ပုသိမ်- ဂွလမ်းတစ်လျှောက် ကမ်းခြေစီမံကိန်းအသစ်နှင့် စက်မှုဇုန်ဧရိယာများဖော်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
1597 Views

ပုသိမ်- ဂွလမ်းတစ်လျှောက် ကမ်းခြေစီမံကိန်းအသစ်နှင့် စက်မှုဇုန်ဧရိယာများဖော်ဆောင်မည်

[Unicode]

ပုသိမ် - ဂွ မိုင် ၁၀၀ ကျော်ကမ်းခြေပတ်လမ်း တစ်လျှောက်တွင် ကမ်းခြေအသစ်နှင့် အပန်းဖြေမြို့သစ်အပြင် စက်မှုဇုန်ဧရိယာများ အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

“ စိတ်ဝင်စားမှုအဆိုပြုလျှောက်လွှာခေါ်ယူသွားမယ်၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး စိတ်ဝင်စားတဲ့ပြည်တွင်း ပြည်ပဆောက်လုပ်ရေးလုပ်ငန်းတွေကို လျှောက်ထားခွင့်ပြုသွားမယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းကပြောသည်။

အဆိုပါစီမံကိန်းသည် စုစုပေါင်းမြေဧက ၁၀,၀၀၀ ကျော်ကျယ်ဝန်းပြီး ကမ်းခြေတစ်လျှောက်ဟိုတယ်စီမံကိန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်း၊ စက်မှုဇုန်နှင့် ကမ်းခြေအနီး တောင်ကုန်းနေရာများတွင် အပန်းဖြေမြို့ငယ်တို့ ပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်းသည် ပုသိမ်- ဂွ လမ်းတစ်လျှောက် လမ်းအရှည် မိုင် ၁၀၀ ကျော် ရှည်လျားပြီး စီမံကိန်းအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းရာချီရင်းနှီးမြှုပ်နှံရမည့်စီမံကိန်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။၎င်းလမ်း မိုင်တစ်ရာကျော်ကို ၂၄ ပေ ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်မည်ဖြစ်သည်။

ကမ်းခြေနှင့်နီးကပ်သည့် နေရာများတွင် ဟိုတယ်ဇုန်များတည်ဆောက်ခွင့်ပြုမည်ဖြစ်ပြီး ကမ်းခြေနှင့် ဝေးသောနေရာများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဇုန်ဧရိယာအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ကမ်းခြေအသစ်နှင့် အပန်းဖြေမြို့အသစ်စီမံကိန်းကို ယခု အစိုးရသက်တမ်းအတွင်း EOI (စိတ်ဝင်စားမှုအဆိုပြုလွှာ)ခေါ်ယူသွားမည်ဖြစ်ပြီး ချောင်းသာနှင့် ငွေဆောင်ကမ်းခြေများကဲ့သို့ အပန်းဖြေနေရာ အသစ်ဖြစ်ပေါ်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။အပန်းဖြေမြို့သစ်တည်ဆောက်နိုင်ရေးစီမံကိန်းအတွက် ကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားပြီးကြောင်းလည်းသိရသည်။လမ်းဖောက်လုပ်များပြီးစီးပါက ဇုန်အလိုက်ရင်းနှီးမြုပ်နှံသူများကိုဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောဆိုထားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုသိမ္- ဂြလမ္းတစ္ေလွ်ာက္ ကမ္းေျခစီမံကိန္းအသစ္ႏွင့္ စက္မႈဇုန္ဧရိယာမ်ားေဖာ္ေဆာင္မည္

ပုသိမ္ - ဂြ မိုင္ ၁၀၀ ေက်ာ္ကမ္းေျခပတ္လမ္း တစ္ေလွ်ာက္တြင္ ကမ္းေျခအသစ္နွင့္ အပန္းေျဖျမိဳ့သစ္အျပင္ စက္မႈဇုန္ဧရိယာမ်ား အေကာင္ထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနထံမွ သိရသည္။

“ စိတ္၀င္စားမွဳအဆိုျပဳေလွ်ာက္လႊာေခၚယူသြားမယ္၊ ဧရာ၀တီတိုင္းအစိုးရအဖြဲ့န႔ဲ ေဆာက္လုပ္ေရး၀န္ႀကီးဌာနတို့ ပူးေပါင္းျပီး စိတ္၀င္စားတဲ့ျပည္တြင္း ျပည္ပေဆာက္လုပ္ေရးလုပ္ငန္းေတြကုိ ေလွ်ာက္ထားခြင့္ျပဳသြားမယ္”ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီးဦးေက်ာ္လင္းကေျပာသည္။

အဆိုပါစီမံကိန္းသည္ စုစုေပါင္းေျမဧက ၁၀,၀၀၀ ေက်ာ္က်ယ္၀န္းျပီး ကမ္းေျခတစ္ေလွ်ာက္ဟိုတယ္စီမံကိန္း၊ စိုက္ပ်ိဳးေရးနွင့္ ေမြးျမဴေရးစီမံကိန္း၊ စက္မွဳဇုန္နွင့္ ကမ္းေျခအနီး ေတာင္ကုန္းေနရာမ်ားတြင္ အပန္းေျဖျမိဳ့ငယ္တို့ ပါ၀င္မည္ျဖစ္သည္။ ယင္းစီမံကိန္းသည္ ပုသိမ္- ဂြ လမ္းတစ္ေလွ်ာက္ လမ္းအရွည္ မိုင္ ၁၀၀ ေက်ာ္ ရွည္လ်ားျပီး စီမံကိန္းအားျဖင့္ စုစုေပါင္း အေမရိကန္ေဒၚလာ သန္းရာခ်ီရင္းနွီးျမွဳပ္နွံရမည့္စီမံကိန္းျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီးဌာနထံမွ သိရသည္။၎လမ္း မိုင္တစ္ရာေက်ာ္ကို ၂၄ ေပ ကြန္ကရစ္လမ္းအျဖစ္ ေဖာက္လုပ္မည္ျဖစ္သည္။

ကမ္းေျခႏွင့္နီးကပ္သည့္ ေနရာမ်ားတြင္ ဟိုတယ္ဇုန္မ်ားတည္ေဆာက္ခြင့္ျပဳမည္ျဖစ္ၿပီး ကမ္းေျခႏွင့္ ေ၀းေသာေနရာမ်ားတြင္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ စက္မႈဇုန္ဧရိယာအျဖစ္ ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။ ကမ္းေျခအသစ္နွင့္ အပန္းေျဖျမိဳ့အသစ္စီမံကိန္းကုိ ယခု အစိုးရသက္တမ္းအတြင္း EOI (စိတ္၀င္စားမွဳအဆိုျပဳလႊာ)ေခၚယူသြားမည္ျဖစ္ျပီး ေခ်ာင္းသာနွင့္ ေငြေဆာင္ကမ္းေျခမ်ားကဲ့သို့ အပန္းေျဖေနရာ အသစ္ျဖစ္ေပၚလာရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ယင္း၀န္ႀကီးဌာနထံမွ သိရသည္။အပန္းေျဖၿမိဳ႕သစ္တည္ေဆာက္ႏိုင္ေရးစီမံကိန္းအတြက္ ေကာ္မတီတစ္ရပ္ကိုဖြဲ႕စည္းထားၿပီးေၾကာင္းလည္းသိရသည္။လမ္းေဖာက္လုပ္မ်ားၿပီးစီးပါက ဇုန္အလိုက္ရင္းႏွီးျမဳပ္ႏွံသူမ်ားကုိဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း ၀န္ႀကီးဌာနက ေျပာဆိုထားသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service