မြန်မာတွင် ၂၀၂၁ ၌ နေရောင်ခြည်နှင့် လေစွမ်းအင်မှ လျှပ်စစ် ၈ ရာခိုင်နှုန်း ထုတ်ယူမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
725 Views

မြန်မာတွင် ၂၀၂၁ ၌ နေရောင်ခြည်နှင့် လေစွမ်းအင်မှ လျှပ်စစ် ၈ ရာခိုင်နှုန်း ထုတ်ယူမည်ဟုဆို

[Unicode]

မြန်မာနိုင်ငံသည် နေရောင်ခြည်စွမ်းအင်ပြည့်ဝသည့် နိုင်ငံဖြစ်၍ ၂၀၂၁ တွင် နိုင်ငံ၏ဓာတ်အားထုတ်လုပ်မှု ၈ ရာခိုင်နှုန်းကို နေရောင်ခြည်နှင့် လေစွမ်းအင်မှ ထုတ်လုပ်မည်ဟု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ ၂၀၂၁ တွင် ၈ ရာခိုင်နှုန်းနှင့် ၂၀၂၅ တွင် ၁၂ ရာခိုင်နှုန်းအထိ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

‘‘လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်အားပေးစက်ရုံစီမံကိန်း များကို တင်ဒါဆွဲဖို့ ဖိတ်ခေါ်နေပါ တယ်။ တိုင်းပြည်အနာဂတ်အတွက်ကောင်းမွန်တဲ့အရာပါ’’ ဟု ဦးသောင်းထွန်း၏ လူမှုကွန်ရက် Twitter တွင် ရေးသားထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက မဂ္ဂါဝပ် ၁,၀၆၀ ကို နေရောင်ခြည်သုံး ဓာတ်အားပေးစက် ရုံ ၃၀ မှ ထုတ်လုပ်ရန် မေလ ၁၈ ရက်က တင်ဒါခေါ်ယူခဲ့သည်။

ထိုစက်ရုံများကို နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတွင် ဆောက်လုပ်ရန်ဖြစ်ပြီး အနည်းဆုံးမဂ္ဂါဝပ် ၃၀ မှ ၅၀ ကြား ထုတ်လုပ်ရမည်ဖြစ်သည်။

ထိုစက်ရုံများသည် တည် ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်သည့်နှစ်မှ စတင်ပြီး နှစ် ၂၀ ကြာအောင် အစိုးရက ဓာတ်အားဝယ် ယူမည်ဟုဆိုသည်။

ထိုစက်ရုံများမှာ မကွေးတိုင်းတွင် မဂ္ဂါဝပ် ၄၀ စီထုတ်လုပ်မည့် စက်ရုံခြောက်ရုံ၊ မန္တလေးတိုင်း တွင် မဂ္ဂါဝပ် ၃၀ စီထုတ်လုပ်မည့် စက်ရုံငါးရုံ၊ ပဲခူးတိုင်းတွင် မဂ္ဂါဝပ် ၃၀ နှင့် ၄၀ ထုတ်လုပ်မည့် စက်ရုံ ခုနစ်ရုံ၊ စစ်ကိုင်းတွင် စက်ရုံလေး ရုံ၊ ရန်ကုန်တိုင်းတွင် မဂ္ဂါဝပ် ၃၀ ထုတ်လုပ်မည့် စက်ရုံတစ်ရုံ၊ နေ ပြည်တော်တွင် စက်ရုံသုံးရုံ၊ ဧရာဝတီတိုင်းတွင် စက်ရုံလေးရုံစီတို့ ဖြစ်သည်။

တစ်နိုင်ငံလုံးတွင် လျှပ်စစ် ထုတ်လုပ်မှုသည် ၃,၆၀၀ မဂ္ဂါဝပ် ခန့်ရှိသည်။ လက်ရှိတွင် ရေအား၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီး သွေးနှင့် နေရောင်ခြည်တို့မှ ထုတ်လုပ်နေသည်။ ကျောက်မီးသွေး နှင့် နေရောင်ခြည်သုံး ဓာတ်အား ပေးစက်ရုံသည် မြန်မာနိုင်ငံတွင် တစ်ခုစီရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျမန္မာတြင္ ၂၀၂၁ ၌ ​ေန​ေရာင္ျခည္ႏွင့္​ ေလစြမ္းအင္မွ လွ်ပ္စစ္ ၈ ရာခိုင္ႏႈန္း ထုတ္ယူမည္ဟုဆို

ျမန္မာႏိုင္ငံသည္ ေနေရာင္ျခည္စြမ္းအင္ျပည့္ဝသည့္ ႏိုင္ငံျဖစ္၍ ၂၀၂၁ တြင္ ႏိုင္ငံ၏ဓာတ္အားထုတ္လုပ္မႈ ၈ ရာခိုင္ႏႈန္းကို ေနေရာင္ျခည္ႏွင့္ ေလစြမ္းအင္မွ ထုတ္လုပ္မည္ဟု ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ေျပာသည္။

ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္အရင္းအျမစ္မွ ၂၀၂၁ တြင္ ၈ ရာခိုင္ႏႈန္းႏွင့္ ၂၀၂၅ တြင္ ၁၂ ရာခိုင္ႏႈန္းအထိ ထုတ္လုပ္ရန္ ရည္႐ြယ္ထားသည္ဟု ဆိုသည္။

‘‘လွ်ပ္စစ္နဲ႔ စြမ္းအင္ဝန္ႀကီးဌာနက ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္အားေပးစက္႐ုံစီမံကိန္း မ်ားကို တင္ဒါဆြဲဖို႔ ဖိတ္ေခၚေနပါ တယ္။ တိုင္းျပည္အနာဂတ္အတြက္ေကာင္းမြန္တဲ့အရာပါ’’ ဟု ဦးေသာင္းထြန္း၏ လူမႈကြန္ရက္ Twitter တြင္ ေရးသားထားသည္။

လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီး ဌာနက မဂၢါဝပ္ ၁,၀၆၀ ကို ေနေရာင္ျခည္သုံး ဓာတ္အားေပးစက္ ႐ုံ ၃၀ မွ ထုတ္လုပ္ရန္ ေမလ ၁၈ ရက္က တင္ဒါေခၚယူခဲ့သည္။

ထိုစက္႐ုံမ်ားကို ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္ေျခာက္ခုတြင္ ေဆာက္လုပ္ရန္ျဖစ္ၿပီး အနည္းဆုံးမဂၢါဝပ္ ၃၀ မွ ၅၀ ၾကား ထုတ္လုပ္ရမည္ျဖစ္သည္။

ထိုစက္႐ုံမ်ားသည္ တည္ ေဆာက္၊ လည္ပတ္၊ လႊဲေျပာင္း(BOT) စနစ္ျဖင့္ တည္ေဆာက္ရမည္ျဖစ္ၿပီး စီးပြားျဖစ္ထုတ္လုပ္သည့္ႏွစ္မွ စတင္ၿပီး ႏွစ္ ၂၀ ၾကာေအာင္ အစိုးရက ဓာတ္အားဝယ္ ယူမည္ဟုဆိုသည္။

ထိုစက္႐ုံမ်ားမွာ မေကြးတိုင္းတြင္ မဂၢါဝပ္ ၄၀ စီထုတ္လုပ္မည့္ စက္႐ုံေျခာက္႐ုံ၊ မႏၲေလးတိုင္း တြင္ မဂၢါဝပ္ ၃၀ စီထုတ္လုပ္မည့္ စက္႐ုံငါး႐ုံ၊ ပဲခူးတိုင္းတြင္ မဂၢါဝပ္ ၃၀ ႏွင့္ ၄၀ ထုတ္လုပ္မည့္ စက္႐ုံ ခုနစ္႐ုံ၊ စစ္ကိုင္းတြင္ စက္႐ုံေလး ႐ုံ၊ ရန္ကုန္တိုင္းတြင္ မဂၢါဝပ္ ၃၀ ထုတ္လုပ္မည့္ စက္႐ုံတစ္႐ုံ၊ ေန ျပည္ေတာ္တြင္ စက္႐ုံသုံး႐ုံ၊ ဧရာဝတီတိုင္းတြင္ စက္႐ုံေလး႐ုံစီတို႔ ျဖစ္သည္။

တစ္ႏိုင္ငံလုံးတြင္ လွ်ပ္စစ္ ထုတ္လုပ္မႈသည္ ၃,၆၀၀ မဂၢါဝပ္ ခန႔္ရွိသည္။ လက္ရွိတြင္ ေရအား၊ သဘာဝဓာတ္ေငြ႕၊ ေက်ာက္မီး ေသြးႏွင့္ ေနေရာင္ျခည္တို႔မွ ထုတ္လုပ္ေနသည္။ ေက်ာက္မီးေသြး ႏွင့္ ေနေရာင္ျခည္သုံး ဓာတ္အား ေပးစက္႐ုံသည္ ျမန္မာႏိုင္ငံတြင္ တစ္ခုစီရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service