ကာကွယ်ရေးအသုံးစရိတ် ကျပ် ၁၀ ဘီလီယံကျော်ကို လွှတ်တော်ဖြတ်တောက် - Property News in Myanmar from iMyanmarHouse.com
552 Views

ကာကွယ်ရေးအသုံးစရိတ် ကျပ် ၁၀ ဘီလီယံကျော်ကို လွှတ်တော်ဖြတ်တောက်

[Unicode]

ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့်စွက်ဘတ်ဂျတ်တောင်းခံမှုကို ပြည်ထောင်စုလွှတ်တော်က ကျပ် ၁၀ ဘီလီယံကျော် ဖြတ်တောက်လိုက်သည်။

ဒီချုပ်အစိုးရသက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် ကာကွယ်ရေးဘတ်ဂျတ်ကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂၀၀ နီးပါးကို ထပ်တိုးဘတ်ဂျတ် အဖြစ်တောင်းဆိုခဲ့သည်။ ၎င်းတို့အနက်မှ ကျပ် ၂၂ ဘီလီယံကို ဖြတ်တောက်ရန် မရမ်းကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမေဝင်းမြင့်က တင်ပြခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြသည့် ထပ်တိုးဘတ်ဂျတ်တွင် စက်သုံးဆီစရိတ် ၊အဆောက် အအုံထိန်းသိမ်းစရိတ်၊ပညာရှင်ငှားရမ်းခ၊ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ မြေယာကိစ္စအသုံးစရိတ် စတာတို့ ပါဝင်သည်။

ထိုသို့ဖြတ်တောက်ရန် ဒေါက်တာမေဝင်းမြင့်က မတ်လ ၂၂ ရက်က လွှတ်တော်တွင် တင်ပြခဲ့ပြီးမေလ ၂၅ ရက်တွင် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ တပ်မတော်နှင့် ဒေါက်တာမေဝင်းမြင့်တို့ သီးခြားဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးမှုအပြီးတွင် ကျပ် ၂၂ ဘီလီယံ ဖြတ်တောက်မည့်အစား ကျပ် ၁၀ ဘီလီယံကျော်ကိုသာ ဖြတ်တောက်ရန် သဘောတူခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက တပ်မတော်သားများ နေ့တွက်စရိတ်တိုးပေးခြင်း၊ ရိက္ခာနှင့် စက်သုံးဆီစရိတ်များဖြစ်သောကြောင့် မဖြတ်တောက်ရန် ပြောကြားခဲ့သည်။

စိမ်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကာကြယ္ေရးအသုံးစရိတ္ က်ပ္ ၁၀ ဘီလီယံေက်ာ္ကို လႊတ္ေတာ္ျဖတ္ေတာက္

ကာကြယ္ေရးဝန္ႀကီးဌာန၏ ျဖည့္စြက္ဘတ္ဂ်တ္ေတာင္းခံမႈကို ျပည္ေထာင္စုလႊတ္ေတာ္က က်ပ္ ၁၀ ဘီလီယံေက်ာ္ ျဖတ္ေတာက္လိုက္သည္။

ဒီခ်ဳပ္အစိုးရသက္တမ္းအတြင္း ပထမဦးဆုံးအႀကိမ္ ကာကြယ္ေရးဘတ္ဂ်တ္ကို ျဖတ္ေတာက္လိုက္ျခင္းျဖစ္သည္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြက္ ကာကြယ္ေရးဝန္ႀကီးဌာနက က်ပ္ဘီလီယံ ၂၀၀ နီးပါးကို ထပ္တိုးဘတ္ဂ်တ္ အျဖစ္ေတာင္းဆိုခဲ့သည္။ ၎တို႔အနက္မွ က်ပ္ ၂၂ ဘီလီယံကို ျဖတ္ေတာက္ရန္ မရမ္းကုန္းၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာေမဝင္းျမင့္က တင္ျပခဲ့ျခင္းျဖစ္သည္။

ကာကြယ္ေရးဝန္ႀကီးဌာနက တင္ျပသည့္ ထပ္တိုးဘတ္ဂ်တ္တြင္ စက္သုံးဆီစရိတ္ ၊အေဆာက္ အအုံထိန္းသိမ္းစရိတ္၊ပညာရွင္ငွားရမ္းခ၊ ခရီးစရိတ္၊ ေန႔တြက္စရိတ္၊ ေျမယာကိစၥအသုံးစရိတ္ စတာတို႔ ပါဝင္သည္။

ထိုသို႔ျဖတ္ေတာက္ရန္ ေဒါက္တာေမဝင္းျမင့္က မတ္လ ၂၂ ရက္က လႊတ္ေတာ္တြင္ တင္ျပခဲ့ၿပီးေမလ ၂၅ ရက္တြင္ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီ၊ တပ္မေတာ္ႏွင့္ ေဒါက္တာေမဝင္းျမင့္တို႔ သီးျခားေဆြးေႏြးခဲ့သည္။ ထိုေဆြးေႏြးမႈအၿပီးတြင္ က်ပ္ ၂၂ ဘီလီယံ ျဖတ္ေတာက္မည့္အစား က်ပ္ ၁၀ ဘီလီယံေက်ာ္ကိုသာ ျဖတ္ေတာက္ရန္ သေဘာတူခဲ့သည္။

ကာကြယ္ေရးဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္ဝင္းက တပ္မေတာ္သားမ်ား ေန႔တြက္စရိတ္တိုးေပးျခင္း၊ ရိကၡာႏွင့္ စက္သုံးဆီစရိတ္မ်ားျဖစ္ေသာေၾကာင့္ မျဖတ္ေတာက္ရန္ ေျပာၾကားခဲ့သည္။

စိမ္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service