BCID-Law ကို လွှတ်တော်သို့ရေးဆွဲတင်ပြထားပြီးဖြစ်ကာ အတည်ပြုပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်မည်ဖြစ်ပြီးဘေးကင်းလုံခြုံရေးလက်စွဲများကိုလည်းထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
1015 Views

BCID-Law ကို လွှတ်တော်သို့ရေးဆွဲတင်ပြထားပြီးဖြစ်ကာ အတည်ပြုပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်မည်ဖြစ်ပြီးဘေးကင်းလုံခြုံရေးလက်စွဲများကိုလည်းထုတ်ပြန်မည်

[Unicode]

အဆောက်အအုံဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေ Building Construction Industry Development law(BCID-Law) ကို လွှတ်တော်သို့ရေးဆွဲတင်ပြထားပြီးဖြစ်ကာ အတည်ပြုပြီးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန်ထုတ်ပြန်သွားမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးလက်စွဲများကိုလည်းထုတ်ပြန်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာကျော်လင်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ အဆောက်အဦး ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ စံချိန်စံညွှန်းများတစ်ပြေးညီဖြစ်ရန် ၊ လက်ရာလက်သားများကောင်းမွန်ရန်နှင့်အရည်အသွေးများကောင်းမွန်ရန် ရည်ရွယ်၍ Building Construction Industry Development law(BCID-Law) ကိုရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။လက်ရှိတွင် အဆိုပါဥပဒေကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားပြီးဖြစ်ကာ လက်ရှိအစိုးရသက်တမ်းအတွင်း အတည်ပြုနိုင်ခြင်း ရှိမရှိကိုမူ ကျန်ရှိသည့်လွှတ်တော်သက်တမ်းတွင် စောင့်ကြည့်ရမည်ဖြစ်သည်။

အဆောက်အအုံဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေအတည်ပြုပြီးပါက မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ Myanmar national Building Code(MNBC) ကို UN-Habitat အကူအညီဖြင့် ဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းတို့က ပူးပေါင်းရေးဆွဲကာအင်္ဂလိပ်ဘာသာနှင့်ပြုစုပြီးဖြစ်၍ မြန်မာဘာသာပြန်ဆိုမှု ၉၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်းလည်းသိရသည်။ဘာသာပြန်ဆိုမှု အလုံးစုံပြီးစီးပြီဆိုပါက တစ်နိုင်ငံလုံးသို့ဖြန့်ဝေသွားမည်ဖြစ်ပြီး အချိန်ကာလအားဖြင့်လည်း မကြာမီဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

BCID-law နှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများလက်ကိုင်ထားရမည့် ဆောက်လုပ်ရေး ၊မီးသတ်၊ဘေးကင်းလုံခြုံရေးများနှင့်ပတ်သက်သည့်လက်စွဲများကို ကိုရီးယားနိုင်ငံအကူအညီဖြင့်ရေးဆွဲထားကြောင်းလည်းသိရသည်။ယင်းလက်စွဲများကို BCD-LAW ထုြတ်ပန်ပြီးပါက ထုတ်ပြန်ရန်အတွဲလိုက်ပြုစုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦး ဦးစီးဌာနအနေဖြင့် အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်ပြီး အဆောက်အဦးများ အားလုံး စံချိန်စံညွှန်းပြည့်မီရေး၊ အရည်အသွေးကောင်းမွန်စေရေးအတွက် စည်းမျဉ်းစည်းကမ်း နှင့် ညွှန်ကြားချက်များကို မကြာခဏထုတ်ပြန်ပေးလျက်ရှိသည်။ အဆောက်အဦးများ အရည်အသွေးစစ်ဆေးခြင်းကို အဆောက်အဦး ဦးစီးဌာနရှိ ISO ဓါတ်ခွဲခန်းမှဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

BCID-Law ကို လႊတ္ေတာ္သို႔ေရးဆြဲတင္ျပထားၿပီးျဖစ္ကာ အတည္ျပဳၿပီးပါက တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ ထုတ္ျပန္မည္ျဖစ္ၿပီးေဘးကင္းလံုၿခံဳေရးလက္စြဲမ်ားကိုလည္းထုတ္ျပန္မည္

အေဆာက္အအံုေဆာက္လုပ္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒ Building Construction Industry Development law(BCID-Law) ကို လႊတ္ေတာ္သို႔ေရးဆြဲတင္ျပထားၿပီးျဖစ္ကာ အတည္ျပဳၿပီးပါက တစ္ႏိုင္ငံလံုးအတိုင္းအတာျဖင့္ လႊမ္းၿခံဳႏိုင္ရန္ထုတ္ျပန္သြားမည္ျဖစ္ၿပီး ေဘးကင္းလံုၿခံဳေရးလက္စြဲမ်ားကိုလည္းထုတ္ျပန္မည္ဟု ေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒု၀န္ႀကီး ေဒါက္တာေက်ာ္လင္းက ေျပာသည္။

ေဆာက္လုပ္ေရး၀န္ႀကီးဌာနရွိ အေဆာက္အဦး ဦးစီးဌာနအေနျဖင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာအရ စံခ်ိန္စံညႊန္းမ်ားတစ္ေျပးညီျဖစ္ရန္ ၊ လက္ရာလက္သားမ်ားေကာင္းမြန္ရန္ႏွင့္အရည္အေသြးမ်ားေကာင္းမြန္ရန္ ရည္ရြယ္၍ Building Construction Industry Development law(BCID-Law) ကိုေရးဆြဲခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။လက္ရွိတြင္ အဆိုပါဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္သို႔တင္ျပထားၿပီးျဖစ္ကာ လက္ရွိအစိုးရသက္တမ္းအတြင္း အတည္ျပဳႏိုင္ျခင္း ရွိမရွိကိုမူ က်န္ရွိသည့္လႊတ္ေတာ္သက္တမ္းတြင္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။

အေဆာက္အအံုေဆာက္လုပ္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေရးဥပေဒအတည္ျပဳၿပီးပါက ျမန္မာႏိုင္ငံအေဆာက္အအံုဆိုင္ရာ စည္းမ်ဥ္းမ်ား Myanmar national Building Code(MNBC) ကို UN-Habitat အကူအညီျဖင့္ ၀န္ႀကီးဌာနႏွင့္ျမန္မာႏိုင္ငံအင္ဂ်င္နီယာအသင္းတို႔က ပူးေပါင္းေရးဆြဲကာအဂၤလိပ္ဘာသာႏွင့္ျပဳစုၿပီးျဖစ္၍ ျမန္မာဘာသာျပန္ဆိုမႈ ၉၅ ရာခိုင္ႏႈန္းခန္႔ၿပီးစီးေနၿပီျဖစ္ေၾကာင္းလည္းသိရသည္။ဘာသာျပန္ဆိုမႈအလံုးစံုၿပီးစီးၿပီဆိုပါက တစ္ႏိုင္ငံလံုးသို႔ျဖန္႕ေ၀သြားမည္ျဖစ္ၿပီး အခိ်န္ကာလအားျဖင့္လည္း မၾကာမီျဖန္႔ေ၀ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

BCID-law ႏွင့္အတူ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားလက္ကိုင္ထားရမည့္ ေဆာက္လုပ္ေရး ၊မီးသတ္၊ေဘးကင္းလံုၿခံဳေရးမ်ားႏွင့္ပတ္သက္သည့္လက္စြဲမ်ားကို ကိုရီးယားႏိုင္ငံအကူအညီျဖင့္ေရးဆြဲထားေၾကာင္းလည္းသိရသည္။ယင္းလက္စြဲမ်ားကို BCD-LAW ထုတျ္ပန္ၿပီးပါက ထုတ္ျပန္ရန္အတြဲလိုက္ျပဳစုထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ အေဆာက္အဦး ဦးစီးဌာနအေနျဖင့္ အေဆာက္အဦးတည္ေဆာက္ေရး လုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး အေဆာက္အဦးမ်ား အားလံုး စံခ်ိန္စံညႊန္းျပည့္မီေရး၊ အရည္အေသြးေကာင္းမြန္ေစေရးအတြက္ စည္းမ်ဥ္းစည္းကမ္း ႏွင့္ ညႊန္ၾကားခ်က္မ်ားကို မၾကာခဏထုတ္ျပန္ေပးလ်က္ရွိသည္။ အေဆာက္အဦးမ်ား အရည္အေသြးစစ္ေဆးျခင္းကို အေဆာက္အဦး ဦးစီးဌာနရွိ ISO ဓါတ္ခြဲခန္းမွေဆာင္ရြက္ေပးလ်က္ရွိေၾကာင္းသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service