COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို - Property News in Myanmar from iMyanmarHouse.com
608 Views

COVID-19 ကုစားရေးအတွက် ဟိုတယ်ကဏ္ဍတွင် ကျပ် ၁၀ ဘီလီယံထုတ်ချေးပေးထားဟုဆို

[Unicode]

COVID-19 ကုစားရေးချေးငွေ စုစုပေါင်း ကျပ် ၂၈ ဘီလီယံကို ထုတ်ချေးခဲ့ရာတွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍက ကျပ် ၁၀ ဘီလီယံကျော် ရရှိခဲ့သည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

ဇွန်လ ၁ ရက်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းက ကျင်းပသည့် COVID-19 Wave andMyanmar Tourism Todayဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုစားရေးချေးငွေကို လေးကြိမ်အထိ ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် လျှောက်လွှာများကို စိစစ်ကာ ထပ်မံထုတ်ချေးပေးရန် စီစဉ်နေသည်ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားကဏ္ဍကို ချေးငွေထုတ်ပေးရာခဲ့ရာတွင် ဟိုတယ် ၁၆၈ ခုအတွက် ကျပ် ခုနစ်ဘီလီယံကျော်၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ကုမ္ပဏီ ၁၀၇ ခု အတွက် ကျပ် တစ်ဘီလီယံကျော် နှင့် စားသောက်ဆိုင်လုပ်ငန်း ၅၈ ခုအတွက် ကျပ် တစ်ဘီလီယံ ကျော် ထုတ်ချေးခဲ့ခြင်းဖြစ်သည်။

CMP လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ SME ထုတ် ကုန်လုပ်ငန်း အစရှိသည့် ကဏ္ဍသုံးခုအနက် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းက ရရှိသည့် ကုစားရေးချေးငွေပမာဏမှာ အကောင်းဘက်သို့ရောက်ရှိနေသော်လည်း ချေးငွေချထားပေးသည့် လုပ်ငန်းစဉ်မှာ နှေးကွေးနေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အကြံပေးပုဂ္ဂိုလ် ဦးသက်လွင်တိုးက ပြောသည်။

‘‘ဝင်ငွေမရှိတဲ့အချိန် ဝန်ထမ်းလစာပေးဖို့ ဧပြီမှာ မသိသာသေးပေမယ့် မေလမှာ အသံတွေ ထွက်လာပြီ။ ဇွန်လမှာ အကူအညီကမရဘူးဆိုရင် ကုမ္ပဏီတွေဘက်မှာ ခံစစ်မဟုတ်တော့ဘဲ ခွာစစ်သဘော ဖြစ်လာရတော့ မယ်’’ဟု ၎င်းက ပြောသည်။

CMP လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ SME ထုတ် ကုန်လုပ်ငန်း အစရှိသည့် ကဏ္ဍသုံးခုမှလုပ်ငန်း ၄,၂၅၈ ခုက ချေးငွေထုတ်ယူရန် လျှောက်လွှာတင်ခဲ့သည်။ COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီသည် မေလ ၂၂ ရက်အထိ လုပ်ငန်း ၇၂၆ ခုကို ချေးငွေထုတ်ယူခွင့်ပြုခဲ့သည်။

အစိုးရသည် အထက်ပါ ကဏ္ဍသုံးခုကို ချေးငွေကျပ်ဘီလီ ယံ ၁၀၀ ထုတ်ချေးပြီးသည့်နောက် ကျပ်ဘီလီယံ ၂၀၀ ထပ်မံထုတ်ပေးမည်ဟုထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

COVID-19 ကုစား​ေရးအတြက္ ဟိုတယ္က႑တြင္ က်ပ္ ၁၀ ဘီလီယံထုတ္​ေခ်း​ေပးထားဟုဆို

COVID-19 ကုစားေရးေခ်းေငြ စုစုေပါင္း က်ပ္ ၂၈ ဘီလီယံကို ထုတ္ေခ်းခဲ့ရာတြင္ ဟိုတယ္ႏွင့္ခရီးသြားက႑က က်ပ္ ၁၀ ဘီလီယံေက်ာ္ ရရွိခဲ့သည္ဟု ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦးက ေျပာသည္။

ဇြန္လ ၁ ရက္တြင္ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္း ေဈးကြက္ျမႇင့္တင္ေရးအသင္းက က်င္းပသည့္ COVID-19 Wave andMyanmar Tourism Todayေဆြးေႏြးပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကုစားေရးေခ်းေငြကို ေလးႀကိမ္အထိ ထုတ္ေပးခဲ့ၿပီး က်န္ရွိေနေသးသည့္ ေလွ်ာက္လႊာမ်ားကို စိစစ္ကာ ထပ္မံထုတ္ေခ်းေပးရန္ စီစဥ္ေနသည္ဟု ဦးေအာင္ႏိုင္ဦးက ေျပာသည္။

ဟိုတယ္ႏွင့္ ခရီးသြားက႑ကို ေခ်းေငြထုတ္ေပးရာခဲ့ရာတြင္ ဟိုတယ္ ၁၆၈ ခုအတြက္ က်ပ္ ခုနစ္ဘီလီယံေက်ာ္၊ ခရီးသြားလုပ္ငန္းႏွင့္ ဆက္စပ္ကုမၸဏီ ၁၀၇ ခု အတြက္ က်ပ္ တစ္ဘီလီယံေက်ာ္ ႏွင့္ စားေသာက္ဆိုင္လုပ္ငန္း ၅၈ ခုအတြက္ က်ပ္ တစ္ဘီလီယံ ေက်ာ္ ထုတ္ေခ်းခဲ့ျခင္းျဖစ္သည္။

CMP လုပ္ငန္း၊ ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္း၊ SME ထုတ္ ကုန္လုပ္ငန္း အစရွိသည့္ က႑သုံးခုအနက္ ဟိုတယ္ႏွင့္ ခရီး သြားလုပ္ငန္းက ရရွိသည့္ ကုစားေရးေခ်းေငြပမာဏမွာ အေကာင္းဘက္သို႔ေရာက္ရွိေနေသာ္လည္း ေခ်းေငြခ်ထားေပးသည့္ လုပ္ငန္းစဥ္မွာ ေႏွးေကြးေနဆဲျဖစ္သည္ဟု ျမန္မာႏိုင္ငံခရီးသြား လုပ္ငန္းအဖြဲ႕ခ်ဳပ္ အႀကံေပးပုဂၢိဳလ္ ဦးသက္လြင္တိုးက ေျပာသည္။

‘‘ဝင္ေငြမရွိတဲ့အခ်ိန္ ဝန္ထမ္းလစာေပးဖို႔ ဧၿပီမွာ မသိသာေသးေပမယ့္ ေမလမွာ အသံေတြ ထြက္လာၿပီ။ ဇြန္လမွာ အကူအညီကမရဘူးဆိုရင္ ကုမၸဏီေတြဘက္မွာ ခံစစ္မဟုတ္ေတာ့ဘဲ ခြာစစ္သေဘာ ျဖစ္လာရေတာ့ မယ္’’ဟု ၎က ေျပာသည္။

CMP လုပ္ငန္း၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္း၊ SME ထုတ္ ကုန္လုပ္ငန္း အစရွိသည့္ က႑သုံးခုမွလုပ္ငန္း ၄,၂၅၈ ခုက ေခ်းေငြထုတ္ယူရန္ ေလွ်ာက္လႊာတင္ခဲ့သည္။ COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရး လုပ္ငန္းေကာ္မတီသည္ ေမလ ၂၂ ရက္အထိ လုပ္ငန္း ၇၂၆ ခုကို ေခ်းေငြထုတ္ယူခြင့္ျပဳခဲ့သည္။

အစိုးရသည္ အထက္ပါ က႑သုံးခုကို ေခ်းေငြက်ပ္ဘီလီ ယံ ၁၀၀ ထုတ္ေခ်းၿပီးသည့္ေနာက္ က်ပ္ဘီလီယံ ၂၀၀ ထပ္မံထုတ္ေပးမည္ဟုထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service