ပြည်တွင်းငွေပေးချေမှုအားလုံးအတွက် ဗဟိုဘဏ်က QR codeစနစ်တခုထူထောင်မည် - Property News in Myanmar from iMyanmarHouse.com
1844 Views

ပြည်တွင်းငွေပေးချေမှုအားလုံးအတွက် ဗဟိုဘဏ်က QR codeစနစ်တခုထူထောင်မည်

[Unicode]

ပြည်တွင်း ငွေပေးချေမှုအားလုံးကို ချိတ်ဆက်ရန် ဗဟိုဘဏ်ဦးဆောင်မှု အောက်တွင် QR ကုတ် စနစ်တစ်ခု ယခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဟု ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ် ခိုင်ရွှေဝါက ပြောသည်။

ထိုစနစ်သည် ပြည်တွင်းရှိ ငွေပေးချေမှုစနစ် အားလုံးကို အချင်းချင်း ငွေပေးချေနိုင်ရန်ဖြစ် သည်ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ပြည်တွင်းငွေပေးချေမှုအတွက် wavemoney, ok dollar, Kbpay, M pitesan,cb pay စသည့် တံဆိပ်မျိုးစုံရှိနေသည်။ သို့သော် အချင်းချင်း ချိတ်ဆက်ငွေပေးချေ၍မရပေ။

‘‘ဒီစနစ်က အဆင်ပြေရင်အများပြည်သူသုံးနေတဲ့ WAVE Money က OK Dollor ကို ပေးလို့မရတာမျိုး မဖြစ်တော့ပါဘူး’’ ဟု ၎င်းကဆိုသည်။

QRCode ငွေပေးချေမှုသည် သက်ရောက်မှုများပြီး ဈေးကွက်လိုအပ်ချက်လည်းရှိကြောင်း ဒေါ် ခိုင်ရွှေဝါက ဆိုသည်။

ထို့အတွက် ဗဟိုဘဏ်က ဘဏ်များ၊ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများနှင့် နည်းပညာဝန်ဆောင်မှုများကို ဆက်သွယ်ဆောင်ရွက်ပြီးဖြစ်သည်ဟုဆိုသည်။ ထို့အပြင် VISA, MASTER စသည့် နိုင်ငံ တကာငွေပေးချေရေးကတ်များကိုလည်း ခွင့်ပြုပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် သည် ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး QR Code ဖြင့် ငွေပေး ချေမှုများအား တစ်ပြေးညီဖြစ်စေ ရန် နိုင်ငံတကာ စံသတ်မှတ်ချက် MMQR Code Standard သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု ဗဟိုဘဏ်ကဆိုသည်။

အစိုးရ၏ COVID-19 ထိ ခိုက်မှုများအပေါ် ကုစားရေးစီမံချက်တွင် ယခုနှစ်မကုန်မီ ကုန်သည်ကြီးများက စားသုံးသူများအား မိုဘိုင်းဖြင့် ငွေပေးချေမူ ဆောင်ရွက်စေခြင်းကို ထည့်သွင်းထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏာန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

 

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပည္တြင္း​ေငြ​ေပး​ေခ်မႈအားလုံးအတြက္ ဗဟိုဘဏ္က QR codeစနစ္တခုထူ​ေထာင္မည္

ျပည္တြင္း ​​ေငြေပး​ေခ်မႈအားလုံးကို ခ်ိတ္ဆက္ရန္ ဗဟိုဘဏ္ဦးေဆာင္မႈ ေအာက္တြင္ QR ကုတ္ စနစ္တစ္ခု ယခုႏွစ္အတြင္း အေကာင္အထည္ေဖာ္သြားမည္ဟု ဗဟိုဘဏ္ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚ ခိုင္ေ႐ႊဝါက ေျပာသည္။

ထိုစနစ္သည္ ျပည္တြင္းရွိ ေငြေပးေခ်မႈစနစ္ အားလုံးကို အခ်င္းခ်င္း ေငြေပးေခ်ႏိုင္ရန္ျဖစ္ သည္ဟု ၎ကဆိုသည္။

လက္ရွိတြင္ ျပည္တြင္း​ေငြ​ေပး​ေခ်မႈအတြက္ wavemoney, ok dollar, Kbpay, M pitesan,cb pay စသည့္ တံဆိပ္မ်ိဳးစုံရွိ​ေနသည္။ သို႔​ေသာ္ အခ်င္းခ်င္း ခ်ိတ္ဆက္ေငြ​ေပး​ေခ်၍မရ​ေပ။

‘‘ဒီစနစ္က အဆင္ေျပရင္အမ်ားျပည္သူသုံးေနတဲ့ WAVE Money က OK Dollor ကို ေပးလို႔မရတာမ်ိဳး မျဖစ္ေတာ့ပါဘူး’’ ဟု ၎ကဆိုသည္။

QRCode ေငြေပးေခ်မႈသည္ သက္ေရာက္မႈမ်ားၿပီး ေဈးကြက္လိုအပ္ခ်က္လည္းရွိေၾကာင္း ေဒၚ ခိုင္ေ႐ႊဝါက ဆိုသည္။

ထို႔အတြက္ ဗဟိုဘဏ္က ဘဏ္မ်ား၊ မိုဘိုင္းေငြေၾကးဝန္ေဆာင္မႈမ်ားႏွင့္ နည္းပညာဝန္ေဆာင္မႈမ်ားကို ဆက္သြယ္ေဆာင္႐ြက္ၿပီးျဖစ္သည္ဟုဆိုသည္။ ထို႔အျပင္ VISA, MASTER စသည့္ ႏိုင္ငံ တကာေငြေပးေခ်ေရးကတ္မ်ားကိုလည္း ခြင့္ျပဳၿပီးျဖစ္သည္ဟု ၎ကဆိုသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ သည္ ေငြေပးေခ်မႈစနစ္ ဖြံ႕ၿဖိဳးတိုးတက္ေရး QR Code ျဖင့္ ေငြေပး ေခ်မႈမ်ားအား တစ္ေျပးညီျဖစ္ေစ ရန္ ႏိုင္ငံတကာ စံသတ္မွတ္ခ်က္ MMQR Code Standard သတ္မွတ္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသည္ဟု ဗဟိုဘဏ္ကဆိုသည္။

အစိုးရ၏ COVID-19 ထိ ခိုက္မႈမ်ားအေပၚ ကုစားေရးစီမံခ်က္တြင္ ယခုႏွစ္မကုန္မီ ကုန္သည္ႀကီးမ်ားက စားသုံးသူမ်ားအား မိုဘိုင္းျဖင့္ ေငြေပးေခ်မူ ေဆာင္႐ြက္ေစျခင္းကို ထည့္သြင္းထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏာန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service