မရမ်းကုန်းမြို့နယ်ကို semi lockdown ချမှတ်ထားခြင်းမှ ပယ်ဖျက်လိုက်ပြီး အင်းစိန်တစ်မြို့နယ်တည်းသာ ကျန် - Property News in Myanmar from iMyanmarHouse.com
841 Views

မရမ်းကုန်းမြို့နယ်ကို semi lockdown ချမှတ်ထားခြင်းမှ ပယ်ဖျက်လိုက်ပြီး အင်းစိန်တစ်မြို့နယ်တည်းသာ ကျန်

[Unicode]

ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်ကို မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ် အကျုံးဝင်သည့် မြို့နယ်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်၁၄ ရက် တွင် ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက် ပြန့်ပွားမှုနှင့် ရောဂါဗေဒဆိုင်ရာ အချက်အလက်များအရ ရောဂါထိန်းချုပ်မှုပိုင်းတွင် တိုးတက်မှုရှိသည်ကို တွေ့ရှိရသဖြင့် ဇွန်လ ၁၅ ရက် နံနက် ၄ နာရီကစ၍ မရမ်းကုန်းမြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

‘‘နေအိမ်မှာပဲနေဖို့ Stay at Home အစီအစဉ်ချမှတ်ထားတာကို ပယ်ဖျက်နိုင်ပြီဆိုတော့ ကျွန်တော်တို့မြို့နယ်အတွက် သတင်းကောင်းပါပဲ။ အခုလို Lockdown ချထားတာကို ပြန်ဖြုတ်ပေးတော့မှ နိုင်ငံတော်ကဖြေလျှော့ပေးထားတဲ့ လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်မှာလည်း ဖြစ်ပါတယ်’’ဟု မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ပြောသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ Stay at Home အစီအစဉ်မှာ အင်းစိန်မြို့နယ်တစ်ခုသာ ကျန်ရှိတော့သည်။

COVID-19 ရောဂါကူးစက်မှုနှင့်စပ်လျဉ်းပြီး မရမ်းမြို့နယ်တွင် အတည်ပြုလူနာ ၁၆ ဦးရှိကာ တစ်ဦးသေဆုံးခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက ယင်းမြို့နယ်ရှိ အိမ်ထောင်စု ၂၀၀ ကျော်ရှိ လူဦး ရေ ၁၆၀,၀၀၀ ကျော်ကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ရာ ပိုးတွေ့လူနာမတွေ့ရှိခဲ့ဟု ဦးထွန်းချစ်က ရှင်းပြသည်။

COVID -19 ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်သည့်အနေဖြင့် ရန်ကုန်တိုင်းက မြို့နယ် ၁၀ မြို့နယ် နှင့် စစ်ကိုင်းတိုင်းအတွင်းက တစ်မြို့နယ် စုစုပေါင်း ၁၀ မြို့နယ် ကို Stay at Home အစီအစဉ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home နေထိုင်ရေးအစီအစဉ်များချမှတ်ခဲ့ရာ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ တာမွေ၊ ဗဟန်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ တောင်ဥက္ကလာပ၊ မရမ်းကုန်းစသည့်မြို့နယ်များအပါအဝင် မြို့နယ် ၁၀ ခုကို သတ်မှတ်ခဲ့သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ်ဖြစ်သည်။

ဗဟန်း ၊တောင်ဥက္ကလာ ၊တာမွေ၊ ပန်းဘဲတန်းမြို့နယ်တို့ကို မေလ ၂၉ ရက်စပြီး Stay at Home အစီအစဉ်ကနေပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန် တိုင်းအတွင်းရှိ မြို့နယ် လေးခုနှင့် စစ်ကိုင်းတိုင်း ရှိ မြို့နယ်တစ်ခု ကို မိမိနေအိမ်တွင်သာ နေထိုင်ရန် ( Stay at Home ) သတ်မှတ်ထားချက်ကို မေလလယ်တွင်ပယ်ဖျက်ခဲ့သည်။ မြို့နယ် လေးခုမှာ မင်္ဂလာဒုံ ၊ဗိုလ်တထောင် ၊ ရွှေပြည်သာနှင့် လှိုင်သာယာ မြို့နယ်များ ဖြစ်ပြီး စစ်ကိုင်းတိုင်းမှ ကလေးမြို့နယ်တို့ဖြစ်သည်။

Semi-Lockdown သတ်မှတ်ထားသည့် မြို့နယ်များတွင် ထပ်တိုး လူနာအသစ် မတွေ့ ရှိမှု အပါအဝင် နေထိုင်သူ ပြည်သူများ၏ စည်းကမ်းလိုက်နာမှုရှိ သောကြောင့် ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန်  ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

မရမ္းကုန္းျမိဳ႕နယ္ကို semi lockdown ခ်မွတ္ထားျခင္းမွ ပယ္ဖ်က္လိုက္ၿပီး အင္းစိန္တစ္ၿမိဳ႕နယ္တည္းသာ က်န္

ရန္ကုန္ၿမိဳ႕ရွိ မရမ္းကုန္းၿမိဳ႕နယ္ကို မိမိေနအိမ္တြင္ ေနထိုင္ေရး (Stay at Home)အစီအစဥ္ အက်ဳံးဝင္သည့္ ၿမိဳ႕နယ္စာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဇြန္၁၄ ရက္ တြင္ ထုတ္ျပန္သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း COVID-19 ေရာဂါကူးစက္ ျပန႔္ပြားမႈႏွင့္ ေရာဂါေဗဒဆိုင္ရာ အခ်က္အလက္မ်ားအရ ေရာဂါထိန္းခ်ဳပ္မႈပိုင္းတြင္ တိုးတက္မႈရွိသည္ကို ေတြ႕ရွိရသျဖင့္ ဇြန္လ ၁၅ ရက္ နံနက္ ၄ နာရီကစ၍ မရမ္းကုန္းၿမိဳ႕နယ္ကို Stay at Home အစီအစဥ္မွ ပယ္ဖ်က္လိုက္သည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

‘‘ေနအိမ္မွာပဲေနဖို႔ Stay at Home အစီအစဥ္ခ်မွတ္ထားတာကို ပယ္ဖ်က္ႏိုင္ၿပီဆိုေတာ့ ကြၽန္ေတာ္တို႔ၿမိဳ႕နယ္အတြက္ သတင္းေကာင္းပါပဲ။ အခုလို Lockdown ခ်ထားတာကို ျပန္ျဖဳတ္ေပးေတာ့မွ ႏိုင္ငံေတာ္ကေျဖေလွ်ာ့ေပးထားတဲ့ လုပ္ငန္းေတြ ျပန္လည္ပတ္ႏိုင္မွာလည္း ျဖစ္ပါတယ္’’ဟု မရမ္းကုန္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးထြန္းခ်စ္က ေျပာသည္။

ထို႔ေၾကာင့္ ရန္ကုန္ၿမိဳ႕ရွိ Stay at Home အစီအစဥ္မွာ အင္းစိန္ၿမိဳ႕နယ္တစ္ခုသာ က်န္ရွိေတာ့သည္။

COVID-19 ေရာဂါကူးစက္မႈႏွင့္စပ္လ်ဥ္းၿပီး မရမ္းၿမိဳ႕နယ္တြင္ အတည္ျပဳလူနာ ၁၆ ဦးရွိကာ တစ္ဦးေသဆုံးခဲ့သည္။

ထို႔ေၾကာင့္ က်န္းမာေရးႏွင့္ အားက စားဝန္ႀကီးဌာနက ယင္းၿမိဳ႕နယ္ရွိ အိမ္ေထာင္စု ၂၀၀ ေက်ာ္ရွိ လူဦး ေရ ၁၆၀,၀၀၀ ေက်ာ္ကို က်န္းမာေရးစစ္တမ္းေကာက္ယူခဲ့ရာ ပိုးေတြ႕လူနာမေတြ႕ရွိခဲ့ဟု ဦးထြန္းခ်စ္က ရွင္းျပသည္။

COVID -19 ကူးစက္ျပန႔္ပြားတာကို ထိန္းခ်ဳပ္သည့္အေနျဖင့္ ရန္ကုန္တိုင္းက ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္ ႏွင့္ စစ္ကိုင္းတိုင္းအတြင္းက တစ္ၿမိဳ႕နယ္ စုစုေပါင္း ၁၀ ၿမိဳ႕နယ္ ကို Stay at Home အစီအစဥ္ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း Stay at Home ေနထိုင္ေရးအစီအစဥ္မ်ားခ်မွတ္ခဲ့ရာ ပန္းဘဲတန္း၊ ဗိုလ္တေထာင္၊ တာေမြ၊ ဗဟန္း၊ ေ႐ႊျပည္သာ၊ လႈိင္သာယာ၊ မဂၤလာဒုံ၊ ေတာင္ဥကၠလာပ၊ မရမ္းကုန္းစသည့္ၿမိဳ႕နယ္မ်ားအပါအဝင္ ၿမိဳ႕နယ္ ၁၀ ခုကို သတ္မွတ္ခဲ့သည္။ စစ္ကိုင္းတိုင္းက ကေလးၿမိဳ႕နယ္ျဖစ္သည္။

ဗဟန္း ၊ေတာင္ဥကၠလာ ၊တာေမြ၊ ပန္းဘဲတန္းၿမိဳ႕နယ္တို႔ကို ေမလ ၂၉ ရက္စၿပီး Stay at Home အစီအစဥ္ကေနပယ္ဖ်က္ေပးခဲ့ျခင္းျဖစ္သည္။

ရန္ကုန္ တိုင္းအတြင္းရွိ ၿမိဳ႕နယ္ ေလးခုႏွင့္ စစ္ကိုင္းတိုင္း ရွိ ၿမိဳ႕နယ္တစ္ခု ကို မိမိေနအိမ္တြင္သာ ေနထိုင္ရန္ ( Stay at Home ) သတ္မွတ္ထားခ်က္ကို ေမလလယ္တြင္ပယ္ဖ်က္ခဲ့သည္။ ၿမိဳ႕နယ္ ေလးခုမွာ မဂၤလာဒုံ ၊ဗိုလ္တေထာင္ ၊ ေ႐ႊျပည္သာႏွင့္ လႈိင္သာယာ ၿမိဳ႕နယ္မ်ား ျဖစ္ၿပီး စစ္ကိုင္းတိုင္းမွ ကေလးၿမိဳ႕နယ္တို႔ျဖစ္သည္။

Semi-Lockdown သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားတြင္ ထပ္တိုး လူနာအသစ္ မေတြ႕ ရွိမႈ အပါအဝင္ ေနထိုင္သူ ျပည္သူမ်ား၏ စည္းကမ္းလိုက္နာမႈရွိ ေသာေၾကာင့္ ပယ္ဖ်က္ခဲ့ျခင္း ျဖစ္သည္ဟု ေၾကညာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္  ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service