(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
1145 Views
(၄) ပတ်အတွင်း အိမ်ခြံမြေစုစုပေါင်း ၁၂၀ ကျော် ရောင်းထွက်ခဲ့သည့် iMyanmarHouse.com ၏ အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကြီး
[Unicode]
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲကို iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ Covid-19 ကာလအတွင်း (၄) ပတ်တာကျင်းပခဲ့ရာ အိမ်ခြံမြေစုစုပေါင်း (၁၂၀) ကျော်ကို အောင်မြင်စွာရောင်းချခဲ့ရကြောင်း သတင်းရရှိရသည်။
အိမ်ခြံမြေစိတ်ဝင်စားသော်လည်း Covid-19 ကြောင့် အပြင်မထွက်နိုင်သည့် မိဘပြည်သူများအတွက် Risk မရှိဘဲ ယုံကြည်စိတ်ချ လွယ်ကူစွာ ဝယ်ယူနိုင်ရန် iMyanmarHouse.com မှ ဤကဲ့သို့ ဆန်းသစ်သော ဝန်ဆောင်မှုကို ပေးခဲ့ကြောင်း သိရသည်။ အွန်လိုင်းအရောင်းစတင်မှု့ကို မေလ (၇) ရက်နေ့တွင် စတင်ခဲ့ပြီး စိတ်ဝင်စားမှု မြင့်တက်ခဲ့သည့်အတွက် ဇွန်လ (၄) ရက်နေ့အထိ (၄) ပတ်တိုင်တိုင် ကျင်းပခဲ့သည်။ ထိုကာလအတွင်း ရောင်းချမှုများ နေ့စဉ်မပြတ်ရှိခဲ့ပြီး စုစုပေါင်း အိမ်ခြံမြေ (၁၂၀) ကျော်ကို ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
"ကိုဗစ်လော့ဒေါင်းကာလအတွင်း ဈေးကွက်ရဲ့ လိုအပ်ချက်အပေါ်ဖြည့်ဆည်းတဲ့အနေနဲ့ မြန်မာပြည်မှာ ဘယ်သူ့မှမလုပ်သေးတဲ့ ယခုလို အွန်လိုင်းကနေ အိမ်ခြံမြေတွေကို ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပထမဆုံးအွန်လိုင်း အိမ်ခြံမြေ အရောင်းပြပွဲ ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းကနေ အိမ်ခြံမြေတွေ ကြည့်ရှု့လို့ရတယ်... စိတ်ဝင်စားလို့ အသေးစိတ် သိချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ အရောင်းဝန်ထမ်းညီမလေးတွေက ဖုန်းဆက်ပြီး ရှင်းပြတယ်... ဝယ်ယူမယ်ဆိုရင်လည်း အွန်လိုင်းကနေပဲ ငွေပေးချေလို့ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အွန်လိုင်းအရောင်းပွဲ စတင်အပြီး (၄) ပတ်အတွင်း ဒီလိုမျိုး အိမ်ခြံမြေ စုစုပေါင်း (၁၂၀) ကျော်... တိတိကျကျပြောရရင် (၁၂၄) ခုကို ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ iMyanmarHouse.com ကို ယုံကြည်စွာ အားပေးခဲ့တဲ့ customer များအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်" ဟု မြန်မာ့ပထမဦးဆုံး အွန်လိုင်း အိမ်ခြံမြေ အရောင်းပွဲ၏ အောင်မြင်ခဲ့မှုအပေါ် iMyanmarHouse.com ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ရှင်းလင်း ပြောကြားခဲ့သည်။
"အနာဂတ်မှာလည်း မြန်မာ့အိမ်ခြံမြေလောကအတွက် ပိုမိုကောင်းမွန်ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေ အစဉ်တစိုက်ပေးသွားဖို့ အမြဲကြိုးစားနေပါတယ်။ မြန်မာ့အိမ်ခြံမြေ Hotline 09 770 70 5000 ကိုဆက်ပြီး အိမ်ခြံမြေနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှု့မျိုးစုံကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်" ဟု ဦးနေမင်းသူမှ ဖြည့်စွက်ပြောကြားခဲ့သည်။
iMyanmarHouse.com
အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှားဝဘ်ဆိုက်
မြန်မာနိုင်ငံသားတိုင်း အိမ်ပိုင်ဆိုင်နိုင်စေရမည်
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Upcoming Property Events
From 23 Aug To 24 Aug
Mingalar Market
From 23 Aug To 24 Aug
INNO CITY
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service