ရွာမြေဝယ်ယူခြင်းသည် လယ်ယာမြေဝယ်ယူခြင်းထက် ခိုင်မာမှုရှိ /မရှိ။ - Property Knowledge in Myanmar from iMyanmarHouse.com
8162 Views

ရွာမြေဝယ်ယူခြင်းသည် လယ်ယာမြေဝယ်ယူခြင်းထက် ခိုင်မာမှုရှိ /မရှိ။

Knowledge | Posted by Hnin Ei Khin

[Unicode]

မြို့သစ်များတွင် ရွာမြေများကို ဝယ်ယူနေထိုင်သူများပြားကြသည်။ ရွာမြေဝယ်ယူသူများသည် လယ်ယာမြေအား အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့်မရရှိပဲ အကွက်ရိုက်၍ ရောင်းချသူများထံမှ ဝယ်ယူသူများနှင့် နှိုင်းယှဉ်ပါက ပိုမိုခိုင်မာသည်ဟု ဆိုရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ရွာမြေသည် လယ်ယာမြေမဟုတ်သဖြင့် မြေဌားဂရန် လျှောက်ထားနိုင်သော ကြောင့် ဖြစ်ပါသည်။ ရွာမြေပုံစံ (၁၀၅)၊ (၁၀၆)ဟုမရှိပါ။ ရွာမြေဟူသည် ကွင်းထွက် မြေပုံပေါ်၌ အဝန်းအဝိုင်းကို ပြထားခြင်းသာဖြစ်သည့်အတွက် မြေတစ်ကွက်နှင့် အိမ်ထောင်သားစု တစ်စုချင်း၏ အလားအလာနယ်နမိတ် မပေါ်လွင်ပါ။ ထိုမြေကွက်၏ အနားလေးဘက်ကိုတိုင်းတာ၍ စကေးကြီး ပုံထုတ်ပြီး  ရေးဆွဲထားသောမြေပုံကို ရွာမြေ ပုံစံ (၁၀၅)၊ (၁၀၆)ဟုခေါ်ခြင်းဖြစ်ပါသည်။

ယခုအခါ ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးနေပြီဖြစ်၍  လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း၊ ဝန်ခံချက်လက်မှတ် ၃(က)ကို သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းထံ လျှောက်ထားရ ယူပြီး  မြေငှားဂရန်လျှောက်ထားနိုင်ပါသည်။

အချုပ်ဆိုရသော် မြေကွက်ဝယ်ရောင်း အကျိုးဆောင်များနှင့် မြေကွက်ဝယ်လိုသူများသည် တရားဝင်ပိုင်ဆိုင်မှု အထောက်အထားမဟုတ်သည့် သက်သေခံမြေပုံတည်းဟူသော မြေစာရင်းပုံစံ (၁၀၅)ကိုလည်းကောင်း၊ လယ်ယာမြေကို အခြားနည်းဖြင့်လျှောက်လွှာ ပုံစံ(၁၄)နှင့် လယ်မြေ/အခြားလယ်ယာမြေများအား အခြားနည်း အသုံးပြုခွင့်ပြုမိန့် ပုံစံ၁၅(က)နှင့် တိုင်း/ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးသောပုံစံ၁၅(ခ)များအကြောင်း ကိုလည်းကောင်း၊ သေချာစုံစမ်းစစ်ဆေးပြီးမှ အရောင်းအဝယ်ပြုလုပ်ဆောင်ရွက်စေလိုကြောင်း မြေယာနှင့်သက်ဆိုင်သော ဥပဒေဆောင်းပါး များစုစည်းမှုမှ ဖော်ပြရေးသားထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

႐ြာေျမဝယ္ယူျခင္းသည္ လယ္ယာေျမဝယ္ယူျခင္းထက္ ခိုင္မာမႈရွိ /မရွိ။

ၿမိဳ႕သစ္မ်ားတြင္ ႐ြာေျမမ်ားကို ဝယ္ယူေနထိုင္သူမ်ားျပားၾကသည္။ ႐ြာေျမဝယ္ယူသူမ်ားသည္ လယ္ယာေျမအား အျခားနည္းျဖင့္ အသုံးျပဳရန္ ခြင့္ျပဳမိန႔္မရရွိပဲ အကြက္႐ိုက္၍ ေရာင္းခ်သူမ်ားထံမွ ဝယ္ယူသူမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ပိုမိုခိုင္မာသည္ဟု ဆိုရမည္ျဖစ္သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ႐ြာေျမသည္ လယ္ယာေျမမဟုတ္သျဖင့္ ေျမဌားဂရန္ ေလွ်ာက္ထားႏိုင္ေသာ ေၾကာင့္ ျဖစ္ပါသည္။ ႐ြာေျမပုံစံ (၁၀၅)၊ (၁၀၆)ဟုမရွိပါ။ ႐ြာေျမဟူသည္ ကြင္းထြက္ ေျမပုံေပၚ၌ အဝန္းအဝိုင္းကို ျပထားျခင္းသာျဖစ္သည့္အတြက္ ေျမတစ္ကြက္ႏွင့္ အိမ္ေထာင္သားစု တစ္စုခ်င္း၏ အလားအလာနယ္နမိတ္ မေပၚလြင္ပါ။ ထိုေျမကြက္၏ အနားေလးဘက္ကိုတိုင္းတာ၍ စေကးႀကီး ပုံထုတ္ၿပီး ေရးဆြဲထားေသာေျမပုံကို ႐ြာေျမ ပုံစံ (၁၀၅)၊ (၁၀၆)ဟုေခၚျခင္းျဖစ္ပါသည္။

ယခုအခါ ေက်း႐ြာေျမမ်ားကို ေျမငွားဂရန္ထုတ္ေပးေနၿပီျဖစ္၍ လယ္ယာေျမဟူေသာ စကားရပ္တြင္ အက်ဳံးမဝင္ေၾကာင္း၊ ဝန္ခံခ်က္လက္မွတ္ ၃(က)ကို သက္ဆိုင္ရာ ဌာန/ အဖြဲ႕အစည္းထံ ေလွ်ာက္ထားရ ယူၿပီး ေျမငွားဂရန္ေလွ်ာက္ထားႏိုင္ပါသည္။

အခ်ဳပ္ဆိုရေသာ္ ေျမကြက္ဝယ္ေရာင္း အက်ိဳးေဆာင္မ်ားႏွင့္ ေျမကြက္ဝယ္လိုသူမ်ားသည္ တရားဝင္ပိုင္ဆိုင္မႈ အေထာက္အထားမဟုတ္သည့္ သက္ေသခံေျမပုံတည္းဟူေသာ ေျမစာရင္းပုံစံ (၁၀၅)ကိုလည္းေကာင္း၊ လယ္ယာေျမကို အျခားနည္းျဖင့္ေလွ်ာက္လႊာ ပုံစံ(၁၄)ႏွင့္ လယ္ေျမ/အျခားလယ္ယာေျမမ်ားအား အျခားနည္း အသုံးျပဳခြင့္ျပဳမိန႔္ ပုံစံ၁၅(က)ႏွင့္ တိုင္း/ျပည္နယ္ အစိုးရအဖြဲ႕မွ ထုတ္ေပးေသာပုံစံ၁၅(ခ)မ်ားအေၾကာင္း ကိုလည္းေကာင္း၊ ေသခ်ာစုံစမ္းစစ္ေဆးၿပီးမွ အေရာင္းအဝယ္ျပဳလုပ္ေဆာင္႐ြက္ေစလိုေၾကာင္း ေျမယာႏွင့္သက္ဆိုင္ေသာ ဥပေဒေဆာင္းပါး မ်ားစုစည္းမႈမွ ေဖာ္ျပေရးသားထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပေဒအႀကံေပး ပညာရွင္အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
ပူပြင်းတဲ့ရာသီဥတုမှာ အုန်းရေ နေ့စဉ်သောက်သုံးသင့်လား?
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
မူကက်ရှ် အမ်ဘာနီက သားဖြစ်သူ အာနန့်နှင့် ရာဒီကာတို့၏ ဒုတိယမြောက် အကြိုမင်္ဂလာပွဲအတွက် အီတလီရှိ နာမည်ကြီး ကမ်းခြေ Portofin
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အ
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ruby
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service