တိုင်းဒေသကြီး၊ပြည်နယ် ခြောက်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်ပြီဟု ဝန်ကြီးဌာနက ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
9867 Views

တိုင်းဒေသကြီး၊ပြည်နယ် ခြောက်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်ပြီဟု ဝန်ကြီးဌာနက ထုတ်ပြန်

[Unicode]

တိုင်းဒေသကြီး နှင့်ပြည်နယ် ခြောက်ခုတွင် ကိုဗစ်ရောဂါပိုးကင်းစင်သွားပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် COVID- 19 လူနာများရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်တို့အနက် ယခုအခါ တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ရောဂါပိုး ကင်းစင်သွားပြီဖြစ်သည်။

ဝန်ကြီးဌာနက နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီးစသည့် တိုင်းနှင့်ပြည်နယ် ခုနစ်ခုတွင် ရောဂါပိုးကင်းစင်သွားသည်ဟုထုတ်ပြန်ခဲ့သည်။

သို့သော် ဇွန် ၄ ရက်ညနေပိုင်းတွင် စစ်ကိုင်းတွင်းတွင် အိန္ဒိယပြန် သံဃာနှစ်ပါးတွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် စစ်ကိုင်းတိုင်းတွင် ရောဂါပိုးရှိသူ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါသံဃာနှစ်ပါးနှင့်ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက “စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီတွင် Quarantine ထားရှိသည့် အိန္ဒိယနိုင်ငံမှပြန်လာသော သံဃာတော်(၂)ပါးတွင် Covid-19 ရောဂါ ပိုးတွေ့ရှိ(Positive)ဖြစ်ပါသဖြင့် စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward သို့ပြောင်းရွေ့၍ ဆက်လက်ကုသသွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။”ဟု ထုတ်ပြန်ထားသည်။

မတ်လ ၂၃ ရက်က စတင် ဖြစ်ပွားခဲ့သော COVID-19 ရောဂါသည် လက်ရှိတွင် မြန်မာ နိုင်ငံရှိ မြို့နယ် ၃၃၀ အနက် ၅၇ မြို့နယ်တွင် ပိုးတွေ့လူနာ များရှိသည်။

ဇွန်လ ၅ ရက် နံနက် ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID- 19 လူနာ ၂၃၆ ဦးရှိပြီဖြစ်သည်။ ယင်းအနက် ခြောက်ဦးသေဆုံးခဲ့ပြီး ရောဂါပိုးကင်းစင်သွားသူမှာ ၁၄၈ ဦးရှိသည်။ အဆိုပါ ရောဂါပိုးကင်းစင်သူ ၁၄၈ ဦးအနက် ၁၃၄ ဦးကို ဆေးရုံဆင်း ခွင့်ရရှိပြီး သတ်မှတ်နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုနေသည်။

ထိုသို့ ရောဂါပိုးကင်းစင် သွားသော လူနာများပြားလာခြင်းမှာ သက်ဆိုင်ရာဆရာဝန်ကြီးများမှ လူနာအခြေအနေပေါ် မူတည်၍ ကုသမှုများပေးနိုင်ခြင်း၊ တရုတ် နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ လာရောက်၍ အတွေ့အကြုံများ မျှဝေပေးခြင်းနှင့် ကုသမှုပေးနေ သည့်ဆရာဝန်ကြီးများမှ Video Conferencing ဖြင့် ကုသမှုပိုင်းဆိုင်ရာ အချက်အလက်များကို ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ ကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုင္းေဒသႀကီး၊ျပည္နယ္ ေျခာက္ခုတြင္ ကိုဗစ္ေရာဂါပိုးကင္းစင္ၿပီဟု ဝန္ႀကီးဌာနက ထုတ္ျပန္

တိုင္းေဒသႀကီး ႏွင့္ျပည္နယ္ ေျခာက္ခုတြင္ ကိုဗစ္ေရာဂါပိုးကင္းစင္သြားၿပီျဖစ္ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနက ဇြန္လ ၄ ရက္တြင္ ထုတ္ျပန္သည္။

ျမန္မာႏိုင္ငံတြင္ COVID- 19 လူနာမ်ားရွိခဲ့ေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ ၁၄ ခုႏွင့္ ေနျပည္ေတာ္တို႔အနက္ ယခုအခါ တိုင္းႏွင့္ျပည္နယ္ ေျခာက္ခုတြင္ ေရာဂါပိုး ကင္းစင္သြားၿပီျဖစ္သည္။

ဝန္ႀကီးဌာနက ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ မြန္ျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ မေကြးတိုင္း ေဒသႀကီးစသည့္ တိုင္းႏွင့္ျပည္နယ္ ခုနစ္ခုတြင္ ေရာဂါပိုးကင္းစင္သြားသည္ဟုထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ ဇြန္ ၄ ရက္ညေနပိုင္းတြင္ စစ္ကိုင္းတြင္းတြင္ အိႏၵိယျပန္ သံဃာႏွစ္ပါးတြင္ ေရာဂါပိုးေတြ႕ရွိခဲ့သျဖင့္ စစ္ကိုင္းတိုင္းတြင္ ေရာဂါပိုးရွိသူ ျပန္လည္ေရာက္ရွိလာျခင္းျဖစ္သည္။

အဆိုပါသံဃာႏွစ္ပါးႏွင့္ပတ္သက္ၿပီး စစ္ကိုင္းၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက “စစ္ကိုင္းၿမိဳ႕၊ သီတဂူဝိပႆနာအကယ္ဒမီတြင္ Quarantine ထားရွိသည့္ အိႏၵိယႏိုင္ငံမွျပန္လာေသာ သံဃာေတာ္(၂)ပါးတြင္ Covid-19 ေရာဂါ ပိုးေတြ႕ရွိ(Positive)ျဖစ္ပါသျဖင့္ စစ္ကိုင္းၿမိဳ႕၊ ျပည္သူ႔ေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္ Isolated Ward သို႔ေျပာင္းေ႐ြ႕၍ ဆက္လက္ကုသသြားမည္ ျဖစ္ပါေၾကာင္း တင္ျပအပ္ပါသည္။”ဟု ထုတ္ျပန္ထားသည္။

မတ္လ ၂၃ ရက္က စတင္ ျဖစ္ပြားခဲ့ေသာ COVID-19 ေရာဂါသည္ လက္ရွိတြင္ ျမန္မာ ႏိုင္ငံရွိ ၿမိဳ႕နယ္ ၃၃၀ အနက္ ၅၇ ၿမိဳ႕နယ္တြင္ ပိုးေတြ႕လူနာ မ်ားရွိသည္။

ဇြန္လ ၅ ရက္ နံနက္ ၈ နာရီအထိ ျမန္မာႏိုင္ငံတြင္ COVID- 19 လူနာ ၂၃၆ ဦးရွိၿပီျဖစ္သည္။ ယင္းအနက္ ေျခာက္ဦးေသဆုံးခဲ့ၿပီး ေရာဂါပိုးကင္းစင္သြားသူမွာ ၁၄၈ ဦးရွိသည္။ အဆိုပါ ေရာဂါပိုးကင္းစင္သူ ၁၄၈ ဦးအနက္ ၁၃၄ ဦးကို ေဆး႐ုံဆင္း ခြင့္ရရွိၿပီး သတ္မွတ္ေနရာမ်ား တြင္ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈေနသည္။

ထိုသို႔ ေရာဂါပိုးကင္းစင္ သြားေသာ လူနာမ်ားျပားလာျခင္းမွာ သက္ဆိုင္ရာဆရာဝန္ႀကီးမ်ားမွ လူနာအေျခအေနေပၚ မူတည္၍ ကုသမႈမ်ားေပးႏိုင္ျခင္း၊ တ႐ုတ္ ႏိုင္ငံမွ ကြၽမ္းက်င္ပညာရွင္မ်ား လာေရာက္၍ အေတြ႕အႀကဳံမ်ား မွ်ေဝေပးျခင္းႏွင့္ ကုသမႈေပးေန သည့္ဆရာဝန္ႀကီးမ်ားမွ Video Conferencing ျဖင့္ ကုသမႈပိုင္းဆိုင္ရာ အခ်က္အလက္မ်ားကို ေဆြးေႏြးမႈမ်ား ျပဳလုပ္ျခင္းတို႔ ေၾကာင့္ျဖစ္ႏိုင္ေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service