COVID-19 ကြောင့် အစိုးရဝယ်ယူထားသည် ရဟတ်ယာဉ် မြန်မာနိုင်ငံသို့ရောက်ရှိရန် ခက်ခဲနေ - Property News in Myanmar from iMyanmarHouse.com
799 Views

COVID-19 ကြောင့် အစိုးရဝယ်ယူထားသည် ရဟတ်ယာဉ် မြန်မာနိုင်ငံသို့ရောက်ရှိရန် ခက်ခဲနေ

[Unicode]

အရပ်ဘက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဝယ်ယူထားသည့် ရဟတ်ယာဉ်သည့် COVID-19 ကြောင့် သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံသို့ရောက်ရှိရန် ကြန့် ကြာနေရသည်ဟု နိုင်ငံတော်သမ္မတရုံးကပြောသည်။

အရေးပေါ်အခြေအနေတွေ ဖြစ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းလုပ်နိုင်ဖို့အတွက် အစိုးရပိုင် ရဟတ်ယာဉ်တစီး အီတလီနိုင်ငံကနေ ဝယ်ယူထားခြင်းဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ နှစ်ဆန်းတွင် ပြောကြားထားခြင်းဖြစ်သည်။

အစိုးရဝယ်ယူထားသည့် ထိုရဟတ်ယာဉ်သည် ဧပြီလကုန်တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဟု ခန့်မှန်းထား သော်လည်း COVID-19 ကာလတွင် နိုင်ငံတကာလေကြောင်းနှင့် သင်္ဘောလိုင်းများ ပြေးဆွဲမှု ရပ်တန့်ထားသောကြောင့် ယခုလို့ ကြန့်ကြာနေခြင်းဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံးကဆိုသည်။

အစိုးရတွင် အရပ်ဘက်ရဟတ်ယာဉ် မရှိသည့် အတွက် စစ်ဘက်ရဟတ်ယာဉ်နှင့် ကုမ္ပဏီအချို့က ရဟတ်ယာဉ် များကိုသာ ငှားရမ်းအသုံးပြုနေရခြင်းဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း ခရီးစဉ်များတွင်လည်း တပ်မတော်ပိုင် ရဟတ်ယာဉ်နှင့် ကုမ္မဏီပိုင်ရဟတ်ယာဉ်များကို ငှားရမ်း အသုံးပြုခဲ့ရသည်။ ထိုရဟတ်ယာဉ်ကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများသုံးရန် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအတွက် အဓိကဖြစ်သည်ဟု သမ္မတရုံးက ဆိုထားသည်။

သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက “ကျနော်တို့ သဘာဝ ဘေးအရ အရေးပေါ် အခြေအနေတွေ ဖြစ်လာပြီပေါ့နော်၊ ချက်ချင်း Response လုပ်ရမယ့် ကိစ္စတွေရှိရင် ရဟတ်ယာဉ်နဲ့ သွားရမယ်။ ကယ်တာ ရွှေ့ထုတ်တာတွေ လုပ်ရမယ်၊ အကူညီတွေ ပေးတာတွေ လုပ်ရမယ်။ အဲ့ဒီအတွက်လည်း လိုအပ်ချက်အရ လွှတ်တော်က ခွင့်ပြုထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံတော်၏ ဘတ်ဂျတ် အခြေအနေအရ ကနဦး တစီးသာ ဝယ်ယူထားမည် ဖြစ်ပြီး ယခု ဝယ်ယူခြင်း သည်လည်း မဖြစ်မနေ လိုအပ်ချက်ကြောင့် ဝယ်ယူရခြင်း ဖြစ်သည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ထို့အတွက် အဆိုပါနိုင်ငံ့အ ကြီးအကဲများနှင့် သဘာဝဘေး အန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်း များတွင် အစိုးရအဖွဲ့ဝင်များစီး နင်းရန် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၅ တန် AW 139 ရဟတ်ယာဉ်ကို ဝယ်ယူရန် စီစဉ်ခြင်း ဖြစ်သည်။အဆိုပါ ရဟတ်ယာဉ်တွင် လူဦးရေ ၁၅ ဦးခန့် လိုက်ပါနိုင်ပြီး မလေးရှားတွင် တပ်ဆင်မည်ဖြစ်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

မလေးရှားတွင် တပ်ဆင်မှု ပြီးစီးပါက မြန်မာနိုင်ငံမှလေယာဉ် မှူးများ သွားရောက်စမ်းသပ်မောင်း နှင်မည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ် များပြီးစီးမှသာ သယ်ဆောင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ေၾကာင့္ အစိုးရဝယ္ယူထားသည္ ရဟတ္ယာဥ္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိရန္ ခက္ခဲေန

အရပ္ဘက္ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားအတြက္ ဝယ္ယူထားသည့္ ရဟတ္ယာဥ္သည့္ COVID-19 ေၾကာင့္ သတ္မွတ္ကာလအတြင္း ျမန္မာႏိုင္ငံသို႔ေရာက္ရွိရန္ ၾကန႔္ ၾကာေနရသည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးကေျပာသည္။

အေရးေပၚအေျခအေနေတြ ျဖစ္လာပါက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ခ်က္ခ်င္းလုပ္ႏိုင္ဖို႔အတြက္ အစိုးရပိုင္ ရဟတ္ယာဥ္တစီး အီတလီႏိုင္ငံကေန ဝယ္ယူထားျခင္းျဖစ္သည္ဟု ႏိုင္ငံေတာ္သမၼတ႐ုံးက ၂၀၂၀ ႏွစ္ဆန္းတြင္ ေျပာၾကားထားျခင္းျဖစ္သည္။

အစိုးရဝယ္ယူထားသည့္ ထိုရဟတ္ယာဥ္သည္ ဧၿပီလကုန္တြင္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိမည္ဟု ခန႔္မွန္းထား ေသာ္လည္း COVID-19 ကာလတြင္ ႏိုင္ငံတကာေလေၾကာင္းႏွင့္ သေဘၤာလိုင္းမ်ား ေျပးဆြဲမႈ ရပ္တန႔္ထားေသာေၾကာင့္ ယခုလို႔ ၾကန႔္ၾကာေနျခင္းျဖစ္သည္ဟု ႏိုင္ငံေတာ္ သမၼတ႐ုံးကဆိုသည္။

အစိုးရတြင္ အရပ္ဘက္ရဟတ္ယာဥ္ မရွိသည့္ အတြက္ စစ္ဘက္ရဟတ္ယာဥ္ႏွင့္ ကုမၸဏီအခ်ိဳ႕က ရဟတ္ယာဥ္ မ်ားကိုသာ ငွားရမ္းအသုံးျပဳေနရျခင္းျဖစ္သည္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၏ ျပည္တြင္း ခရီးစဥ္မ်ားတြင္လည္း တပ္မေတာ္ပိုင္ ရဟတ္ယာဥ္ႏွင့္ ကုမၼဏီပိုင္ရဟတ္ယာဥ္မ်ားကို ငွားရမ္း အသုံးျပဳခဲ့ရသည္။ ထိုရဟတ္ယာဥ္ကို ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားသုံးရန္ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနကအတြက္ အဓိကျဖစ္သည္ဟု သမၼတ႐ုံးက ဆိုထားသည္။

သမၼတ႐ုံး ၫႊန္ခ်ဳပ္ ဦးေဇာ္ေဌးက “က်ေနာ္တို႔ သဘာဝ ေဘးအရ အေရးေပၚ အေျခအေနေတြ ျဖစ္လာၿပီေပါ့ေနာ္၊ ခ်က္ခ်င္း Response လုပ္ရမယ့္ ကိစၥေတြရွိရင္ ရဟတ္ယာဥ္နဲ႔ သြားရမယ္။ ကယ္တာ ေ႐ႊ႕ထုတ္တာေတြ လုပ္ရမယ္၊ အကူညီေတြ ေပးတာေတြ လုပ္ရမယ္။ အဲ့ဒီအတြက္လည္း လိုအပ္ခ်က္အရ လႊတ္ေတာ္က ခြင့္ျပဳထားၿပီး ျဖစ္ပါတယ္”ဟု ေျပာသည္။

ႏိုင္ငံေတာ္၏ ဘတ္ဂ်တ္ အေျခအေနအရ ကနဦး တစီးသာ ဝယ္ယူထားမည္ ျဖစ္ၿပီး ယခု ဝယ္ယူျခင္း သည္လည္း မျဖစ္မေန လိုအပ္ခ်က္ေၾကာင့္ ဝယ္ယူရျခင္း ျဖစ္သည္ဟု သမၼတ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။

ထို႔အတြက္ အဆိုပါႏိုင္ငံ့အ ႀကီးအကဲမ်ားႏွင့္ သဘာဝေဘး အႏၲရာယ္ကယ္ဆယ္ေရးလုပ္ငန္း မ်ားတြင္ အစိုးရအဖြဲ႕ဝင္မ်ားစီး နင္းရန္ အေမရိကန္ေဒၚလာ ၁၄ ဒသမ ၃၅ တန္ AW 139 ရဟတ္ယာဥ္ကို ဝယ္ယူရန္ စီစဥ္ျခင္း ျဖစ္သည္။အဆိုပါ ရဟတ္ယာဥ္တြင္ လူဦးေရ ၁၅ ဦးခန႔္ လိုက္ပါႏိုင္ၿပီး မေလးရွားတြင္ တပ္ဆင္မည္ျဖစ္ကာ ထိုမွတစ္ဆင့္ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိမည္ျဖစ္သည္။

မေလးရွားတြင္ တပ္ဆင္မႈ ၿပီးစီးပါက ျမန္မာႏိုင္ငံမွေလယာဥ္ မႉးမ်ား သြားေရာက္စမ္းသပ္ေမာင္း ႏွင္မည္ျဖစ္ၿပီး ယင္းလုပ္ငန္းစဥ္ မ်ားၿပီးစီးမွသာ သယ္ေဆာင္မည္ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service