COVID-19 ကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုသည် ယခုနှစ်ကုန်ပိုင်းတွင် အများဆုံးခံစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော - Property News in Myanmar from iMyanmarHouse.com
756 Views

COVID-19 ကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုသည် ယခုနှစ်ကုန်ပိုင်းတွင် အများဆုံးခံစားရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

[Unicode]

မြန်မာနိုင်ငံတွင် COVID-19ကြောင့် စီးပွားရေးထိခိုက်မှုသည် ယခုနှစ် တတိယလေးလပတ်မှ စတင်ပြီး အများဆုံးခံစားရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် COVID-19ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ အွန်လိုင်းမှ အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွင် ဇွန် ၁၆ ရက်ကပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် သိသိသာသာမထိခိုက်သေးကြောင်းနှင့်ရင်းနှီးမြှုပ်နှံမှုနှိုင်းယှဉ်လျှင် ယခင်နှစ်ထက်ပိုနေသည့် အနေအထားဖြစ်သည်ဟု အတိုင်ပင်ခံကဆိုသည်။

“ပထမလေးလပိုင်းက ထိခိုက်မှုမရှိဘူး၊ ဒါက သိပ်အံ့အားသင့်စရာမရှိဘူး၊ ပထမလေးလပတ်မှာဖြစ်တဲ့ ကိစ္စတွေ၊ အကျိုးသက်ရောက်မှုတွေက ဒုတိယလေးလပတ်မှ နည်းမယ်၊ အများဆုံးဖြစ်မှာက နောက်ဆုံး တတိယလေးလပတ်မှာဖြစ်မယ်။ ဒါအတွက် ပြင်ဆင်ထားပါတယ်လို့ပြောချင်ပါတယ်”ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

COVID-19 သည် အရေးပေါ်ကိစ္စဖြစ်ပြီး အရေးပေါ်ဖြေရှင်းရန် ချဉ်းကပ်ရသည်ဟုဆိုသည်။ သို့သော်လည်း ရေရှည်ကြည့်ရမည်ဟုဆိုသည်။

စီးပွားရေးထိခိုက်မှုအတွက် စိုးရိမ်စရာလည်း မဟုတ်သလို၊ ကြောက်စရာလည်းမဟုတ်ကြောင်း ရင်ဆိုင်ဖြေရှင်းရန်သာ လိုအပ်သည်ဟု ၎င်းကဆိုသည်။ နိုင်ငံစီးပွားရေးနှင့်ပတ်သတ်ပြီး စိုးရိမ်နေကျသည့် ပြည်သူများကိုလည်း နားလည်သည်ဟုအတိုင်ပင်ခံကဆိုသည်။ လက်ရှိအချိန်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ချွေတာသုံးဆွဲခဲ့သည့်အတွက် ယခုလိုအပ်သည့်အချိန်တွင် စုဆောင်းထားသည်များကို ထုတ်သုံးနိုင်၍ သက်သာမှုရသည်ဟုလည်း အတိုင်ပင်ခံကဆိုသည်။

လက်ရှိတွင် စီးပွားရေးထိခိုက်မှုသည် သိသိသာသာမဆုတ်ယုတ်သေးသော်လည်း ပြည်သူများအလုပ် လက်မဲ့ဖြစ်သွားသည်ကို စိုးရိမ်သည်ဟု ၎င်းကဆိုသည်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က “ထိခိုက်မှုက ပထမလေးလပတ်နဲ့ ဒုတိယလေးလပတ်က အရမ်းကြီးမသိသာနိုင်သေးပါဘူး၊ ဒုတိယလေးလမှာ ထိခိုက်မှုအနည်းငယ်ရှိပါတယ်။ တကယ်ထိခိုက်မှု မြင်မြင်သာသာဖြစ်နိုင်တာက တတိလေးလပတ်နဲ့ စတုတ္ထလေးလပတ်မှာ ဖြစ်လာနိုင်ပါတယ်”ဟု ပြောသည်။

တတိယလေးလပတ်သည် ၂၀၂၀ စက်တင်ဘာမှ ဒီဇင်ဘာအထိဖြစ်ပြီး စတုတ္ထလေးလပတ်သည် ၂၀၂၁ ဇန်နဝါရီမှ ဧပြီအထိဖြစ်သည်။

ထိုကာလများတွင် ထိခိုက်မှုများသက်သာအောင် စတင်ပြီး စီမံချက်များရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု ဦးဆက်အောင်က ဆိုသည်။

ထိုအတွက် ကုစားရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံနှင့် ၂ ဘီလီယံကြား ရရှိယူရန်မျှော်မှန်းထားသည်ဟု ၎င်းကဆိုသည်။

COVID-19 တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံက အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခြေအနေကောင်းနေသည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းကပြောသည်။

ကမ္ဘာနိုင်ငံများတွင် ကျန်းမာရေးအရ ထိခိုက်မှုများသော်လည်း မြန်မာနိုင်ငံက လက်ရှိအချိန်ထိ သက်ရောက်မှုအနည်းဆုံးဖြစ်နေသည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နိုင်ငံစီးပွားရေးတည်ငြိမ်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံရရှိထားပြီဟုဆိုသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသည်မှုသည် ယခုဘဏ္ဍာနှစ် မေလအထိ ဒေါ်လာ ၄ ဒသမ ၃၉ ဘီလီယံဖိုးဝင်ရောက်ထားပြီးဖြစ်သည်ဟုဆိုသည်။ ထိုပမာဏသည် ယခင်ဘဏ္ဍာနှစ် တစ်လုံးထက်များသည်ဟု ဆိုသည်။

အလုပ်အကိုင်အခွင့်အလန်းရရှိရေးအတွက် လုပ်သားအများဆုံး အလုပ်ရနိုင်မည့် စက်မှုဇုန်စီမံကိန်းများကို ထိုင်းနှင့် ကိုရီးယားနိုင်ငံများကို ခွင့်ပြုပေးဖြစ်သည်ဟု ဝန်ကြီးဆိုသည်။ ထိုပြင် စင်ကာပူနိုင်ငံကိုလည်း ခွင့်ပြုပေးရန် ရှိသည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် COVID-19 အလွန်တွင်တောင် အလားအလာကောင်းများရှိနေသည်ဟု ဦးသောင်းထွန်းကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ ျမန္မာ့စီးပြားေရးထိခိုက္မႈသည္ ယခုႏွစ္ကုန္ပိုင္းတြင္ အမ်ားဆုံးခံစားရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ျမန္မာႏိုင္ငံတြင္ COVID-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈသည္ ယခုႏွစ္ တတိယေလးလပတ္မွ စတင္ၿပီး အမ်ားဆုံးခံစားရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္သည္ COVID-19ေၾကာင့္ ျဖစ္ေပၚလာသည့္ စီးပြားေရး သက္ေရာက္မႈမ်ားအေပၚ ကုစားေရးဆိုင္ရာမ်ားႏွင့္ စပ္လ်ဥ္း၍ အြန္လိုင္းမွ အျပန္အလွန္ေဆြးေႏြးျခင္း အစီအစဥ္တြင္ ဇြန္ ၁၆ ရက္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ သိသိသာသာမထိခိုက္ေသးေၾကာင္းႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈႏႈိင္းယွဥ္လွ်င္ ယခင္ႏွစ္ထက္ပိုေနသည့္ အေနအထားျဖစ္သည္ဟု အတိုင္ပင္ခံကဆိုသည္။

“ပထမေလးလပိုင္းက ထိခိုက္မႈမရွိဘူး၊ ဒါက သိပ္အံ့အားသင့္စရာမရွိဘူး၊ ပထမေလးလပတ္မွာျဖစ္တဲ့ ကိစၥေတြ၊ အက်ိဳးသက္ေရာက္မႈေတြက ဒုတိယေလးလပတ္မွ နည္းမယ္၊ အမ်ားဆုံးျဖစ္မွာက ေနာက္ဆုံး တတိယေလးလပတ္မွာျဖစ္မယ္။ ဒါအတြက္ ျပင္ဆင္ထားပါတယ္လို႕ေျပာခ်င္ပါတယ္”ဟု အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေျပာသည္။

COVID-19 သည္ အေရးေပၚကိစၥျဖစ္ၿပီး အေရးေပၚေျဖရွင္းရန္ ခ်ဥ္းကပ္ရသည္ဟုဆိုသည္။ သို႔ေသာ္လည္း ေရရွည္ၾကည့္ရမည္ဟုဆိုသည္။

စီးပြားေရးထိခိုက္မႈအတြက္ စိုးရိမ္စရာလည္း မဟုတ္သလို၊ ေၾကာက္စရာလည္းမဟုတ္ေၾကာင္း ရင္ဆိုင္ေျဖရွင္းရန္သာ လိုအပ္သည္ဟု ၎ကဆိုသည္။ ႏိုင္ငံစီးပြားေရးႏွင့္ပတ္သတ္ၿပီး စိုးရိမ္ေနက်သည့္ ျပည္သူမ်ားကိုလည္း နားလည္သည္ဟုအတိုင္ပင္ခံကဆိုသည္။ လက္ရွိအခ်ိန္တြင္ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက ေခြၽတာသုံးဆြဲခဲ့သည့္အတြက္ ယခုလိုအပ္သည့္အခ်ိန္တြင္ စုေဆာင္းထားသည္မ်ားကို ထုတ္သုံးႏိုင္၍ သက္သာမႈရသည္ဟုလည္း အတိုင္ပင္ခံကဆိုသည္။

လက္ရွိတြင္ စီးပြားေရးထိခိုက္မႈသည္ သိသိသာသာမဆုတ္ယုတ္ေသးေသာ္လည္း ျပည္သူမ်ားအလုပ္ လက္မဲ့ျဖစ္သြားသည္ကို စိုးရိမ္သည္ဟု ၎ကဆိုသည္။

စီမံကိန္း၊ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးဆက္ေအာင္က “ထိခိုက္မႈက ပထမေလးလပတ္နဲ႔ ဒုတိယေလးလပတ္က အရမ္းႀကီးမသိသာႏိုင္ေသးပါဘူး၊ ဒုတိယေလးလမွာ ထိခိုက္မႈအနည္းငယ္ရွိပါတယ္။ တကယ္ထိခိုက္မႈ ျမင္ျမင္သာသာျဖစ္ႏိုင္တာက တတိေလးလပတ္နဲ႔ စတုတၳေလးလပတ္မွာ ျဖစ္လာႏိုင္ပါတယ္”ဟု ေျပာသည္။

တတိယေလးလပတ္သည္ ၂၀၂၀ စက္တင္ဘာမွ ဒီဇင္ဘာအထိျဖစ္ၿပီး စတုတၳေလးလပတ္သည္ ၂၀၂၁ ဇန္နဝါရီမွ ဧၿပီအထိျဖစ္သည္။

ထိုကာလမ်ားတြင္ ထိခိုက္မႈမ်ားသက္သာေအာင္ စတင္ၿပီး စီမံခ်က္မ်ားေရးဆြဲခဲ့ျခင္းျဖစ္သည္ဟု ဦးဆက္ေအာင္က ဆိုသည္။

ထိုအတြက္ ကုစားေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံမွ ေခ်းေငြ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံႏွင့္ ၂ ဘီလီယံၾကား ရရွိယူရန္ေမွ်ာ္မွန္းထားသည္ဟု ၎ကဆိုသည္။

COVID-19 တိုက္ဖ်က္ေရးတြင္ ျမန္မာႏိုင္ငံက အျခားႏိုင္ငံမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အေျခအေနေကာင္းေနသည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးေသာင္းထြန္းကေျပာသည္။

ကမာၻႏိုင္ငံမ်ားတြင္ က်န္းမာေရးအရ ထိခိုက္မႈမ်ားေသာ္လည္း ျမန္မာႏိုင္ငံက လက္ရွိအခ်ိန္ထိ သက္ေရာက္မႈအနည္းဆုံးျဖစ္ေနသည္ဟု ၎ကဆိုသည္။

လက္ရွိတြင္ ႏိုင္ငံစီးပြားေရးတည္ၿငိမ္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားထံမွ ေခ်းေငြေဒၚလာ ၁ ဒသမ ၂၅ ဘီလီယံရရွိထားၿပီဟုဆိုသည္။ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသည္မႈသည္ ယခုဘ႑ာႏွစ္ ေမလအထိ ေဒၚလာ ၄ ဒသမ ၃၉ ဘီလီယံဖိုးဝင္ေရာက္ထားၿပီးျဖစ္သည္ဟုဆိုသည္။ ထိုပမာဏသည္ ယခင္ဘ႑ာႏွစ္ တစ္လုံးထက္မ်ားသည္ဟု ဆိုသည္။

အလုပ္အကိုင္အခြင့္အလန္းရရွိေရးအတြက္ လုပ္သားအမ်ားဆုံး အလုပ္ရႏိုင္မည့္ စက္မႈဇုန္စီမံကိန္းမ်ားကို ထိုင္းႏွင့္ ကိုရီးယားႏိုင္ငံမ်ားကို ခြင့္ျပဳေပးျဖစ္သည္ဟု ဝန္ႀကီးဆိုသည္။ ထိုျပင္ စင္ကာပူႏိုင္ငံကိုလည္း ခြင့္ျပဳေပးရန္ ရွိသည္ဟုဆိုသည္။

ျမန္မာႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈသည္ COVID-19 အလြန္တြင္ေတာင္ အလားအလာေကာင္းမ်ားရွိေနသည္ဟု ဦးေသာင္းထြန္းကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service