လိုင်စင်အသစ်ချပေးထားသည့် နိုင်ငံခြားဘဏ်များ သတ်မှတ်ကာလအတွင်း အပြီးဖွင့်လှစ်ရမည်ဟု ဗဟိုဘဏ်ဒုဥက္ကဌဆို - Property News in Myanmar from iMyanmarHouse.com
1319 Views

လိုင်စင်အသစ်ချပေးထားသည့် နိုင်ငံခြားဘဏ်များ သတ်မှတ်ကာလအတွင်း အပြီးဖွင့်လှစ်ရမည်ဟု ဗဟိုဘဏ်ဒုဥက္ကဌဆို

[Unicode]

ဧပြီ ၉ ရက် က လိုင်စင်ထုတ်ပေးခဲ့သည့် နိုင်ငံခြားဘဏ်အသစ် ခုနှစ်ဘဏ်သည် COVID-19 ဖြစ်နေသော်လည်း ကိုးလအတွင်း အပြီးဖွင့်လှစ်ရမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။

ထိုဘဏ်များသည် COVID-19 ကြောင့် ပြည်တွင်း၌ လာရောက်ဖွင့်လှစ်ရန်၊ အချိန်ထပ်တိုး ဆောင်ရွက်ပေးရန် မေးမြန်းမှုရှိလာရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌက ဆိုသည်။

‘‘လောလောဆယ် ဘဏ်တွေက မေးပါတယ်။ COVID-19 ကြောင့် ထပ်တိုးပေးတာ လုပ်ပေးနိုင်မလားမေးတယ်။ ကိုးလအချိန် က သင့်လျော်တဲ့ကာလဖြစ်လို့ ထပ်တိုးပေးတာလုပ်မှာ မဟုတ်ဘူး။ ကိုးလအတွင်းဖွင့်ဖို့ ဗဟိုဘဏ်က လုပ်မှာပဲ’’ ဟု ဦးစိုးမင်း က ပြောသည်။

အဆိုပါနိုင်ငံခြားဘဏ် ခုနှစ်ဘဏ်ကို ဗဟိုဘဏ် ဘဏ်ခွဲလိုင်စင်နှင့် နိုင်ငံခြားဘဏ် လက်အောက်ခံ ဘဏ်ကုမ္ပဏီအဖြစ် ဖွင့်လှစ်ရန် လိုင်စင်ထုတ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုသို့ရွေးချယ်စဉ်ကာလက ညွှန်ကြားချက်မှာပင် ရွေးချယ်မည့်အချိန်နှင့် မြန်မာပြည်တွင် ဖွင့်လှစ်ရမည့်အချိန်ကို သတ်မှတ်ထားပြီးဖြစ် သည်ဟု ဦးစိုးမင်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားဘဏ် ၁၃ ဘဏ်ကို ဘဏ်ခွဲလိုင်စင်ခွင့်ပြုထားသည်။ ဂျပန်ဘဏ်သုံးဘဏ်၊ စင်ကာပူ ဘဏ်နှစ်ဘဏ်၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ဩစတြေးလျနှင့် နယူးဇီလန်၊ဗီယက်နမ်၊ ကိုရီးယားနှင့် တိုင်ပေတို့မှ တစ်ဘဏ်စီ ခွင့်ပြုထားသည်။

၂၀၂၀ ဧပြီ၌ ခွင့်ပြုခဲ့သည့် နိုင်ငံခြားဘဏ်များသည် ဟောင်ကောင်အခြေစိုက် တရုတ်ဘဏ် Bank of China, ထိုင်ဝမ်ဘဏ် နှစ်ဘဏ်ဖြစ်သည့် Cathay United Bank နှင့် Mega Interna-tional Commercial Bank,ကိုရီးယားဘဏ် သုံးဘဏ်ဖြစ်သည့် Industrial Bank of Korea, KB Bank နှင့် Korea Development Bank နှင့် ထိုင်းဘဏ် SIAM Bank တို့ ဖြစ်သည်။ ၎င်းတို့ကို နိုင်ငံခြားဘဏ်ခွဲလိုင်စင်လေးခုနှင့် ဘဏ်ကုမ္ပဏီသုံးခုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံမှ Industrial Bank of Korea နှင့် KB Koomin Bank တို့ကို နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ် ကုမ္ပဏီဖွင့်လှစ်ခွင့်နှင့် Korea Development Bank ကို ဘဏ်ခွဲဖွင့်လှစ်ခွင့်တို့ကို ခွင့်ပြုခြင်းဖြစ်သည်။

ထိုင်ဝမ်ဘဏ်နှစ်ခုဖြစ်သည့် Cathey United Bank နှင့် Mega International Bank တို့ကို ဘဏ်ခွဲလိုင်စင်အဖြစ် ခွင့်ပြုခြင်းဖြစ်သည်။ ဟောင်ကောင်အခြေစိုက် Bank of China(Hongkong) ကို ဘဏ်ခွဲလိုင်စင်နှင့် ထိုင်းဘဏ် Siam Commercial Bank ကိုဘဏ်ကုမ္ပဏီအဖြစ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လိုင္စင္အသစ္ခ်ေပးထားသည့္ ႏိုင္ငံျခားဘဏ္မ်ား သတ္မွတ္ကာလအတြင္း အၿပီးဖြင့္လွစ္ရမည္ဟု ဗဟိုဘဏ္ဒုဥကၠဌဆို

ဧၿပီ ၉ ရက္ က လိုင္စင္ထုတ္ေပးခဲ့သည့္ ႏိုင္ငံျခားဘဏ္အသစ္ ခုနွစ္ဘဏ္သည္ COVID-19 ျဖစ္ေနေသာ္လည္း ကိုးလအတြင္း အၿပီးဖြင့္လွစ္ရမည္ဟု ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးစိုးမင္းက ေျပာသည္။

ထိုဘဏ္မ်ားသည္ COVID-19 ေၾကာင့္ ျပည္တြင္း၌ လာေရာက္ဖြင့္လွစ္ရန္၊ အခ်ိန္ထပ္တိုး ေဆာင္႐ြက္ေပးရန္ ေမးျမန္းမႈရွိလာရွိသည္ဟု ဗဟိုဘဏ္ ဒုတိယ ဥကၠ႒က ဆိုသည္။

‘‘ေလာေလာဆယ္ ဘဏ္ေတြက ေမးပါတယ္။ COVID-19 ေၾကာင့္ ထပ္တိုးေပးတာ လုပ္ေပးႏိုင္မလားေမးတယ္။ ကိုးလအခ်ိန္ က သင့္ေလ်ာ္တဲ့ကာလျဖစ္လို႔ ထပ္တိုးေပးတာလုပ္မွာ မဟုတ္ဘူး။ ကိုးလအတြင္းဖြင့္ဖို႔ ဗဟိုဘဏ္က လုပ္မွာပဲ’’ ဟု ဦးစိုးမင္း က ေျပာသည္။

အဆိုပါႏိုင္ငံျခားဘဏ္ ခုႏွစ္ဘဏ္ကို ဗဟိုဘဏ္ ဘဏ္ခြဲလိုင္စင္ႏွင့္ ႏိုင္ငံျခားဘဏ္ လက္ေအာက္ခံ ဘဏ္ကုမၸဏီအျဖစ္ ဖြင့္လွစ္ရန္ လိုင္စင္ထုတ္ေပးလိုက္ျခင္းျဖစ္သည္။ ထိုသို႔ေ႐ြးခ်ယ္စဥ္ကာလက ၫႊန္ၾကားခ်က္မွာပင္ ေ႐ြးခ်ယ္မည့္အခ်ိန္ႏွင့္ ျမန္မာျပည္တြင္ ဖြင့္လွစ္ရမည့္အခ်ိန္ကို သတ္မွတ္ထားၿပီးျဖစ္ သည္ဟု ဦးစိုးမင္းက ေျပာသည္။

လက္ရွိတြင္ ျပည္တြင္း၌ ႏိုင္ငံျခားဘဏ္ ၁၃ ဘဏ္ကို ဘဏ္ခြဲလိုင္စင္ခြင့္ျပဳထားသည္။ ဂ်ပန္ဘဏ္သုံးဘဏ္၊ စင္ကာပူ ဘဏ္ႏွစ္ဘဏ္၊ ထိုင္း၊ တ႐ုတ္၊ မေလးရွား၊ ဩစေၾတးလ်ႏွင့္ နယူးဇီလန္၊ဗီယက္နမ္၊ ကိုရီးယားႏွင့္ တိုင္ေပတို႔မွ တစ္ဘဏ္စီ ခြင့္ျပဳထားသည္။

၂၀၂၀ ဧၿပီ၌ ခြင့္ျပဳခဲ့သည့္ ႏိုင္ငံျခားဘဏ္မ်ားသည္ ေဟာင္ေကာင္အေျခစိုက္ တ႐ုတ္ဘဏ္ Bank of China, ထိုင္ဝမ္ဘဏ္ ႏွစ္ဘဏ္ျဖစ္သည့္ Cathay United Bank ႏွင့္ Mega Interna-tional Commercial Bank,ကိုရီးယားဘဏ္ သုံးဘဏ္ျဖစ္သည့္ Industrial Bank of Korea, KB Bank ႏွင့္ Korea Development Bank ႏွင့္ ထိုင္းဘဏ္ SIAM Bank တို႔ ျဖစ္သည္။ ၎တို႔ကို ႏိုင္ငံျခားဘဏ္ခြဲလိုင္စင္ေလးခုႏွင့္ ဘဏ္ကုမၸဏီသုံးခုကို ခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

ကိုရီးယားႏိုင္ငံမွ Industrial Bank of Korea ႏွင့္ KB Koomin Bank တို႔ကို ႏိုင္ငံျခားဘဏ္လက္ေအာက္ခံဘဏ္ ကုမၸဏီဖြင့္လွစ္ခြင့္ႏွင့္ Korea Development Bank ကို ဘဏ္ခြဲဖြင့္လွစ္ခြင့္တို႔ကို ခြင့္ျပဳျခင္းျဖစ္သည္။

ထိုင္ဝမ္ဘဏ္ႏွစ္ခုျဖစ္သည့္ Cathey United Bank ႏွင့္ Mega International Bank တို႔ကို ဘဏ္ခြဲလိုင္စင္အျဖစ္ ခြင့္ျပဳျခင္းျဖစ္သည္။ ေဟာင္ေကာင္အေျခစိုက္ Bank of China(Hongkong) ကို ဘဏ္ခြဲလိုင္စင္ႏွင့္ ထိုင္းဘဏ္ Siam Commercial Bank ကိုဘဏ္ကုမၸဏီအျဖစ္ ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service