ငွေပေးချေသည့် စနစ်ပြောင်းလဲခြင်းကြောင့် ပြည်ပရွှေတင်ပို့မှု ရပ်ဆိုင်းနေဟုဆို - Property News in Myanmar from iMyanmarHouse.com
902 Views

ငွေပေးချေသည့် စနစ်ပြောင်းလဲခြင်းကြောင့် ပြည်ပရွှေတင်ပို့မှု ရပ်ဆိုင်းနေဟုဆို

[Unicode]

နှစ်နိုင်ငံ ဘဏ်ငွေချေစနစ်ကြောင့် ပြည်ပသို့ ရွှေတင်ပို့မှု ရပ်ဆိုင်းနေ ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ယခင်က ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ ရွှေလက်ဝတ်ရတနာများ တင်ပို့ရာတွင် လက်ငင်းငွေချေစနစ် ကျင့်သုံးခဲ့သော်လည်း ယခုအခါ နှစ်ဖက်နိုင်ငံရှိ ဘဏ်အချင်းချင်းချိတ်ဆက်ငွေချေသည့် စနစ်ကို ပြောင်းလဲ ဆောင်ရွက်နေခြင်းဖြစ်သည်။

‘အရင်က လက်ငင်းဝယ်ပြီး ပို့ကြတယ်။ အခုက ဘဏ်နဲ့ငွေချေတော့ တစ်လလောက်ကြာတယ်။ ဘဏ်စရိတ်လည်း ပေးရတယ်။ ဒါကြောင့် အခု အရောင်းအဝယ်မဖြစ်ဘူး။ ရပ်ထားတဲ့ သဘောဖြစ်နေတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။

ရွှေ ပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ၂၀၁၈ ဇန်နဝါရီတွင် ပထမဆုံးတရားဝင်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။ ရွှေလက်ဝတ် ရတနာတင်ပို့ခြင်းကို ခြောက် ကြိမ်ခန့်ဆောင်ရွက်ပြီးဖြစ်သည်ဟု ဦးမျိုးမြင့်ကပြောသည်။

ပြည်ပ ရွှေတင်ပို့မှုမရှိခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအောက် လျော့ကျနေပြီး အဝယ်မရှိကြောင်း ၎င်းကဆိုသည်။

ပြည်တွင်းရွှေဈေးသည် ဇွန် လ ၁၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၂၁၆,၅၀၀ ရှိပြီး ကမ္ဘာ့ပေါက်ဈေးသည် တစ်အောင်စလျှင် ၁,၇၂၉ ဒေါ်လာရှိနေသည်။

ဘဏ်ငွေချေစနစ်သည် ရွှေရောင်းချသည့်ပမာဏ၊ အခွန်တို့ စာရင်းမှန်ရစေရန်အတွက်ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက မှတ်ချက်ပေးသည်။ ယခင်က ရွှေတင်ပို့ခြင်းကို TC စနစ် ဖြစ်သည့် လက်ငင်းငွေချေစနစ်ကို LC စနစ်ဖြစ်သည့် ဘဏ်ဖြင့်ချိတ်ဆက် တင်ပို့ခြင်းကို ၂၀၂၀ နှစ် ဆန်းတွင် စတင်ပြောင်းလဲခဲ့သည် ဟု မြန်မာ့ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးအုန်းမြိုင်က ပြောကြားသည်။

လက်ရှိ ပြောင်းလဲလိုက်သည့် စနစ်သည် လုပ်ငန်းရှင်များအတွက် မကိုက်ကြောင်း ၎င်းက ဆိုသည်။ရွှေတင်သွင်း၊ တင်ပို့ခြင်းကို တစ်နေရာတည်းအပြီးဆောင်ရွက်ပေးမည့် (One Stop Ser-vice) စင်တာကို ၂၀၁၈ စက်တင် ဘာ ၂၄ ရက်တွင် စတင်ဖွင့်ခဲ့သည်။

One Stop Service စင်တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊ တင်သွင်းခြင်းကို စစ်ဆေးကြီး ကြပ်ဆောင်ရွက်ပြီး တစ်နေရာတည်း၌ ခွင့်ပြုပေးမည့်နေရာဖြစ်ကာ လုပ်ငန်းရှင်များထံမှ ဝန်ဆောင်ခကောက်ယူမည်ဟု ရွှေ လုပ်ငန်းရှင်အသင်းက ကြေညာသည်။

အဆိုပါလုပ်ငန်းကို မြန်မာ့ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေငြေပးေခ်သည့္ စနစ္ေျပာင္းလဲျခင္းေၾကာင့္ ျပည္ပေ႐ႊတင္ပို႔မႈ ရပ္ဆိုင္းေနဟုဆို

ႏွစ္ႏိုင္ငံ ဘဏ္ေငြေခ်စနစ္ေၾကာင့္ ျပည္ပသို႔ ေ႐ႊတင္ပို႔မႈ ရပ္ဆိုင္းေန ေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

ယခင္က ဂ်ပန္ႏွင့္ ကိုရီးယားႏိုင္ငံမ်ားသို႔ ေ႐ႊလက္ဝတ္ရတနာမ်ား တင္ပို႔ရာတြင္ လက္ငင္းေငြေခ်စနစ္ က်င့္သုံးခဲ့ေသာ္လည္း ယခုအခါ ႏွစ္ဖက္ႏိုင္ငံရွိ ဘဏ္အခ်င္းခ်င္းခ်ိတ္ဆက္ေငြေခ်သည့္ စနစ္ကို ေျပာင္းလဲ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

‘အရင္က လက္ငင္းဝယ္ၿပီး ပို႔ၾကတယ္။ အခုက ဘဏ္နဲ႔ေငြေခ်ေတာ့ တစ္လေလာက္ၾကာတယ္။ ဘဏ္စရိတ္လည္း ေပးရတယ္။ ဒါေၾကာင့္ အခု အေရာင္းအဝယ္မျဖစ္ဘူး။ ရပ္ထားတဲ့ သေဘာျဖစ္ေနတယ္’’ ဟု ဦးမ်ိဳးျမင့္က ေျပာသည္။

ေ႐ႊ ျပည္ပတင္ပို႔၊ တင္သြင္းျခင္းကို ၂၀၁၈ ဇန္နဝါရီတြင္ ပထမဆုံးတရားဝင္ခြင့္ျပဳေၾကာင္း ေၾကညာခဲ့သည္။ ေ႐ႊလက္ဝတ္ ရတနာတင္ပို႔ျခင္းကို ေျခာက္ ႀကိမ္ခန႔္ေဆာင္႐ြက္ၿပီးျဖစ္သည္ဟု ဦးမ်ိဳးျမင့္ကေျပာသည္။

ျပည္ပ ေ႐ႊတင္ပို႔မႈမရွိျခင္းေၾကာင့္ ျပည္တြင္းေ႐ႊေဈးသည္ ကမာၻ႔ေ႐ႊေဈးေအာက္ ေလ်ာ့က်ေနၿပီး အဝယ္မရွိေၾကာင္း ၎ကဆိုသည္။

ျပည္တြင္းေ႐ႊေဈးသည္ ဇြန္ လ ၁၃ ရက္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၁,၂၁၆,၅၀၀ ရွိၿပီး ကမာၻ႔ေပါက္ေဈးသည္ တစ္ေအာင္စလွ်င္ ၁,၇၂၉ ေဒၚလာရွိေနသည္။

ဘဏ္ေငြေခ်စနစ္သည္ ေ႐ႊေရာင္းခ်သည့္ပမာဏ၊ အခြန္တို႔ စာရင္းမွန္ရေစရန္အတြက္ျဖစ္သည္ဟု ေ႐ႊလုပ္ငန္းရွင္ ဦးမင္းမင္းက မွတ္ခ်က္ေပးသည္။ ယခင္က ေ႐ႊတင္ပို႔ျခင္းကို TC စနစ္ ျဖစ္သည့္ လက္ငင္းေငြေခ်စနစ္ကို LC စနစ္ျဖစ္သည့္ ဘဏ္ျဖင့္ခ်ိတ္ဆက္ တင္ပို႔ျခင္းကို ၂၀၂၀ ႏွစ္ ဆန္းတြင္ စတင္ေျပာင္းလဲခဲ့သည္ ဟု ျမန္မာ့ေ႐ႊလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအမ်ားပိုင္ကုမၸဏီ ဒါ႐ိုက္တာ ဦးအုန္းၿမိဳင္က ေျပာၾကားသည္။

လက္ရွိ ေျပာင္းလဲလိုက္သည့္ စနစ္သည္ လုပ္ငန္းရွင္မ်ားအတြက္ မကိုက္ေၾကာင္း ၎က ဆိုသည္။ေ႐ႊတင္သြင္း၊ တင္ပို႔ျခင္းကို တစ္ေနရာတည္းအၿပီးေဆာင္႐ြက္ေပးမည့္ (One Stop Ser-vice) စင္တာကို ၂၀၁၈ စက္တင္ဘာ ၂၄ ရက္တြင္ စတင္ဖြင့္ခဲ့သည္။

One Stop Service စင္တာသည္ ႏိုင္ငံအတြင္း ေ႐ႊတင္ပို႔၊ တင္သြင္းျခင္းကို စစ္ေဆးႀကီး ၾကပ္ေဆာင္႐ြက္ၿပီး တစ္ေနရာတည္း၌ ခြင့္ျပဳေပးမည့္ေနရာျဖစ္ကာ လုပ္ငန္းရွင္မ်ားထံမွ ဝန္ေဆာင္ခေကာက္ယူမည္ဟု ေ႐ႊ လုပ္ငန္းရွင္အသင္းက ေၾကညာသည္။

အဆိုပါလုပ္ငန္းကို ျမန္မာ့ေ႐ႊလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအမ်ားပိုင္ကုမၸဏီအား လုပ္ကိုင္ခြင့္ေပးခဲ့ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service