အဝေးပြေးယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမှု ငါးဆနီးပါးလျော့ကျသွား - Property News in Myanmar from iMyanmarHouse.com
830 Views

အဝေးပြေးယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမှု ငါးဆနီးပါးလျော့ကျသွား

[Unicode]

COVID - 19 ဖြစ်ပွားနေတဲ့ ကာလမှာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ခရီးသွားလာမှုဟာ ယခင်ကာလတွေကထက် ငါးဆလောက်လျော့ကျသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA ) ထံကသိရပါတယ်။

ကပ်ရောဂါမဖြစ်ခင်က အောင်မင်္ဂလာအဝေးပြေးကွင်းကနေ တစ်ရက်ကိုပျှမ်းမျှ ခရီးသည်ဟာ သုံးသောင်းကျော်လောက် ခရီးသွားလေ့ရှိပေမယ့် လက်ရှိမှာတော့ တစ်ရက်ကိုခြောက်ထောင်ကျော်လောက်ပဲ ရှိတော့တာပါ။

ဒါဟာ ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ ခရီးသွားလာမှုကန့်သတ်ထားတာတွေကြောင့် လျော့နည်းသွားတာလို့ YRTA လက်အောက်မှာရှိတဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းတာဝန်ခံ ဦးဘမြင့်ကဆိုပါတယ်။

"နောက်ပိုင်းတော့ပိုပြီးများလာမှာ ခုလို ဖြစ်သွားတာတော့ မတ်လကုန်လောက်ကစလာတာ အခုဆိုနှစ်လကျော်သွားပြီ မိုးတွင်နဲ့လဲဆက်သွားတာကြောင့် ခရီးသည်ကတော့ ဒီလိုပဲသွားရင်လဲသွားနိုင်တယ် မဖြစ်မနေခရီးသွားရတဲ့သူတွေလောက်ပဲ အခုကာလကသွားရတဲ့သဘောဖြစ်နေတာ "

မနေ့က ဇွန်လ ၁၀ ရက်စာရင်းတွေအရ အောင်မင်္ဂလာအဝေးပြေးကွင်းကနေ ယာဉ်လိုင်း ၁၉၁ လိုင်း က ယာဉ်အစီးရေ ၅၇၄ စီးနဲ့ ခရီးသည် ခြောက်ထောင်ကျော် ခရီးသွားခဲ့ပါတယ်။

ဒဂုံဧရာအဝေးပြေးကွင်းကတော့ ယာဉ်လိုင်း ၆၂ လိုင်းကနေ ယာဉ်အစီးရေ ၁၉၆ စီးနဲ့ ခရီးသည် ၁၉၉၄ ဦး ကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

အရင်က တစ်ရက်ကို ခရီးသည် ၁၂၀၀ဦး လောက် ပို့ဆောင်ပေးနေရာကနေ အခုတော့ သုံးရာဝန်းကျင်သာရှိတော့တဲ့အကြောင်းမြတ်မန္တလာထွန်း အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းရဲ့တာဝန်ခံ မစုငယ်က ပြောပါတယ်။

"နှစ်ခုံကိုတစ်ယောက်ထိုင်ရပေမယ့်ဈေးကိုမတင်ထားဘူးခရီးသွားကပုံမှန်ထက်နည်းကိုနည်းသွားတယ် "လို့၎င်းကဆိုပါတယ်။

ပြည်တွင်းမှာ COVID -19 ကူးစက်မှုနှုန်းမြင့်တက်ချိန်က ဒေသတစ်ခုကနေ တစ်ခုဆီ သွားလာတာကို ကန့်သတ်မှုတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဖြေလျော့ပေးလိုက်ပါပြီ။

ဒါပေမယ့် အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တစ်ဦးနဲ့ တစ်ဦး Social Distancing ရှိစေဖို့ ၊ ယာဉ်ပေါ်မတက်ခင်လက်ဆေးစေဖို့ ၊ နှာခေါင်းစည်တပ်ဆင်ထားဖို့နဲ့ အပူချိန်တိုင်းတာဖို့တွေလိုက်နာ ဖို့ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

အစိုးရရဲ့ကန့်သတ်ဖြေလျှော့မှုတွေနောက်ပိုင်းပိုများလာရင်တော့ခရီးသွားဦးရေများပြားလာနိုင်တယ်လို့ အဝေးပြေးယာဉ်လိုင်းတွေကမျှော်လင့်နေကြတာပါ။

တစ်နိုင်ငံလုံး အဝေးပြေးယာဉ်လိုင်းတွေမှာအသုံးပြုနေတဲ့ကားအစီးရေ ၂၀၀၀၀ကျော်လောက်ရှိတယ်လို့ ကညနကထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

အေဝးေျပးယာဥ္လိုင္းေတြနဲ႔ ခရီးသြားလာမႈ ငါးဆနီးပါးေလ်ာ့က်သြား

COVID - 19 ျဖစ္ပြားေနတဲ့ ကာလမွာ အေဝးေျပးယာဥ္လိုင္းေတြနဲ႔ခရီးသြားလာမႈဟာ ယခင္ကာလေတြကထက္ ငါးဆေလာက္ေလ်ာ့က်သြားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA ) ထံကသိရပါတယ္။

ကပ္ေရာဂါမျဖစ္ခင္က ေအာင္မဂၤလာအေဝးေျပးကြင္းကေန တစ္ရက္ကိုပွ်မ္းမွ် ခရီးသည္ဟာ သုံးေသာင္းေက်ာ္ေလာက္ ခရီးသြားေလ့ရွိေပမယ့္ လက္ရွိမွာေတာ့ တစ္ရက္ကိုေျခာက္ေထာင္ေက်ာ္ေလာက္ပဲ ရွိေတာ့တာပါ။

ဒါဟာ ေရာဂါကူးစက္မႈကို ကာကြယ္ထိန္းခ်ဳပ္တဲ့အေနနဲ႔ ခရီးသြားလာမႈကန႔္သတ္ထားတာေတြေၾကာင့္ ေလ်ာ့နည္းသြားတာလို႔ YRTA လက္ေအာက္မွာရွိတဲ့ ေအာင္မဂၤလာအေဝးေျပးကြင္းတာဝန္ခံ ဦးဘျမင့္ကဆိုပါတယ္။

"ေနာက္ပိုင္းေတာ့ပိုၿပီးမ်ားလာမွာ ခုလို ျဖစ္သြားတာေတာ့ မတ္လကုန္ေလာက္ကစလာတာ အခုဆိုႏွစ္လေက်ာ္သြားၿပီ မိုးတြင္နဲ႔လဲဆက္သြားတာေၾကာင့္ ခရီးသည္ကေတာ့ ဒီလိုပဲသြားရင္လဲသြားႏိုင္တယ္ မျဖစ္မေနခရီးသြားရတဲ့သူေတြေလာက္ပဲ အခုကာလကသြားရတဲ့သေဘာျဖစ္ေနတာ "

မေန႔က ဇြန္လ ၁၀ ရက္စာရင္းေတြအရ ေအာင္မဂၤလာအေဝးေျပးကြင္းကေန ယာဥ္လိုင္း ၁၉၁ လိုင္း က ယာဥ္အစီးေရ ၅၇၄ စီးနဲ႔ ခရီးသည္ ေျခာက္ေထာင္ေက်ာ္ ခရီးသြားခဲ့ပါတယ္။

ဒဂုံဧရာအေဝးေျပးကြင္းကေတာ့ ယာဥ္လိုင္း ၆၂ လိုင္းကေန ယာဥ္အစီးေရ ၁၉၆ စီးနဲ႔ ခရီးသည္ ၁၉၉၄ ဦး ကိုပို႔ေဆာင္ခဲ့တယ္လို႔သိရပါတယ္။

အရင္က တစ္ရက္ကို ခရီးသည္ ၁၂၀၀ဦး ေလာက္ ပို႔ေဆာင္ေပးေနရာကေန အခုေတာ့ သုံးရာဝန္းက်င္သာရွိေတာ့တဲ့အေၾကာင္းျမတ္မႏၲလာထြန္း အဆင့္ျမင့္ခရီးသည္ပို႔ေဆာင္ေရး ယာဥ္လိုင္းရဲ႕တာဝန္ခံ မစုငယ္က ေျပာပါတယ္။

"ႏွစ္ခုံကိုတစ္ေယာက္ထိုင္ရေပမယ့္ေစ်းကိုမတင္ထားဘူးခရီးသြားကပုံမွန္ထက္နည္းကိုနည္းသြားတယ္ "လို႔၎ကဆိုပါတယ္။

ျပည္တြင္းမွာ COVID -19 ကူးစက္မႈႏႈန္းျမင့္တက္ခ်ိန္က ေဒသတစ္ခုကေန တစ္ခုဆီ သြားလာတာကို ကန႔္သတ္မႈေတြရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေျဖေလ်ာ့ေပးလိုက္ပါၿပီ။

ဒါေပမယ့္ အေဝးေျပးယာဥ္လိုင္းေတြအေနနဲ႔ ခရီးသည္တစ္ဦးနဲ႔ တစ္ဦး Social Distancing ရွိေစဖို႔ ၊ ယာဥ္ေပၚမတက္ခင္လက္ေဆးေစဖို႔ ၊ ႏွာေခါင္းစည္တပ္ဆင္ထားဖို႔နဲ႔ အပူခ်ိန္တိုင္းတာဖို႔ေတြလိုက္နာ ဖို႔က်န္းမာေရးဝန္ႀကီးဌာနက ၫႊန္ၾကားထားပါတယ္။

အစိုးရရဲ႕ကန႔္သတ္ေျဖေလွ်ာ့မႈေတြေနာက္ပိုင္းပိုမ်ားလာရင္ေတာ့ခရီးသြားဦးေရမ်ားျပားလာႏိုင္တယ္လို႔ အေဝးေျပးယာဥ္လိုင္းေတြကေမွ်ာ္လင့္ေနၾကတာပါ။

တစ္ႏိုင္ငံလုံး အေဝးေျပးယာဥ္လိုင္းေတြမွာအသုံးျပဳေနတဲ့ကားအစီးေရ ၂၀၀၀၀ေက်ာ္ေလာက္ရွိတယ္လို႔ ကညနကထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service