ဗဟိုဘဏ်က ဒေါ်လာများဝယ်ယူပြီးဈေးကွက်တည်ငြိမ်အောင် လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
2989 Views

ဗဟိုဘဏ်က ဒေါ်လာများဝယ်ယူပြီးဈေးကွက်တည်ငြိမ်အောင် လုပ်ဆောင်နေ

[Unicode]

ဗဟိုဘဏ်က နှစ်ပတ်အတွင်း ဒေါ်လာ ၁၂ သန်းခန့် ဝယ်ယူလိုက်ပြီးဒေါ်လာ ဈေးတည်ငြိမ်အောင်ပြန်လည်ထိန်းချုပ်နေပါပြီ။

ဒါဟာကိုဗစ်ကာလအတွင်း ဒေါ်လာဈေး ၁၄၀၀ ကျပ် အတွင်းပြန်လည်တည်ငြိမ်သွားနိုင်အောင် ဗဟိုဘဏ်က လုပ်ဆောင်နေတာလို့ လုပ်ငန်းရှင်တွေကယူဆနေကြတာပါ။

ပြည်တွင်း ငွေကြေးဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၁,၄၀၀ ကျပ်ဝန်းကျင်နဲ့ ဒီကနေ့မနက်ပိုင်းဈေးဖွင့်ခဲ့ပါတယ်။

ပြည်တွင်း ဈေးကွက်မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတန်ဖိုးကို ၁,၄၀၀ ကျပ် အောက် မကျစေဖို့ ဈေးကွက် အတွင်းမှ ဒေါ်လာများဝယ်ယူနေခြင်းဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID- 19 ကြောင့် နိုင်ငံတကာငွေကြေး ဈေးကွက်မှာ ဒေါ်လာတန်ဖိုး လျော့ကျနေတာပါ။

လက်ရှိအခြေအနေမှာ ပို့ကုန်ကဏ္ဍမှာအထိုက်အလျောက်ကျဆင်းလာတာဖြစ်လို့ ဒေါ်လာတန်ဖိုးထပ်မံလျော့ကျလာမှာကို လုပ်ငန်းရှင်တွေကပူပန်နေကြတာပါ။

ပို့ကုန်တိုးမြှင့်ရေးကို ဆောင်ရွက်နေသည့် မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာတန်ဖိုးဆက်တိုက်ကျဆင်းခြင်းကို ထိန်းရန် ဗဟိုဘဏ်က ဒေါ်လာဝယ်နေခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံမှ အိန္ဒိယသို့ ပဲမျိုးစုံ ရောင်းချနေခြင်း၊ တရုတ်အပါအဝင် ပြည်ပသို့ ဆန်ရောင်းချနေခြင်း၊ ထိုင်းနိုင်ငံသို့ ပြောင်းဖူးစေ့တင်ပို့နေချိန်တွင် ဒေါ်လာတန်ဖိုးကျဆင်းပါက ပို့ကုန်ဝင်ငွေလျော့နည်းပြီး စိုက် ပျိုးသူတောင်သူများအထိ အကျိုး အမြတ် လျော့နည်းနိုင်သည်။

ထို့အပြင် ဒေါ်လာတန်ဖိုး ကျဆင်းမှုများလျှင် ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်မှုကိုလည်း ထိခိုက်နိုင်သဖြင့် ဗဟိုဘဏ်က ဒေါ်လာဝယ်ပေးခြင်းဖြစ်ကြောင်း ဘဏ်လုပ်ငန်းကျွမ်းကျင် သူအချို့က ပြောသည်။

"ပို့ကုန်ဘက်သွားတဲ့ပမာဏကလျော့တယ် နယ်စပ်လမ်းကြောင်းတွေကလည်းအထိနာတယ် တရုတ်ယွမ်ငွေကလဲကျ ဒေါ်လာကလဲ တန်ဖိုးနိမ့်နေတဲ့ဒီကာလမှာ အားလုံးအတွက်အသက်ရှူမချောင်တဲ့သဘောဖြစ်နေတာ "ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးကပြောပါတယ်။ ဒေါ်လာဈေးနှုန်းပြန်လည်တည်ငြိမ်ဖို့ ဇူလိုင်လကုန်အထိ စောင့်ကြည့်ရမယ့်သဘောရှိတယ်လို့ ၎င်းကပြောပါတယ်။

ပို့ကုန်လုပ်ငန်းတွေ ပြန်လည်ကောင်းမွန်လာပြီးတရုတ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ပွင့်လာဖို့က အဓိကအရေးပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်လာရင် ဒေါ်လာဈေးထပ်မံ ကျဆင်းသွားမယ့်အခြေအနေလည်းဖြစ်ပေါ်နေတာပါ။

ဗဟိုဘဏ်က ငွေစက္ကူအသစ်ရိုက်နှိပ်ခြင်းတွေကလည်းဒေါ်လာဈေးကိုထိန်းချုပ်ဖို့ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ဗဟိုဘဏ္က ေဒၚလာမ်ားဝယ္ယူျပီးေဈးကြက္တည္ၿငိမ္ေအာင္ လုပ္ေဆာင္ေန

ဗဟိုဘဏ္က ႏွစ္ပတ္အတြင္း ေဒၚလာ ၁၂ သန္းခန႔္ ဝယ္ယူလိုက္ၿပီးေဒၚလာ ေဈးတည္ၿငိမ္ေအာင္ျပန္လည္ထိန္းခ်ဳပ္ေနပါၿပီ။

ဒါဟာကိုဗစ္ကာလအတြင္း ေဒၚလာေစ်း ၁၄၀၀ က်ပ္ အတြင္းျပန္လည္တည္ၿငိမ္သြားႏိုင္ေအာင္ ဗဟိုဘဏ္က လုပ္ေဆာင္ေနတာလို႔ လုပ္ငန္းရွင္ေတြကယူဆေနၾကတာပါ။

ျပည္တြင္း ေငြေၾကးေဈးကြက္မွာေတာ့ တစ္ေဒၚလာကို ၁,၄၀၀ က်ပ္ဝန္းက်င္နဲ႔ ဒီကေန႔မနက္ပိုင္းေဈးဖြင့္ခဲ့ပါတယ္။

ျပည္တြင္း ေဈးကြက္မွာ ဗဟိုဘဏ္က အေမရိကန္ေဒၚလာတန္ဖိုးကို ၁,၄၀၀ က်ပ္ ေအာက္ မက်ေစဖို႔ ေဈးကြက္ အတြင္းမွ ေဒၚလာမ်ားဝယ္ယူေနျခင္းျဖစ္တယ္လို႔ လုပ္ငန္းရွင္ေတြကဆိုပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID- 19 ေၾကာင့္ ႏိုင္ငံတကာေငြေၾကး ေဈးကြက္မွာ ေဒၚလာတန္ဖိုး ေလ်ာ့က်ေနတာပါ။

လက္ရွိအေျခအေနမွာ ပို႔ကုန္က႑မွာအထိုက္အေလ်ာက္က်ဆင္းလာတာျဖစ္လို႔ ေဒၚလာတန္ဖိုးထပ္မံေလ်ာ့က်လာမွာကို လုပ္ငန္းရွင္ေတြကပူပန္ေနၾကတာပါ။

ပို႔ကုန္တိုးျမႇင့္ေရးကို ေဆာင္႐ြက္ေနသည့္ ျမန္မာႏိုင္ငံအေနျဖင့္ ေဒၚလာတန္ဖိုးဆက္တိုက္က်ဆင္းျခင္းကို ထိန္းရန္ ဗဟိုဘဏ္က ေဒၚလာဝယ္ေနျခင္းျဖစ္သည္ဟု စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က ဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံမွ အိႏၵိယသို႔ ပဲမ်ိဳးစုံ ေရာင္းခ်ေနျခင္း၊ တ႐ုတ္အပါအဝင္ ျပည္ပသို႔ ဆန္ေရာင္းခ်ေနျခင္း၊ ထိုင္းႏိုင္ငံသို႔ ေျပာင္းဖူးေစ့တင္ပို႔ေနခ်ိန္တြင္ ေဒၚလာတန္ဖိုးက်ဆင္းပါက ပို႔ကုန္ဝင္ေငြေလ်ာ့နည္းၿပီး စိုက္ ပ်ိဳးသူေတာင္သူမ်ားအထိ အက်ိဳး အျမတ္ ေလ်ာ့နည္းႏိုင္သည္။

ထို႔အျပင္ ေဒၚလာတန္ဖိုး က်ဆင္းမႈမ်ားလွ်င္ ျပည္တြင္းေငြေၾကးေဈးကြက္ တည္ၿငိမ္မႈကိုလည္း ထိခိုက္ႏိုင္သျဖင့္ ဗဟိုဘဏ္က ေဒၚလာဝယ္ေပးျခင္းျဖစ္ေၾကာင္း ဘဏ္လုပ္ငန္းကြၽမ္းက်င္ သူအခ်ိဳ႕က ေျပာသည္။

"ပို႔ကုန္ဘက္သြားတဲ့ပမာဏကေလ်ာ့တယ္ နယ္စပ္လမ္းေၾကာင္းေတြကလည္းအထိနာတယ္ တ႐ုတ္ယြမ္ေငြကလဲက် ေဒၚလာကလဲ တန္ဖိုးနိမ့္ေနတဲ့ဒီကာလမွာ အားလုံးအတြက္အသက္ရႉမေခ်ာင္တဲ့သေဘာျဖစ္ေနတာ "ကုန္သည္စက္မွဳအသင္းခ်ဳပ္ ဒုဥကၠဌ ေဒါက္တာေမာင္ေမာင္ေလးကေျပာပါတယ္။ ေဒၚလာေစ်းႏွဳန္းျပန္လည္တည္ၿငိမ္ဖို႔ ဇူလိုင္လကုန္အထိ ေစာင့္ၾကည့္ရမယ့္သေဘာရွိတယ္လို႔ ၎ကေျပာပါတယ္။

ပို႔ကုန္လုပ္ငန္းေတြ ျပန္လည္ေကာင္းမြန္လာၿပီးတ႐ုတ္ကုန္သြယ္ေရးလမ္းေၾကာင္းျပန္လည္ပြင့္လာဖို႔က အဓိကအေရးပါတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျပည္တြင္းမွာ ျမန္မာက်ပ္ေငြတန္ဖိုးျမင့္တက္လာရင္ ေဒၚလာေစ်းထပ္မံ က်ဆင္းသြားမယ့္အေျခအေနလည္းျဖစ္ေပၚေနတာပါ။

ဗဟိုဘဏ္က ေငြစကၠဴအသစ္႐ိုက္ႏွိပ္ျခင္းေတြကလည္းေဒၚလာေစ်းကိုထိန္းခ်ဳပ္ဖို႔ အခက္အခဲရွိတယ္လို႔ ေျပာပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service