ပြည်ဝင်ခွင့်ဗီဇာ ယာယီရပ်ဆိုင်းတဲ့အစီအမံကိုသက်တမ်းတိုး - Property News in Myanmar from iMyanmarHouse.com
1467 Views

ပြည်ဝင်ခွင့်ဗီဇာ ယာယီရပ်ဆိုင်းတဲ့အစီအမံကိုသက်တမ်းတိုး

[Unicode]

ကပ်ရောဂါကြောင့် နိုင်ငံခြားသားခရီးသွားလာရောက်တဲ့အပေါ် ဗီဇာ ထုတ်ပေးတာကိုယာယီရပ်ဆိုင်းထားတဲ့ အစီအမံကို လက်ရှိ ဇွန်လ ၃၀ ရက်အထိ သက်တမ်းတိုးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ အစိုးရက ကပ်ရောဂါနှိမ်နင်းရေးအစီအမံကိုသက်တမ်းတိုးလိုက်တာကြောင့် ဗီဇာကိစ္စကိုပါထပ်မံသက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။

ပြည်တွင်းကို ရောဂါမဝင်ရောက်လာဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံကို လာရောက်ကြမယ့် နိုင်ငံခြားသားတွေကို ဗီဇာကင်းလွတ်ခင့်နဲ့ လူမှုရေးဗီဇာအပါအဝင် မည်သည့်ဗီဇာအမျိုးအစားကို မဆို ယာယီရပ်ဆိုင်းထားတာပါ။

ဗီဇာရပ်ဆိုင်းခြင်းနဲ့ အတူပြည်ပကလာရောက်တဲ့ လေယာဉ်တွေကိုလည်း ပျံသန်းပြေးဆွဲခွင့်အတွက်အခုလ ၃၀ ရက်နေ့အထိ ရပ်နားတာကိုသက်တမ်းတိုးလိုက်ပါတယ်။

ဒါပေမယ့်အရေးပေါ်အစိုးရတာဝန်ဖြစ်စေ ၊ မလွှဲမရှောင်သာကိစ္စရပ်ကြောင့်ဖြစ်စေ သံတမန်တွေ ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေက ဝန်ထမ်းတွေအနေနဲ့ မြန်မာနိုင်ငံကိုပျံသန်းပြေးဆွဲဖို့ရှိတဲ့ ကယ်ဆယ်ရေးလေယာဉ် ၊ အထူးလေယာဉ်တွေနဲ့ လာရောက်ဖို့ရှိရင် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုတွေကနေ ကင်းလွတ်ခွင့်ရဖို့. ပြည်ပနိုင်ငံတွေမှာရှိတဲ့ အနီးဆုံးမြန်မာ သံရုံး ကိုဆက်သွယ်အကူအညီတောင်းခံရမယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့်ပြည်ပနေ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ပြန်လာတဲ့မြန်မာတွေအနေနဲ့ကတော့ဗီဇာကိစ္စကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကိုလာရောက်မယ့်သူအားလုံးဟာ ကပ်ရောဂါကာကွယ်ရေးဆိုင်ရာတည်ဆဲ ညွှန်ကြားချက်တွေကိုလည်း မပျက်မကွက်လိုက်နာရမယ်လို့သိရပါတယ်။

အခုလိုမကြာခဏသက်တမ်းတိုးနေမှုကြောင့်ရပ်ဆိုင်းနေတဲ့ခရီးသွားလုပ်ငန်းတွေအတွက်တော့နလန်ထူနိုင်ဦးမှာမဟုတ်ဘူးလို့ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။

ဒါ့ကြောင့်နောက်ပိုင်းမှာ ပြည်ပကခရီးသွားထက် ပြည်တွင်းခရီးသွားတွေကိုသာ အဓိက အားကိုးလို့ရမယ့် အနေနအထားဖြစ်ဖို့ မျှော်လင့်နေကြတာပါ။

အခုထပ်မံသက်တမ်းတိုးခြင်းဟာ ဇွန်လ ၃၀ ရက်အထိဖြစ်တာကြောင့် ထပ်မံပြီးသက်တမ်းတိုးဖွယ်မရှိတော့ဘူးလို့ ခရီးသွားလုပ်ငန်းရှင်တွေကထင်မြင်ယူနေကြပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္ဝင္ခြင့္ဗီဇာ ယာယီရပ္ဆိုင္းတဲ့အစီအမံကိုသက္တမ္းတိုး

ကပ္ေရာဂါေၾကာင့္ ႏိုင္ငံျခားသားခရီးသြားလာေရာက္တဲ့အေပၚ ဗီဇာ ထုတ္ေပးတာကိုယာယီရပ္ဆိုင္းထားတဲ့ အစီအမံကို လက္ရွိ ဇြန္လ ၃၀ ရက္အထိ သက္တမ္းတိုးလိုက္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒါဟာ အစိုးရက ကပ္ေရာဂါႏွိမ္နင္းေရးအစီအမံကိုသက္တမ္းတိုးလိုက္တာေၾကာင့္ ဗီဇာကိစၥကိုပါထပ္မံသက္တမ္းတိုးလိုက္တာျဖစ္ပါတယ္။

ျပည္တြင္းကို ေရာဂါမဝင္ေရာက္လာဖို႔အတြက္ ကမာၻ႔ႏိုင္ငံအသီးသီးကေန ျမန္မာႏိုင္ငံကို လာေရာက္ၾကမယ့္ ႏိုင္ငံျခားသားေတြကို ဗီဇာကင္းလြတ္ခင့္နဲ႔ လူမႈေရးဗီဇာအပါအဝင္ မည္သည့္ဗီဇာအမ်ိဳးအစားကို မဆို ယာယီရပ္ဆိုင္းထားတာပါ။

ဗီဇာရပ္ဆိုင္းျခင္းနဲ႕ အတူျပည္ပကလာေရာက္တဲ့ ေလယာဥ္ေတြကိုလည္း ပ်ံသန္းေျပးဆြဲခြင့္အတြက္အခုလ ၃၀ ရက္ေန႔အထိ ရပ္နားတာကိုသက္တမ္းတိုးလိုက္ပါတယ္။

ဒါေပမယ့္အေရးေပၚအစိုးရတာဝန္ျဖစ္ေစ ၊ မလႊဲမေရွာင္သာကိစၥရပ္ေၾကာင့္ျဖစ္ေစ သံတမန္ေတြ ၊ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕အစည္းေတြက ဝန္ထမ္းေတြအေနနဲ႔ ျမန္မာႏိုင္ငံကိုပ်ံသန္းေျပးဆြဲဖို႔ရွိတဲ့ ကယ္ဆယ္ေရးေလယာဥ္ ၊ အထူးေလယာဥ္ေတြနဲ႔ လာေရာက္ဖို႔ရွိရင္ ျပည္ဝင္ခြင့္ဗီဇာဆိုင္ရာ ကန႔္သတ္မႈေတြကေန ကင္းလြတ္ခြင့္ရဖို႔. ျပည္ပႏိုင္ငံေတြမွာရွိတဲ့ အနီးဆုံးျမန္မာ သံ႐ုံး ကိုဆက္သြယ္အကူအညီေတာင္းခံရမယ္လို႔ဆိုထားပါတယ္။

ဒါ့ေၾကာင့္ျပည္ပေန ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႕ျပန္လာတဲ့ျမန္မာေတြအေနနဲ႕ကေတာ့ဗီဇာကိစၥကိုေဆာင္ရြက္ေပးသြားမွာျဖစ္ပါတယ္။

ဒါအျပင္ ျမန္မာႏိုင္ငံကိုလာေရာက္မယ့္သူအားလုံးဟာ ကပ္ေရာဂါကာကြယ္ေရးဆိုင္ရာတည္ဆဲ ၫႊန္ၾကားခ်က္ေတြကိုလည္း မပ်က္မကြက္လိုက္နာရမယ္လို႔သိရပါတယ္။

အခုလိုမၾကာခဏသက္တမ္းတိုးေနမွဳေၾကာင့္ရပ္ဆိုင္းေနတဲ့ခရီးသြားလုပ္ငန္းေတြအတြက္ေတာ့နလန္ထူႏိုင္ဦးမွာမဟုတ္ဘူးလို႔ခရီးသြားလုပ္ငန္းရွင္ေတြကေျပာပါတယ္။

ဒါ့ေၾကာင့္ေနာက္ပိုင္းမွာ ျပည္ပကခရီးသြားထက္ ျပည္တြင္းခရီးသြားေတြကိုသာ အဓိက အားကိုးလို႔ရမယ့္ အေနနအထားျဖစ္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။

အခုထပ္မံသက္တမ္းတိုးျခင္းဟာ ဇြန္လ ၃၀ ရက္အထိျဖစ္တာေၾကာင့္ ထပ္မံၿပီးသက္တမ္းတိုးဖြယ္မရွိေတာ့ဘူးလို႔ ခရီးသြားလုပ္ငန္းရွင္ေတြကထင္ျမင္ယူေနၾကပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service