အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသော အယူအဆများနှင့် မခိုက်အောင်ကာကွယ်နည်းများ - Property Knowledge in Myanmar from iMyanmarHouse.com
5964 Views

အိမ်နှင့်ပက်သက်၍ ခိုက်တတ်သည်ဆိုသော အယူအဆများနှင့် မခိုက်အောင်ကာကွယ်နည်းများ

Knowledge | Posted by Zarni Kyaw

[Unicode]

မြန်မာလူမျိုးတွေမှာ အိမ်ခြံမြေနဲ့ပက်သက်ပြီး အစွဲအလမ်းလေးတွေ ရှိပါတယ်။ လမ်းဦးတိုက် အိမ်ဦးတိုက် မနေကောင်းဘူး ခိုက်တတ်တယ်ဆိုတဲ့ အယူလေးတွေပါ။ တစ်ချို့မှာ ဒီလိုအယူတွေမရှိကြတော့ပေမဲ့ တစ်ချို့ကတော့ ဆက်လက်စောင့်ထိန်းနေဆဲပါပဲ။ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အိမ်ခြံမြေ အစွဲအလမ်းလေးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းဦးတိုက်

လမ်းကို ထိပ်တိုက် ဆောက်ထားတဲ့အိမ် ဖြစ်ပါတယ်။ ဒီလိုအိမ်မှာနေမယ်ဆိုရင် ကျားရုပ်တစ်ခုလုပ်ပြီး လမ်းဘက်ကို လှည့်ပေးထားရပါတယ်။ ဒါမှမဟုတ် အိမ်ရှေ့မှာ သောက်ရေအိုးစင် ဆောက်ပေးထားတာမျိုးလည်း ရပါတယ်။

၂။ နို့ညှပ်

ညီအစ်ကိုကြား၊ သားအဖကြား ရောက်နေတဲ့အိမ် ဖြစ်ပါတယ်။ ကိုယ်နဲ့ကပ်ရပ် ဘယ်နဲ့ညာက အိမ်ပိုင်ရှင်တွေဟာ သားအဖတွေ၊ ညီအစ်ကိုတွေ ဖြစ်နေတာပါ။ ဒီလိုမျိုးနေမိပြီဆိုရင်တော့ ထညပ်(ငါးကင်ရာမှာ သုံးတဲ့ဝါးညှပ်) ကို အိမ်ရဲ့တစ်ဖက်တစ်ချက်မှာ ထားရပါတယ်။

၃။ စေတီဦးတိုက်

ဘုရားကျောင်းကန် စေတီပုထိုးတစ်ခုခုက မိမိအိမ်ထက်နိမ့်ပြီး ဘေးနားကပ်လျက်မှာ ရှိနေတာကို ဆိုလိုပါတယ်။ တိုက်တာ အဆောက်အဦးပေါတဲ့ ရန်ကုန်လို နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီလိုနေမိရင် အနီးအနားဘုရားကျောင်းကန်တစ်ခုမှာ ကောဇောခင်းတာ၊ ကျောက်ပြားခင်းတာ၊ တံမြက်စည်းလှည်းတာတွေ လုပ်ပေးရပါတယ်။

၄။ ကြမ်းဦးတိုက်

အထပ်တစ်ခုပေါ်၊ ကြမ်းခင်းတစ်ခုပေါ်၊ အဆင့်တစ်ခုပေါ်ကို တက်လိုက်တဲ့အခါမှာ ကိုယ့်ခြေဖဝါးဟာ အဲဒီ့အထပ်မှာခင်းထားတဲ့ ကြမ်းအလျားတိုင်း ချမိနေတာကို ပြောတာပါ။ ဒီလိုမျိုးကြမ်းခင်းထားတဲ့ အဆောက်အဦးမှာ နေမိပြီဆိုရင် အဲဒီ့ကြမ်းမှာ ဖယောင်းပုဆိုး၊ ကောဇော ဒါမှမဟုတ် တစ်ခုခု ခင်းပေးရပါတယ်။

၅။ အိမ်တံစို့

မိမိအိမ်ကို အခြားအိမ်က အလယ်တည့်တည့်က ကန့်လန့်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါမျိုးဆိုရင်တော့ မိမိအိမ်ဘက်ကနေ ကန့်လန့်ဆောက်ထားတဲ့ အိမ်ကို မှန်တစ်ချပ် ထောင်ပေးထားရပါတယ်။

နေအိမ်တွင်းမှာ ခြတောင်ပို့ရှိရင် အရောင်းအဝယ်မကောင်းဘူး။ မိမိအိမ်မျက်နှာစာက အခြားအိမ်ရဲ့ နောက်ဖေးဖြစ်နေရင် မကောင်းဘူးဆိုတဲ့ အယူအဆတွေလည်း ရှိပါတယ်။ ရိုးရာအယူအဆတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။ အိမ်ခြံမြေလမ်းညွှန်မှ ကောက်နုတ်ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

 

 

[Zawgyi]

အိမ္ႏွင့္ပက္သက္၍ ခိုက္တတ္သည္ဆိုေသာ အယူအဆမ်ားႏွင့္ မခိုက္ေအာင္ကာကြယ္နည္းမ်ား

ျမန္မာလူမ်ိဳးေတြမွာ အိမ္ၿခံေျမနဲ႔ပက္သက္ၿပီး အစြဲအလမ္းေလးေတြ ရွိပါတယ္။ လမ္းဦးတိုက္ အိမ္ဦးတိုက္ မေနေကာင္းဘူး ခိုက္တတ္တယ္ဆိုတဲ့ အယူေလးေတြပါ။ တစ္ခ်ိဳ႕မွာ ဒီလိုအယူေတြမရွိၾကေတာ့ေပမဲ့ တစ္ခ်ိဳ႕ကေတာ့ ဆက္လက္ေစာင့္ထိန္းေနဆဲပါပဲ။ ျမန္မာလူမ်ိဳးေတြ ယုံၾကည္ၾကတဲ့ အိမ္ၿခံေျမ အစြဲအလမ္းေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ လမ္းဦးတိုက္

လမ္းကို ထိပ္တိုက္ ေဆာက္ထားတဲ့အိမ္ ျဖစ္ပါတယ္။ ဒီလိုအိမ္မွာေနမယ္ဆိုရင္ က်ား႐ုပ္တစ္ခုလုပ္ၿပီး လမ္းဘက္ကို လွည့္ေပးထားရပါတယ္။ ဒါမွမဟုတ္ အိမ္ေရွ႕မွာ ေသာက္ေရအိုးစင္ ေဆာက္ေပးထားတာမ်ိဳးလည္း ရပါတယ္။

၂။ ႏို႔ညႇပ္

ညီအစ္ကိုၾကား၊ သားအဖၾကား ေရာက္ေနတဲ့အိမ္ ျဖစ္ပါတယ္။ ကိုယ္နဲ႔ကပ္ရပ္ ဘယ္နဲ႔ညာက အိမ္ပိုင္ရွင္ေတြဟာ သားအဖေတြ၊ ညီအစ္ကိုေတြ ျဖစ္ေနတာပါ။ ဒီလိုမ်ိဳးေနမိၿပီဆိုရင္ေတာ့ ထညပ္(ငါးကင္ရာမွာ သုံးတဲ့ဝါးညႇပ္) ကို အိမ္ရဲ႕တစ္ဖက္တစ္ခ်က္မွာ ထားရပါတယ္။

၃။ ေစတီဦးတိုက္

ဘုရားေက်ာင္းကန္ ေစတီပုထိုးတစ္ခုခုက မိမိအိမ္ထက္နိမ့္ၿပီး ေဘးနားကပ္လ်က္မွာ ရွိေနတာကို ဆိုလိုပါတယ္။ တိုက္တာ အေဆာက္အဦးေပါတဲ့ ရန္ကုန္လို ေနရာေတြမွာ ေတြ႕ရတတ္ပါတယ္။ ဒီလိုေနမိရင္ အနီးအနားဘုရားေက်ာင္းကန္တစ္ခုမွာ ေကာေဇာခင္းတာ၊ ေက်ာက္ျပားခင္းတာ၊ တံျမက္စည္းလွည္းတာေတြ လုပ္ေပးရပါတယ္။

၄။ ၾကမ္းဦးတိုက္

အထပ္တစ္ခုေပၚ၊ ၾကမ္းခင္းတစ္ခုေပၚ၊ အဆင့္တစ္ခုေပၚကို တက္လိုက္တဲ့အခါမွာ ကိုယ့္ေျခဖဝါးဟာ အဲဒီ့အထပ္မွာခင္းထားတဲ့ ၾကမ္းအလ်ားတိုင္း ခ်မိေနတာကို ေျပာတာပါ။ ဒီလိုမ်ိဳးၾကမ္းခင္းထားတဲ့ အေဆာက္အဦးမွာ ေနမိၿပီဆိုရင္ အဲဒီ့ၾကမ္းမွာ ဖေယာင္းပုဆိုး၊ ေကာေဇာ ဒါမွမဟုတ္ တစ္ခုခု ခင္းေပးရပါတယ္။

၅။ အိမ္တံစို႔

မိမိအိမ္ကို အျခားအိမ္က အလယ္တည့္တည့္က ကန္႔လန္႔ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါမ်ိဳးဆိုရင္ေတာ့ မိမိအိမ္ဘက္ကေန ကန္႔လန္႔ေဆာက္ထားတဲ့ အိမ္ကို မွန္တစ္ခ်ပ္ ေထာင္ေပးထားရပါတယ္။

ေနအိမ္တြင္းမွာ ျခေတာင္ပို႔ရွိရင္ အေရာင္းအဝယ္မေကာင္းဘူး။ မိမိအိမ္မ်က္ႏွာစာက အျခားအိမ္ရဲ႕ ေနာက္ေဖးျဖစ္ေနရင္ မေကာင္းဘူးဆိုတဲ့ အယူအဆေတြလည္း ရွိပါတယ္။ ႐ိုးရာအယူအဆေတြကို ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးထားတာျဖစ္ပါတယ္။ အိမ္ၿခံေျမလမ္းၫႊန္မွ ေကာက္ႏုတ္ေဖာ္ျပသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

Upcoming Property Events

area-one-business-complex
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service