COVID-19 ကြောင့် ထိခိုက်သည့် နိုင်ငံစီးပွားရေးကို ကုစားရန် ချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရထားပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
613 Views

COVID-19 ကြောင့် ထိခိုက်သည့် နိုင်ငံစီးပွားရေးကို ကုစားရန် ချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရထားပြီးဟုဆို

[Unicode]

COVID-19 ကြောင့် ထိခိုက်သွားသည့် နိုင်ငံစီးပွားရေးတည်ငြိမ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေ ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံ ရရှိထားပြီဟု နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

COVID-19 ကြောင့် ထိခိုက်သွားသည် နိုင်ငံစီးပွားရေးကို ကုစားရန်အတွက် ငွေကြေးလိုအပ်ပြီး အထက်ပါ ပမာဏကို နိုင်ငံတကာအဖွဲ့အစည်းများထံမှ ရရှိထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ချေးငွေရယူထားရာတွင် IMF(နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့)ထံမှ ဒေါ်လာသန်း ၇၀၀၊ ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၂၇၀၊ ကမ္ဘာဘဏ်မှ ဒေါ်လာ သန်း ၂၅၀ နှင့် အာရှဖွံဖြိုးရေးဘဏ်(ADB)မှ ဒေါ်လာ သန်း ၃၀ တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် ထိခိုက်သည့် စီးပွားရေးလုပ်ငန်းများကို ကုစားရန် ဒေါ်လာ ၁ ဒသမ၅ ဘီလီယံမှ ၂ ဘီလီယံကြားလိုအပ်မည်ဟု အစိုးရကခန့်မှန်းထားသည်။

“ဒီလိုနိုင်ငံတကာအဖွဲ့အစည်းတွေဆီက ချေးငွေပံ့ပိုးမှုတွေရရှိတာက မြန်မာနိုင်ငံရဲ့ Macro Economic အခြေအနေကို တည်ငြိမ်ဖို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးရေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ဖို့အရေးကြီးပါတယ်။ တာဝန်ယူမှုနဲ့အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်”ဟု ဝန်ကြီးကပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုဘဏ္ဍာနှစ် မေလအထိ ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင်ရောက်ထားပြီး ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ်တစ်ခုလုံးထက် များသည်ဟု ဝန်ကြီးကဆိုသည်။ယခင်ဘဏ္ဍာနှစ်တခုလုံးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄ ဒသမ ၁၅ ဘီလီယံဝင်ရောက်ထားသည်ဟုဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် လုပ်သားအများဆုံး အလုပ်ရနိုင်မည့် စက်မှုဇုန်စီမံကိန်းများကို ထိုင်းနှင့် ကိုရီးယားနိုင်ငံများကို ခွင့်ပြုပေးဖြစ်သည်ဟု ဦးသောင်းထွန်းက ဆက်ပြောသည်။ ထို့အပြင် စင်ကာပူနိုင်ငံကိုလည်း ခွင့်ပြုပေးရန်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် COVID-19 အလွန်တွင်ပင် အလားအလာကောင်းများ ရှိနေသည်ဟု ဦးသောင်းထွန်းက ဆိုသည်။

ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံပြည့်မှီမည်ဟု ဝန်ကြီးကဆိုသည်။

COVID-19 ကြောင့် နိုင်ငံတကာတွင် အလုပ်လက်မဲ့ပြဿနာသည် အကြီးဆုံးပြဿနာဖြစ်နေပြီး မြန်မာနိုင်ငံတွင်လည်း ကျော်လွှားနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကို စီစစ်ခွင့်ပြုပေးခြင်းဖြစ်သည်ဟုဆိုသည်။

လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်း ၁၆၈၀၀၀ကျော်ကို ဖန်တီးပေးခဲ့သည်ဟု ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ ထိခိုက္သည့္ ႏိုင္ငံစီးပြားေရးကို ကုစားရန္ ေခ်းေငြ ေဒၚလာ ၁ ဒသမ ၂၅ ဘီလီယံရထားၿပီးဟုဆို

COVID-19 ေၾကာင့္ ထိခိုက္သြားသည့္ ႏိုင္ငံစီးပြားေရးတည္ၿငိမ္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံမွ ေခ်းေငြ ေဒၚလာ ၁ ဒသမ ၂၅ ဘီလီယံ ရရွိထားၿပီဟု ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာသည္။

COVID-19 ေၾကာင့္ ထိခိုက္သြားသည္ ႏိုင္ငံစီးပြားေရးကို ကုစားရန္အတြက္ ေငြေၾကးလိုအပ္ၿပီး အထက္ပါ ပမာဏကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံမွ ရရွိထားျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

ေခ်းေငြရယူထားရာတြင္ IMF(ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕)ထံမွ ေဒၚလာသန္း ၇၀၀၊ ဂ်ပန္ႏိုင္ငံမွ ေဒၚလာ သန္း ၂၇၀၊ ကမာၻဘဏ္မွ ေဒၚလာ သန္း ၂၅၀ ႏွင့္ အာရွဖြံၿဖိဳးေရးဘဏ္(ADB)မွ ေဒၚလာ သန္း ၃၀ တို႔ျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ေၾကာင့္ ထိခိုက္သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကုစားရန္ ေဒၚလာ ၁ ဒသမ၅ ဘီလီယံမွ ၂ ဘီလီယံၾကားလိုအပ္မည္ဟု အစိုးရကခန႔္မွန္းထားသည္။

“ဒီလိုႏိုင္ငံတကာအဖြဲ႕အစည္းေတြဆီက ေခ်းေငြပံ့ပိုးမႈေတြရရွိတာက ျမန္မာႏိုင္ငံရဲ႕ Macro Economic အေျခအေနကို တည္ၿငိမ္ဖို႔ပဲျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဖြံ႕ၿဖိဳးေရက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္ဖို႔အေရးႀကီးပါတယ္။ တာဝန္ယူမႈနဲ႔အရည္အေသြးရွိတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဖိတ္ေခၚေနပါတယ္”ဟု ဝန္ႀကီးကေျပာသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ ယခုဘ႑ာႏွစ္ ေမလအထိ ေဒၚလာ ၄ ဒသမ ၃၉ ဘီလီယံဖိုး ဝင္ေရာက္ထားၿပီး ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္တစ္ခုလုံးထက္ မ်ားသည္ဟု ဝန္ႀကီးကဆိုသည္။ယခင္ဘ႑ာႏွစ္တစ္ခုလုံးတြင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၄ ဒသမ ၁၅ ဘီလီယံဝင္ေရာက္ထားသည္ဟုဆိုသည္။

အလုပ္အကိုင္အခြင့္အလမ္း ရရွိေရးအတြက္ လုပ္သားအမ်ားဆုံး အလုပ္ရႏိုင္မည့္ စက္မႈဇုန္စီမံကိန္းမ်ားကို ထိုင္းႏွင့္ ကိုရီးယားႏိုင္ငံမ်ားကို ခြင့္ျပဳေပးျဖစ္သည္ဟု ဦးေသာင္းထြန္းက ဆက္ေျပာသည္။ ထို႔အျပင္ စင္ကာပူႏိုင္ငံကိုလည္း ခြင့္ျပဳေပးရန္ရွိသည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ COVID-19 အလြန္တြင္ပင္ အလားအလာေကာင္းမ်ား ရွိေနသည္ဟု ဦးေသာင္းထြန္းက ဆိုသည္။

ယခုဘ႑ာႏွစ္တြင္ ေမွ်ာ္မွန္းထားသည္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ ၅ ဒသမ ၈ ဘီလီယံျပည့္မွီမည္ဟု ဝန္ႀကီးကဆိုသည္။

COVID-19 ေၾကာင့္ ႏိုင္ငံတကာတြင္ အလုပ္လက္မဲ့ျပႆနာသည္ အႀကီးဆုံးျပႆနာျဖစ္ေနၿပီး ျမန္မာႏိုင္ငံတြင္လည္း ေက်ာ္လႊားႏိုင္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို စီစစ္ခြင့္ျပဳေပးျခင္းျဖစ္သည္ဟုဆိုသည္။

လက္ရွိအခ်ိန္ထိ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က အလုပ္အကိုင္အခြင့္အလမ္း ၁၆၈၀၀၀ေက်ာ္ကို ဖန္တီးေပးခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service