ်ပြည်ခရီးစဉ်တွင် ကွမ်းလုံတံတားစီမံကိန်း တည်ဆောက်ရန် သဘောတူခဲ့ ခြင်းဖြစ်သည်။ ၂၀၁၆ အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်းနှစ် နိုင်ငံအကြား ကွမ်းလုံတံတား တည်ဆောက်ရေး၊ စီးပွားရေးနှင့် နည်းပညာကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် မစ္စတာလီကီကျန်းတို့ ဦးဆောင်သည့် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၆ သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်းက ဘေဂျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ပြုလုပ်ခဲ့ခြင်းဖြစသည်။

လက်ရှိ ကွမ်းလုံ ကြိုးတံတားသည် ၁၉၆၅ က တည်ဆောက်ခဲ့ခြင်းဖြစ်၍ နှစ် ပေါင်း(၅၃)နှစ် ကြာမြင့်ခဲ့ပြီဖြစ် သည်။

ကွမ်းလုံ ကြိုးတံတားကို ၁၉၆၄ တွင် တရုတ်ပညာရှင်များ၏ အကူအညီများဖြင့် တည်ဆောက်ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအသုံးပြု မှုသက်တမ်းမှာ နှစ်ပေါင်း ၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ တံတား၏ခံနိုင်ဝန် လျော့ကျလာသောကြောင့် တံတားအသစ် ထပ်မံတည်ဆောက်ရန် လိုအပ်လာခြင်းဖြစ် သည်။

ထိုစီမံကိန်းသည် တရုတ် သမ္မတ၏ ၂၀၂၀ ဇန်နဝါရီလတွင်လာရောက်ခဲ့သည် ခရီးစဉ်တွင်လည်း သဘောတူညီချက်များအနက်မှတစ်ခုပါဝင်သည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္အကူအညီျဖင့္ ကြမ္းလုံတံတားတည္ေဆာက္ေရး စတင္ေတာ့မည္ဟုဆို

ကြမ္းလုံတံတားစီမံကိန္းတည္ေဆာက္မႈ တရားဝင္စတင္ေၾကာင္းႏွင့္ တ႐ုတ္ကြၽမ္းက်င္ဝန္ထမ္းအဖြဲ႕ ျမန္မာႏိုင္ငံ သို႔ ဇြန္လ ၂၀ ရက္တြင္ ေရာက္ရွိေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးက သတင္းထုတ္ျပန္သည္။

ထိုတံတားသည္ တ႐ုတ္သမၼတ၏ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့သည့္ အေရးပါေသာ ပူးေပါင္း ေဆာင္႐ြက္မႈျဖစ္သည္ဟု တ႐ုတ္သံ႐ုံးက ဆိုသည္။

ကြမ္းလုံတံတား တည္ေဆာက္ၿပီးစီးပါက ရွမ္းျပည္နယ္ ေျမာက္ပိုင္းႏွင့္ တ႐ုတ္ႏိုင္ငံ ယူနန္နယ္စပ္အထိ လမ္းပန္းဆက္သြယ္ေရးႏွင့္ ကုန္စည္စီးဆင္းမႈမ်ားစြာ တိုးတက္ေကာင္းမြန္လာမည္ျဖစ္ၿပီး ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး အရည္အေသြး ျမႇင့္တင္ေပးရန္ႏွင့္ ျမန္မာ-တ႐ုတ္ နယ္စပ္တည္ၿငိမ္ေရး၊ ဖြံ႕ ၿဖိဳးေရး ျမႇင့္တင္ေပးရန္ျဖစ္သည္ ဟုဆိုသည္။

အဖြဲ႕ဝင္ ရွစ္ဦးပါေသာ တ႐ုတ္ကိုယ္စားလွယ္အဖြဲ႕ကို ျမန္မာဘက္က အထူးခြင့္ျပဳခ်က္ျဖင့္ ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္မွ ဝင္ေရာက္လာေစၿပီး စီမံကိန္းတည္ေဆာက္မႈအဆင္ေျပေစရန္ ျဖစ္သည္ဟု တ႐ုတ္သံ႐ုံးက ဆိုသည္။

ထိုတံတားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္း သိန္းနီ- ကြမ္းလုံ-ခ်င္းေ႐ႊေဟာ္ လမ္းေပၚတြင္တည္ရွိၿပီး တ႐ုတ္ႏိုင္ငံ၏ အကူအညီျဖင့္ တည္ေဆာက္ရန္ ၂၀၁၇ ေအာက္တိုဘာတြင္ နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးထားသည္။

၂ဝ၁၆ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၏ တ႐ုတ္ျပည္ခရီးစဥ္တြင္ ကြမ္းလုံတံတားစီမံကိန္း တည္ေဆာက္ရန္ သေဘာတူခဲ့ ျခင္းျဖစ္သည္။ ၂၀၁၆ အတိုင္ပင္ ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္းႏွစ္ ႏိုင္ငံအၾကား ကြမ္းလုံတံတား တည္ေဆာက္ေရး၊ စီးပြားေရးႏွင့္ နည္းပညာက႑မ်ား ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္မ်ား လက္မွတ္ေရးထိုးခဲ့ၾကသည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ ႏိုင္ငံေတာ္ ေကာင္စီဝန္ႀကီးခ်ဳပ္ မစၥတာလီကီက်န္းတို႔ ဦးေဆာင္သည့္ ႏွစ္ႏိုင္ငံေဆြးေႏြးပြဲတစ္ရပ္ကို ၂၀၁၆ ၾသဂုတ္ ၁၈ ရက္ မြန္းလြဲပိုင္းက ေဘဂ်င္းၿမိဳ႕ရွိ ျပည္သူ႔ခန္းမေဆာင္၌ ျပဳလုပ္ခဲ့ျခင္းျဖစသည္။

လက္ရွိ ကြမ္းလုံ ႀကိဳးတံတားသည္ ၁၉၆၅ က တည္ေဆာက္ခဲ့ျခင္းျဖစ္၍ ႏွစ္ ေပါင္း(၅၃)ႏွစ္ ၾကာျမင့္ခဲ့ၿပီျဖစ္ သည္။

ကြမ္းလုံ ႀကိဳးတံတားကို ၁၉၆၄ တြင္ တ႐ုတ္ပညာရွင္မ်ား၏ အကူအညီမ်ားျဖင့္ တည္ေဆာက္ခဲ့ၿပီး ၁၉၆၅ ခုႏွစ္တြင္ ဖြင့္လွစ္ခဲ့သည္။ တံတားအသုံးျပဳ မႈသက္တမ္းမွာ ႏွစ္ေပါင္း ၅၀ ခန႔္ ၾကာျမင့္ခဲ့ၿပီျဖစ္၍ တံတား၏ခံႏိုင္ဝန္ ေလ်ာ့က်လာေသာေၾကာင့္ တံတားအသစ္ ထပ္မံတည္ေဆာက္ရန္ လိုအပ္လာျခင္းျဖစ္ သည္။

ထိုစီမံကိန္းသည္ တ႐ုတ္ သမၼတ၏ ၂၀၂၀ ဇန္နဝါရီလတြင္လာေရာက္ခဲ့သည္ ခရီးစဥ္တြင္လည္း သေဘာတူညီခ်က္မ်ားအနက္မွတစ္ခုပါဝင္သည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service