မေလအတွင်း ကုမ္ပဏီမှတ်ပုံတင်နှုန်း နှစ်ဆပြန်မြင့်တက် - Property News in Myanmar from iMyanmarHouse.com
569 Views

မေလအတွင်း ကုမ္ပဏီမှတ်ပုံတင်နှုန်း နှစ်ဆပြန်မြင့်တက်

[Unicode]

ကုမ္ပဏီမှတ်ပုံတင်မှုသည် မေလအတွင်း ဧပြီလထက် နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့်တက်လာကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမူဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြသည်။

ကုမ္ပဏီမှတ်ပုံတင်နှုန်းသည် ဧပြီလတွင် ၃၅၀ ခန့်ရှိခဲ့ပြီး ယခုမေလတွင် ၈၀၀ ခန့်အထိ ပြန်လည် မြှင့်တက်လာခြင်းဖြစ်သည်ဟု ဦးစီးဌာနကထုတ်ပြန်သည်။

သို့သော် ထိုမေလနှင့် ဧပြီသည် ကုမ္ပဏီဥပဒေအသစ်ပြဌာန်းပြီးနောက် ကုမ္ပဏီမှတ်ပုံတင်နှုန်း အနည်းဆုံးလများ အဖြစ်တည်ရှိနေဆဲဖြစ်သည်။ ၂၀၁၉ မေလနှင့် နှိုင်းယှဉ်ပါက ကုမ္ပဏီမှတ်ပုံတင်အရေအတွက် ၁၄၀၀ကျော်နှင့် နှိုင်းယှဉ်ပါက လျော့နေဆဲဖြစ်သည်။

လက်ရှိ တနိုင်ငံလုံးတွင် ကုမ္ပဏီမှတ်ပုံတင်ထားမှုသည် စုစုပေါင်း ၆၈၀၀၀ ခန့်ရှိသည်။ ၂၀၁၈ ဩဂုတ် ၁ ရက်မှစတင်ပြီး ကုမ္ပဏီဥပဒေအသစ်အရ အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီ ၆၇၉၀၀ ခန့်ကို မှတ်ပုံတင်ပေးခဲ့သည်ဟု ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

“MyCo ထူထောင်နိုင်ခဲ့ခြင်းကြောင့် ကမ္ဘာဘဏ်က နှစ်စဉ်ထုတ်ပြန်တဲ့ doing business report မှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်ခြင်းနဲ့ ပတ်သတ်လို အဆင့် ၁၅၂ ရှိခဲ့ရာက အခု Doing business reportမှ အဆင့် ၇၀ သို့ တိုးတက်လာခဲ့ပါတယ်”ဟု ဝန်ကြီးကဆိုသည်။

လစဉ် ကုမ္ပဏီအသစ် ၁၄၀၀ မှ ၁၅၀၀ ကြားမှတ်ပုံတင်ပေးနေသည်ဟု ဝန်ကြီးကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

​​ေမလအတြင္း ကုမၸဏီမွတ္ပုံတင္ႏႈန္း ႏွစ္ဆျပန္ျမင့္တက္

ကုမၸဏီမွတ္ပုံတင္မႈသည္ ေမလအတြင္း ဧၿပီလထက္ ႏႈိင္းယွဥ္ပါက ႏွစ္ဆေက်ာ္ျမင့္တက္လာေၾကာင္း ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫြန႔္ၾကားမူဦးစီးဌာနက ထုတ္ျပန္ေသာစာရင္းမ်ားတြင္ေဖာ္ျပသည္။

ကုမၸဏီမွတ္ပုံတင္ႏႈန္းသည္ ဧၿပီလတြင္ ၃၅၀ ခန႔္ရွိခဲ့ၿပီး ယခုေမလတြင္ ၈၀၀ ခန႔္အထိ ျပန္လည္ ျမႇင့္တက္လာျခင္းျဖစ္သည္ဟု ဦးစီးဌာနကထုတ္ျပန္သည္။

သို႔ေသာ္ ထိုေမလႏွင့္ ဧၿပီသည္ ကုမၸဏီဥပေဒအသစ္ျပဌာန္းၿပီးေနာက္ ကုမၸဏီမွတ္ပုံတင္ႏႈန္း အနည္းဆုံးလမ်ား အျဖစ္တည္ရွိေနဆဲျဖစ္သည္။ ၂၀၁၉ ေမလႏွင့္ ႏႈိင္းယွဥ္ပါက ကုမၸဏီမွတ္ပုံတင္အေရအတြက္ ၁၄၀၀ေက်ာ္ႏွင့္ ႏႈိင္းယွဥ္ပါက ေလ်ာ့ေနဆဲျဖစ္သည္။

လက္ရွိ တႏိုင္ငံလုံးတြင္ ကုမၸဏီမွတ္ပုံတင္ထားမႈသည္ စုစုေပါင္း ၆၈၀၀၀ ခန႔္ရွိသည္။ ၂၀၁၈ ဩဂုတ္ ၁ ရက္မွစတင္ၿပီး ကုမၸဏီဥပေဒအသစ္အရ အြန္လိုင္းစနစ္ျဖင့္ ကုမၸဏီ ၆၇၉၀၀ ခန႔္ကို မွတ္ပုံတင္ေပးခဲ့သည္ဟု ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

“MyCo ထူေထာင္ႏိုင္ခဲ့ျခင္းေၾကာင့္ ကမာၻဘဏ္က ႏွစ္စဥ္ထုတ္ျပန္တဲ့ doing business report မွာ ျမန္မာႏိုင္ငံအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြ စတင္ျခင္းနဲ႔ ပတ္သတ္လို အဆင့္ ၁၅၂ ရွိခဲ့ရာက အခု Doing business reportမွ အဆင့္ ၇၀ သို႔ တိုးတက္လာခဲ့ပါတယ္”ဟု ဝန္ႀကီးကဆိုသည္။

လစဥ္ ကုမၸဏီအသစ္ ၁၄၀၀ မွ ၁၅၀၀ ၾကားမွတ္ပုံတင္ေပးေနသည္ဟု ဝန္ႀကီးကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service