COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၂၀၀ ထပ်မံခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
624 Views

COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၂၀၀ ထပ်မံခွင့်ပြု

[Unicode]

COVID-19 ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၂၀၀ ခန့် နှင့် ကျပ် ၆၄ ဘီလီယံဖိုးခွင့်ပြုပေးခဲ့ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်သည်။

ထိုပမာဏများတွင် လုပ်ငန်းအသစ် ၉ ခုနှင့် ဆောင်ရွက်ဆဲလုပ်ငန်း ၆ ခုမှ မတည်ရင်းနှီးတိုးမြှင့်ခြင်းတို့ကြောင့် ဖြစ်သည်ဟုဆိုသည်။

ခွင့်ပြုခဲ့သည့် လုပ်ငန်းများတွင် စက်မှုကဏ္ဍနှင့် အခြားကဏ္ဍများဖြစ်ပြီး အလုပ်အကိုင်အခွင့်အလန်း ၂၅၀၀ ကျော်ဖန်တီးပေးမည်ဟုဆိုသည်။

၂၀၂၀ ခုနှစ် မေလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

ထိုပြင် စစ်ကိုင်းတွင်းရင်းနှီးမြှပ်နှံမှုကော်မတီကလည်း ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် Manufacturing of Various Kinds of Signal Cable on CMP Basis လုပ်ငန်းဆောင်ရွက်မည့် Dehong Technology (Sagaing) Co., Ltd၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုလက်မှုသက်မွေးသင်တန်း‌ကျောင်းပါဝင်သော ကျောက်စိမ်း/ ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာထုတ်လုပ်မှုလုပ်ငန်း၊ Biodiversity Garden၊ Minerals & Rock Garden များပါဝင်သော အပန်းဖြေဥယျာဉ်လုပ်ငန်းတို့ ဆောင်ရွက်မည့် Pyi Kyaw Aung Htay Gems Co., Ltd. တို့ကို အတည်ပြုမိန့် ထုတ်ပေးမည်ဟု ဇွန် ၁၆ ရက် ကထုတ်ပြန်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ သန်း၊ မြန်မာကျပ်ငွေ ၂၅၆၅ သန်း ရှိသည်။ ထိုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၄၀၀ ခန့်ဖန်တီးပေးမည်ဟုဆိုသည်။

ထိုပြင် COVID-19 ကာလအတွင်း ပဲခူးတိုင်းတွင် ဒေါ်လာ ၁၂ သန်းကျော်နှင့် ကျပ်လေးဘီလီယံခန့် တန်ဖိုးရှိသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ငါးခုကို ခွင့်ပြုပေးခဲ့ကြောင်း ပဲခူးတိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီက မေလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ နိုင်ငံခြား ဖက်စပ်လုပ်ငန်းတစ်ခုနှင့် ပြည်တွင်းလုပ်ငန်းတစ်ခုတို့ဖြစ်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခုသည် စုစုပေါင်းဒေါ်လာ ၁၂ သန်းရှိသည်ဟုဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုဘဏ္ဍာနှစ် မေလအထိ ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင်ရောက်ထားပြီး ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ်တစ်ခုလုံးထက်များသည်ဟု ဝန်ကြီးကဆိုသည်။ယခင်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံဝင်ရောက်ထားသည်ဟုဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လုပ်သားအများဆုံး အလုပ်ရနိုင်မည့် စက်မှုဇုန်စီမံကိန်းများကို ထိုင်းနှင့် ကိုရီးယားနိုင်ငံများကို ခွင့်ပြုပေးဖြစ်သည်ဟု ဦးသောင်းထွန်းက ဆက်ပြောသည်။ ထို့အပြင် စင်ကာပူနိုင်ငံကိုလည်း ခွင့်ပြုပေးရန်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် COVID-19 အလွန်တွင်ပင် အလားအလာကောင်းများ ရှိနေသည်ဟု ဦးသောင်းထွန်းက ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကပ္ေရာဂါကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈ ေဒၚလာသန္း ၂၀၀ ထပ္မံခြင့္ျပဳ

COVID-19 ကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ သန္း ၂၀၀ ခန႔္ ႏွင့္ က်ပ္ ၆၄ ဘီလီယံဖိုးခြင့္ျပဳေပးခဲ့ ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ထုတ္ျပန္သည္။

ထိုပမာဏမ်ားတြင္ လုပ္ငန္းအသစ္ ၉ ခုႏွင့္ ေဆာင္႐ြက္ဆဲလုပ္ငန္း ၆ ခုမွ မတည္ရင္းႏွီးတိုးျမႇင့္ျခင္းတို႔ေၾကာင့္ ျဖစ္သည္ဟုဆိုသည္။

ခြင့္ျပဳခဲ့သည့္ လုပ္ငန္းမ်ားတြင္ စက္မႈက႑ႏွင့္ အျခားက႑မ်ားျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလန္း ၂၅၀၀ ေက်ာ္ဖန္တီးေပးမည္ဟုဆိုသည္။

၂၀၂၀ ခုႏွစ္ ေမလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္သည္။

ထိုျပင္ စစ္ကိုင္းတြင္းရင္းႏွီးျမႇပ္ႏွံမႈေကာ္မတီကလည္း ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ Manufacturing of Various Kinds of Signal Cable on CMP Basis လုပ္ငန္းေဆာင္႐ြက္မည့္ Dehong Technology (Sagaing) Co., Ltd၊ ရာခိုင္ႏႈန္းျပည့္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ စက္မႈလက္မႈသက္ေမြးသင္တန္း‌ေက်ာင္းပါဝင္ေသာ ေက်ာက္စိမ္း/ ေက်ာက္မ်က္အေခ်ာထည္ႏွင့္ လက္ဝတ္ရတနာထုတ္လုပ္မႈလုပ္ငန္း၊ Biodiversity Garden၊ Minerals & Rock Garden မ်ားပါဝင္ေသာ အပန္းေျဖဥယ်ာဥ္လုပ္ငန္းတို႔ ေဆာင္႐ြက္မည့္ Pyi Kyaw Aung Htay Gems Co., Ltd. တို႔ကို အတည္ျပဳမိန္႔ ထုတ္ေပးမည္ဟု ဇြန္ ၁၆ ရက္ ကထုတ္ျပန္သည္။

အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားသည္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၃ သန္း၊ ျမန္မာက်ပ္ေငြ ၂၅၆၅ သန္း ရွိသည္။ ထိုလုပ္ငန္းမ်ားမွ အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၃၄၀၀ ခန႔္ဖန္တီးေပးမည္ဟုဆိုသည္။

ထိုျပင္ COVID-19 ကာလအတြင္း ပဲခူးတိုင္းတြင္ ေဒၚလာ ၁၂ သန္းေက်ာ္ႏွင့္ က်ပ္ေလးဘီလီယံခန႔္ တန္ဖိုးရွိသည့္ ျပည္တြင္း၊ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္း ငါးခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း ပဲခူးတိုင္းရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီက ေမလ ၁၉ ရက္တြင္ ထုတ္ျပန္သည္။

ခြင့္ျပဳခဲ့သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားမွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းတစ္ခု၊ ႏိုင္ငံျခား ဖက္စပ္လုပ္ငန္းတစ္ခုႏွင့္ ျပည္တြင္းလုပ္ငန္းတစ္ခုတို႔ျဖစ္သည္။ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသုံးခုသည္ စုစုေပါင္းေဒၚလာ ၁၂ သန္းရွိသည္ဟုဆိုသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခုဘ႑ာႏွစ္ ေမလအထိ ေဒၚလာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီး ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္တစ္ခုလုံးထက္မ်ားသည္ဟု ဝန္ႀကီးကဆိုသည္။ယခင္ဘ႑ာႏွစ္တြင္ ႏိုင္ငံျခားရင္းႏွီးျမႇပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၁၅ ဘီလီယံဝင္ေရာက္ထားသည္ဟုဆိုသည္။

အလုပ္အကိုင္အခြင့္အလမ္း ရရွိေရးအတြက္ လုပ္သားအမ်ားဆုံး အလုပ္ရႏိုင္မည့္ စက္မႈဇုန္စီမံကိန္းမ်ားကို ထိုင္းႏွင့္ ကိုရီးယားႏိုင္ငံမ်ားကို ခြင့္ျပဳေပးျဖစ္သည္ဟု ဦးေသာင္းထြန္းက ဆက္ေျပာသည္။ ထို႔အျပင္ စင္ကာပူႏိုင္ငံကိုလည္း ခြင့္ျပဳေပးရန္ရွိသည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ COVID-19 အလြန္တြင္ပင္ အလားအလာေကာင္းမ်ား ရွိေနသည္ဟု ဦးေသာင္းထြန္းက ဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service