COVID-19 ကြောင့် မြန်မာစီးပွားရေးတိုးတက်နှုန်း နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမည်ဟု ADB ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
902 Views

COVID-19 ကြောင့် မြန်မာစီးပွားရေးတိုးတက်နှုန်း နှစ်ပေါင်း ၃၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းမည်ဟု ADB ခန့်မှန်း

[Unicode]

COVID-19 ဂယက်ကြောင့် မြန်မာနိုင်ငံ၏ စီးပွားတိုးတက်နှုန်းသည် ၂၀၂၀ တွင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာရှိဖြစ်ပြီး အာဆီယံနိုင်ငံအများ ဗီယက်နမ်နိုင်ငံပြီးလျှင် စီးပွားအတိုးတက်ဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု အာရှဖွံဖြိုးရေးဘဏ် (ADB) က ခန့်မှန်းကြောင်း ဇွန် ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ADB ၏ ခန့်မှန်းသည့်မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၁၉၉၁ နှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ တွင်း အနိမ့်ဆုံးစီးပွားရေးတိုးတက်နှုန်း တစ်ခုဖြစ်လာသည်။

ADB ၏ ခန့်မှန်းချက်တွင် အာဆီယံတွင် ဗီယက်နမ်၊ မြန်မာနှင့် ဘရူနိုင်းနိုင်ငံတို့သာ ၂၀၂၀ တွင် စီးပွားရေးတိုးတက်မည်ဖြစ်ပြီး ကျန်နိုင်ငံများက စီးပွားရေးကျဆင်းမည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံ၏ စီးပွားတိုးတက်နှုန်းသည် ၂၀၂၀ တွင် ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၂၁ တွင် ၆ ရာခိုင်နှုန်းရှိမည်ဟု‌ပြောင်းလဲခန့်မှန်းလိုက်ခြင်းဖြစ်သည်။ ADB က ယခင်က COVID-19 စတင်သက်ရောက်စဉ်က မြန်မာ့စီးပွားရေးတိုးတက်နှုန်းကို ၄ ဒသမ ၂ ရာခိုင်နှုန်း ခန့်မှန်းထားပြီး ၂၀၂၁ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

၂၀၂၁ တွင်ခန့်မှန်းထားသည့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် အာဆီယံတွင် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံပြီးလျှင် တတိယမြောက် အတိုးတက်ဆုံးနိုင်ငံဖြစ်သည်ဟုဆိုထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၀ နှင့် ၂၀၂၁ တွင် ၆ ရာခိုင်နှုန်းသာရှိမည်ဟုဆိုသည်။ ယခင်က နှစ်နှစ်လုံးအတွက် ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်မှန်းထားခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံက စီးပွားတိုးတက်နှုန်းသည် ၂၀၂၀ တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၁ တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ADB က ဆိုထားသည်။

COVID-19 ရိုက်ခတ်မှုကြောင့် ၂၀၂၀၂ တွင် အာဆီယံဒေသတခုလုံးတွင် စီးပွားကျဆင်းမှုသည် ၂ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ၂၀၂၁ တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ADB က ဆိုသည်။

မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၏ စီးပွားရေးသည် COVID-19 ကြောင့် ရိုက်ခတ်မှုများရှိလာပြီး အထူးသဖြင့် ဝယ်ယူလိုအားကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ကျဆင်းလာခြင်းကြောင့် ဟု ADB က ဆိုသည်။ ခရီးသွားလုပ်ငန်းရပ်တန့်ခြင်းကလည်း စီးပွားရေးကို ထိခိုက်စေသည်ဟုဆိုသည်။

အစိုးရအချို့က ကန့်သတ်မှုအချို့ပြန်လည်ဖြေလျော့ပေးနေသော်လည်း စီးပွားရေးပြန်လည်အားကောင်းလာရန် လိုအပ်နေဆဲဖြစ်သည်ဟု ADB ကဆိုသည်။

မြန်မာနိုင်ငံသည် COVID-19 တိုက်ဖျက်ရေးတွင် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အခြေအနေကောင်းမွန်နေသည် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကဆိုထားသည်။

“မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုအလားလာကောင်းတွေရှိနေတဲ့ အတွက် COVID-19 အလွန်မှာတောင် ရင်းနှီးမြှပ်နှံမှုများ ဆက်လက်အားကောင်းနေမှာပါ”ဟု ၎င်းကဆိုသည်။

ADB က မြန်မာ့စီးပွားရေးတိုးတက်နှုန်းသည် ၂၀၁၈ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၁၉တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု ဆိုထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

 

COVID-19 ေၾကာင့္ ျမန္မာစီးပြားေရးတိုးတက္ႏႈန္း ႏွစ္ေပါင္း ၃၀ အတြင္း အနိမ့္ဆုံးသို႔ က်ဆင္းမည္ဟု ADB ခန႔္မွန္း

COVID-19 ဂယက္ေၾကာင့္ ျမန္မာႏိုင္ငံ၏ စီးပြားတိုးတက္ႏႈန္းသည္ ၂၀၂၀ တြင္ ၁ ဒသမ ၈ ရာခိုင္ႏႈန္းသာရွိျဖစ္ၿပီး အာဆီယံႏိုင္ငံအမ်ား ဗီယက္နမ္ႏိုင္ငံၿပီးလွ်င္ စီးပြားအတိုးတက္ဆုံးႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ေနမည္ဟု အာရွဖြံၿဖိဳးေရးဘဏ္ (ADB) က ခန႔္မွန္းေၾကာင္း ဇြန္ ၁၈ ရက္တြင္ ထုတ္ျပန္လိုက္သည္။

ADB ၏ ခန႔္မွန္းသည့္ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္ႏႈန္းသည္ ၁၉၉၁ ႏွစ္ေနာက္ပိုင္း ႏွစ္ေပါင္း ၃၀ တြင္း အနိမ့္ဆုံးစီးပြားေရးတိုးတက္ႏႈန္း တစ္ခုျဖစ္လာသည္။

ADB ၏ ခန႔္မွန္းခ်က္တြင္ အာဆီယံတြင္ ဗီယက္နမ္၊ ျမန္မာႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔သာ ၂၀၂၀ တြင္ စီးပြားေရးတိုးတက္မည္ျဖစ္ၿပီး က်န္ႏိုင္ငံမ်ားက စီးပြားေရးက်ဆင္းမည္ဟု ဆိုထားသည္။

ျမန္မာႏိုင္ငံ၏ စီးပြားတိုးတက္ႏႈန္းသည္ ၂၀၂၀ တြင္ ၁ ဒသမ ၈ ရာခိုင္ႏႈန္း၊ ၂၀၂၁ တြင္ ၆ ရာခိုင္ႏႈန္းရွိမည္ဟု‌ေျပာင္းလဲခန႔္မွန္းလိုက္ျခင္းျဖစ္သည္။ ADB က ယခင္က COVID-19 စတင္သက္ေရာက္စဥ္က ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းကို ၄ ဒသမ ၂ ရာခိုင္ႏႈန္း ခန႔္မွန္းထားၿပီး ၂၀၂၁ တြင္ ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိမည္ဟု ခန႔္မွန္းထားျခင္းျဖစ္သည္။

၂၀၂၁ တြင္ခန႔္မွန္းထားသည့္ ျမန္မာႏိုင္ငံ၏ စီးပြားေရးတိုးတက္ႏႈန္းသည္ အာဆီယံတြင္ ဗီယက္နမ္ႏွင့္ မေလးရွားႏိုင္ငံၿပီးလွ်င္ တတိယေျမာက္ အတိုးတက္ဆုံးႏိုင္ငံျဖစ္သည္ဟုဆိုထားသည္။

ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈသည္ ၂၀၂၀ ႏွင့္ ၂၀၂၁ တြင္ ၆ ရာခိုင္ႏႈန္းသာရွိမည္ဟုဆိုသည္။ ယခင္က ႏွစ္ႏွစ္လုံးအတြက္ ၇ ဒသမ ၅ ရာခိုင္ႏႈန္းခန႔္မွန္းထားျခင္းျဖစ္သည္။

ဗီယက္နမ္ႏိုင္ငံက စီးပြားတိုးတက္ႏႈန္းသည္ ၂၀၂၀ တြင္ ၄ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္ ၂၀၂၁ တြင္ ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိမည္ဟု ADB က ဆိုထားသည္။

COVID-19 ႐ိုက္ခတ္မႈေၾကာင့္ ၂၀၂၀၂ တြင္ အာဆီယံေဒသတခုလုံးတြင္ စီးပြားက်ဆင္းမႈသည္ ၂ ဒသမ ၇ ရာခိုင္ႏႈန္းရွိမည္ျဖစ္ၿပီး ၂၀၂၁ တြင္ ၅ ဒသမ ၂ ရာခိုင္ႏႈန္းရွိမည္ဟု ADB က ဆိုသည္။

ျမန္မာအပါအဝင္ အာဆီယံႏိုင္ငံမ်ား၏ စီးပြားေရးသည္ COVID-19 ေၾကာင့္ ႐ိုက္ခတ္မႈမ်ားရွိလာၿပီး အထူးသျဖင့္ ဝယ္ယူလိုအားက်ဆင္းျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုန္သြယ္ေရး က်ဆင္းလာျခင္းေၾကာင့္ ဟု ADB က ဆိုသည္။ ခရီးသြားလုပ္ငန္းရပ္တန႔္ျခင္းကလည္း စီးပြားေရးကို ထိခိုက္ေစသည္ဟုဆိုသည္။

အစိုးရအခ်ိဳ႕က ကန႔္သတ္မႈအခ်ိဳ႕ျပန္လည္ေျဖေလ်ာ့ေပးေနေသာ္လည္း စီးပြားေရးျပန္လည္အားေကာင္းလာရန္ လိုအပ္ေနဆဲျဖစ္သည္ဟု ADB ကဆိုသည္။

ျမန္မာႏိုင္ငံသည္ COVID-19 တိုက္ဖ်က္ေရးတြင္ အျခားႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္ပါက အေျခအေနေကာင္းမြန္ေနသည္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းကဆိုထားသည္။

“ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈအလားလာေကာင္းေတြရွိေနတဲ့ အတြက္ COVID-19 အလြန္မွာေတာင္ ရင္းႏွီးျမႇပ္ႏွံမႈမ်ား ဆက္လက္အားေကာင္းေနမွာပါ”ဟု ၎ကဆိုသည္။

ADB က ျမန္မာ့စီးပြားေရးတိုးတက္ႏႈန္းသည္ ၂၀၁၈ တြင္ ၆ ဒသမ ၄ ရာခိုင္ႏႈန္းႏွင့္ ၂၀၁၉တြင္ ၆ ဒသမ ၈ ရာခိုင္ႏႈန္းရွိသည္ဟု ဆိုထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service