မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူရှာဖွေပေးရန် စင်ကာပူအစိုးရပိုင် IA နှင့် သဘောတူလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
1666 Views

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံသူရှာဖွေပေးရန် စင်ကာပူအစိုးရပိုင် IA နှင့် သဘောတူလက်မှတ်ရေးထိုး

[Unicode]

မြန်မာအစိုးရ၏ စီမံကိန်းဘဏ်မှ အခြေခံအဆောက်အဦးများအတွက် ရင်းနှီးမြှုပ်နှံသူရှာဖွေပေးရန် စင်ကာပူအစိုးရ ပိုင် IA ကုမ္ပဏီနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနတို့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း မေ ၂၇ ရက်တွင် ထုတ်ပြန်သည်။

Infrastructure Asia -IA နှင့် စီမံ/ဘဏ္ဍာနှင့်စက်မှုဝန်ကြီးဌာနတို့သဘောတူညီမှုတွင် မြန်မာ့အစိုးရ၏ စီမံကိန်းဘဏ်ထဲမှာ ပါဝင်သည့် ဦးစားပေးစီမံကိန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ယခု လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကြောင့် မြန်မာနိုင်ငံအတွင်း စီမံကိန်းများ အကောင်အထည် ဖော်ရာမှာ အထောက်အကူပြုမှာ ဖြစ်သည်။ထိုပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲရေး စီမံကိန်းတွေနှင့် ကိုက်ညီသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု DATA အချက်အလက်များ ရရှိရေးမှာလည်း အထောက်အကူ ပြုမှာ ဖြစ်သည်။

IA က အချက် ၃ ခုဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့မှာစီမံကိန်းများ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးပိုင်း တိုးတက်ရေး၊ နည်းပညာနှင့် ဗဟုသုတမျှဝေရေး၊ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ္ဍာရေးစိုက်ထုတ်နိုင်သူများ၊ ကျွမ်းကျင် ဝန်ဆောင်မှုနှင့်နည်းပညာဆိုင်ရာ လုပ်ငန်းရှင်များကို ဆက်သွယ်ပေးရေး နှင့် သတ်မှတ်ထားသော စီမံကိန်း တစ်ခုချင်းစီ၏ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ငွေ‌ရေးကြေးရေး အကြံပေးများကို ခန့်ထားရာတွင် ကူညီပေးရန်တို့ ဖြစ်သည်။

“မြန်မာက အများပြည်သူအတွက် အခြေခံအဆောက်အဦးစီမံကိန်းတွေတိုးချဲ့ဖို့ မူဘောင်ကို အရှိန်မြင့်ပြီး ပုံစံအသစ်နဲ့ ချဉ်းကပ်လိုက်တာပါ။ ဒါကြောင့် ပုဂ္ဂလိက ကဏ္ဍအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်း အသစ်တွေရသွားတာပါ”ဟု AI အမူဆောင်ဒါရိုက်တာ Mr. Seth Tanကပြောသည်။

IA ကို စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနလက်အောက်ရှိ SMEလုပ်ငန်းများ ထောက်ပံ့ပေးမည့် Enterprise Singaporeနှင့် စင်ကာပူနိုင်ငံ၏ ငွေကြေးအာဏာပိုင်အဖွဲ့ Monetary Authority of Singapore တို့က ထူထောင်ထားခြင်းဖြစ်သည်။

၎င်းက ဒေသအတွင်း အခြေခံအဆောက်အဦးစီမံကိန်းများကို ဘဏ္ဍာငွေကြေးနှင့်ဖွံဖြိုးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။

ယခုသဘောတူညီမှုကို စင်ကာပူနိုင်ငံ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် မြန်မာနိုင်ငံက စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

စီမံကိန်းဘဏ်ဆိုသည်မှာ အစိုးရက ဦးစားပေးအကောင်အထည်ဖော်လိုသည့် စီမံကိန်း များကို တစုတဝေးတည်းဖော်ပြထားခြင်းဖြစ်သည်။

စီမံကိန်းဘဏ်တွင် ပါဝင်မည့် စီမံကိန်းသည် စီမံကိန်းအမည်၊ မဟာဗျူဟာမြောက်အရေးပါမှု၊ လုပ်ငန်းစီမံချက်၊ လျာထား စီမံကိန်းနှင့်ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူ ရန် အရင်းအမြစ်နှင့် စီမံကိန်း အကျိုးအပြစ်များပါဝင်သော လေ့လာဆန်းစစ်ချက်များ၊ စီမံကိန်း အကောင်အထည်ဖော်ရန် စုစု ပေါင်းကုန်ကျစရိတ်နှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏ တို့ ဖော်ပြထား‌သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]














Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service