အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉) လုံးရှိ အိမ်ခန်းနေရာများတွင် စတင်နေရာချထားနိုင်ရေးအတွက် လျှောက်ထားသူများအား အသိပေး - Property News in Myanmar from iMyanmarHouse.com
1570 Views

အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉) လုံးရှိ အိမ်ခန်းနေရာများတွင် စတင်နေရာချထားနိုင်ရေးအတွက် လျှောက်ထားသူများအား အသိပေး

[Unicode]

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ် ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေးအနီး)တွင် ပထမအဆင့် တည်ဆောက်နေပြီဖြစ်သည့် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်(၃၉) လုံးရှိ အိမ်ခန်းနေရာများတွင် စတင်နေရာချထားနိုင်ရေးအတွက် လျှောက်ထားသူများအား သိရှိနိုင်စေရန် အငြိမ်းစားဝန်ထမ်းအိမ်ရာများ စိစစ်ရေးဆပ်ကော်မတီက ဇွန် ၁၈ ရက်က ကြေညာထားသည်။

အငြိမ်းစားဝန်ထမ်းအိမ်ရာတိုက်ခန်း (၃၀၀၀)အနက်မှ ပထမအဆင့်အနေဖြင့် တိုက်(၃၉)လုံးရှိမြေညီထပ် (၁၅၆) ခန်း၊ဒုတိယထပ်(၁၅၆)ခန်း၊တတိယထပ်(၁၅၆)ခန်း တို့အားနေရာချထားနိုင်ရေးအတွက် လျှောက်ထားသူများ အနက် လျှောက်လွှာအမှတ်စဉ်အရ ငွေအကြေ ပေးသွင်းသူများနှင့်ဘဏ်ချေးငွေစနစ်ဖြင့် ငွေပေးသွင်း သူများမှ (၇)ရက်အတွင်း တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းပေးသွင်းရန်၊ သတ်မှတ်ရက်အတွင်း မသွင်းသူများ၏ လျှောက်လွှာများကိုပယ်ဖျက်မည်ဖြစ်ပြီး ပေးသွင်းပြီးပါက လျှောက်လွှာအမှတ်စဉ်အလိုက် လျှောက်ထားသည့် အထပ်များရှိအခန်းများကိုမဲစနစ်ဖြင့်နေရာချထားပေမည်ဖြစ်ကြောင်း၊မဲစနစ်ဖြင့်အခန်းနေရာရရှိပါက လက်ငင်း ငွေအကြေစနစ်ဖြင့် ပေးသွင်းသူများအနေဖြင့် ကျန်(၇၀) ရာခိုင်နှုန်းအား (၃၅)ရာခိုင်နှုန်း နှစ်ကြိမ်ခွဲပြီး (၃၀.၉.၂၀၂၀)ရက်နေ့မတိုင်မီပေးသွင်းရမည်ဖြစ်ပြီး မသွင်းပါက အခန်းနေရာရရှိမှုအားပယ်ဖျက်မည်ဖြစ်ကြောင်း သိရသည်။

ဘဏ်ချေးငွေဖြင့် ပေးသွင်းသူများအနေဖြင့် မဲစနစ်ဖြင့်အခန်းနေရာရရှိသည့်နေ့မှ(၁၄)ရက်အတွင်း နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက်နှင့်ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ပြီး မဆက်သွယ်ပါက အခန်းနေရာရရှိမှုအား ပယ်ဖျက်မည် ဖြစ်ကြောင်းသိရသည်။

တိုက်ခန်းတန်းဖိုး၏ (၃၀)ခိုင်နှုန်းပေးသွင်းပြီးသူများအား ကော်မတီက နေရာချထားပေးမည်ဖြစ်ပြီး ချထားပေးမည့်ရက်ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝဘ်ဆိုက်နှင့် လူမှုကွန်ရက်စာမျက်နှာတို့တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အငြိမ်းစားဝန်ထမ်းအိမ်ရာတိုက်ခန်းများ ဆက်လက်တည်ဆောက်ပြီးပါက ကျန်ရှိသည့်လျှောက်ထားသူများအား ဆောက်လုပ်ပြီးစီးမှုအပေါ်မူတည်ကာ အထက်ပါဆောင်ရွက်ချက်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service