နေပြည်တော်ကအိမ်ခန်းပေါင်း (၃၀၀၀) ပထမအဆင့်စီမံကိန်း ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
1450 Views

နေပြည်တော်ကအိမ်ခန်းပေါင်း (၃၀၀၀) ပထမအဆင့်စီမံကိန်း ဆောက်လုပ်မည်

[Unicode]

အိမ်ခန်းပေါင်း (၃၀၀၀) တည်ဆောက်ရေးစီမံကိန်း ပထမအဆင့်စီမံကိန်းကို မြေဧက ၆၉ ဒသမ ၅ ဧကတွင် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်း တောင်ဘက်တွင် တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများအငြိမ်းစားယူသည့်အချိန်တွင် စိတ်ချမ်းသာစွာ အမှန်တကယ်နေထိုင်နိုင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်သည်။

အိမ်ခန်းတစ်ခန်းလျှင် စတုရန်းပေ ၆၅၀ ဖြင့် အိမ်ခန်း ၂ ခန်း၊ ဧည့်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်း များပါဝင်ပြီး ရိုးရိုးလှေကား၊ အရေးပေါ်ထွက်ပေါက်လှေကားများနှင့် သံကူကွန်ကရစ်(၄)ထပ် အဆောက်အဦစုစုပေါင်း (၁၈၉)လုံး ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသော အငြိမ်းစားဝန်ထမ်းများအနေဖြင့် အိမ်ခန်းတန်ဖိုး၏ ပထမအရစ်ကျ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းကို ကနဦးပေးသွင်းရမည်ဖြစ်ပြီး ကျန်ငွေကို အရစ်ကျငွေပေးသွင်း ရောင်းချသွားရန် လျာထားကြောင်း သိရသည်။

အိမ်ခန်း ၃၀၀၀ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် အဆောက်အဦဒီဇိုင်းပုံစံကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အဆိုပြုရေးဆွဲထားသော အဆောက်အဦဗိသုကာပုံစံဖြစ်ပြီး အဆောက်အဦအရည်အသွေးကောင်းမွန်စေရေး စစ်ဆေးရန်အတွက် ပြင်ပ third party QA/ QC အဖွဲ့များ ငှားရမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ်နှင့် လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့ကို လုပ်ငန်းအပ်နှံတည်ဆောက်မည်ဖြစ်ပြီး အသင်း(၂)သင်း၏ စီမံခန့်ခွဲမှုဖြင့် စီမံကိန်းစတင်ချိန်မှ (၁)နှစ်အတွင်း လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းသိရသည်။

အိမ်ခန်း ၃၀၀၀ တည်ဆောက်ရေးစီမံကိန်း တည်ဆောက်နိုင်ရန် ပန္နက်တင်မင်္ဂလာကို မတ်လ ၂၁ ရက် နံနက် ၉ နာရီခွဲအချန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္ကအိမ္ခန္းေပါင္း (၃၀၀၀) ပထမအဆင့္စီမံကိန္း ေဆာက္လုပ္မည္

အိမ္ခန္းေပါင္း (၃၀၀၀) တည္ေဆာက္ေရးစီမံကိန္း ပထမအဆင့္စီမံကိန္းကို ေျမဧက ၆၉ ဒသမ ၅ ဧကတြင္ ေဆာက္လုပ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းကို ေနျပည္ေတာ္ဇမၺဴသီရိၿမိဳ႕နယ္၊ ဉာဏသိဒၶိရပ္ကြက္ ပ်ဥ္းမနား-ေတာင္ညိဳလမ္း ေတာင္ဘက္တြင္ တည္ေဆာက္မည္ျဖစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းမ်ားအၿငိမ္းစားယူသည့္အခ်ိန္တြင္ စိတ္ခ်မ္းသာစြာ အမွန္တကယ္ေနထိုင္ႏိုင္ရန္ ရည္႐ြယ္ေဆာက္လုပ္ျခင္းျဖစ္သည္။

အိမ္ခန္းတစ္ခန္းလွ်င္ စတုရန္းေပ ၆၅၀ ျဖင့္ အိမ္ခန္း ၂ ခန္း၊ ဧည့္ခန္း၊ မီးဖိုခန္း၊ ေရခ်ိဳးခန္း၊ သန႔္စင္ခန္း မ်ားပါဝင္ၿပီး ႐ိုး႐ိုးေလွကား၊ အေရးေပၚထြက္ေပါက္ေလွကားမ်ားႏွင့္ သံကူကြန္ကရစ္(၄)ထပ္ အေဆာက္အဦစုစုေပါင္း (၁၈၉)လုံး ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဝယ္ယူလိုေသာ အၿငိမ္းစားဝန္ထမ္းမ်ားအေနျဖင့္ အိမ္ခန္းတန္ဖိုး၏ ပထမအရစ္က် ၂၀ ရာခိုင္ႏႈန္း သို႔မဟုတ္ ၃၀ ရာခိုင္ႏႈန္းကို ကနဦးေပးသြင္းရမည္ျဖစ္ၿပီး က်န္ေငြကို အရစ္က်ေငြေပးသြင္း ေရာင္းခ်သြားရန္ လ်ာထားေၾကာင္း သိရသည္။

အိမ္ခန္း ၃၀၀၀ တည္ေဆာက္ေရးစီမံကိန္း ေဆာင္႐ြက္ရန္အတြက္ အေဆာက္အဦဒီဇိုင္းပုံစံကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာန၊ ၿမိဳ႕႐ြာႏွင့္အိုးအိမ္ဖြံ႕ၿဖိဳးေရးဦးစီးဌာန အဆိုျပဳေရးဆြဲထားေသာ အေဆာက္အဦဗိသုကာပုံစံျဖစ္ၿပီး အေဆာက္အဦအရည္အေသြးေကာင္းမြန္ေစေရး စစ္ေဆးရန္အတြက္ ျပင္ပ third party QA/ QC အဖြဲ႕မ်ား ငွားရမ္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ႏွင့္ လိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္တို႔ကို လုပ္ငန္းအပ္ႏွံတည္ေဆာက္မည္ျဖစ္ၿပီး အသင္း(၂)သင္း၏ စီမံခန႔္ခြဲမႈျဖင့္ စီမံကိန္းစတင္ခ်ိန္မွ (၁)ႏွစ္အတြင္း လုပ္ငန္းမ်ား ၿပီးစီးေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းသိရသည္။

အိမ္ခန္း ၃၀၀၀ တည္ေဆာက္ေရးစီမံကိန္း တည္ေဆာက္ႏိုင္ရန္ ပႏၷက္တင္မဂၤလာကို မတ္လ ၂၁ ရက္ နံနက္ ၉ နာရီခြဲအခ်န္တြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service